အစိုးရသစ်မှာ ဘတ်ဂျက်မရှိတော့တာကြောင့် ရေဘေးဒုက္ခသည်တွေကို ကူညီနိုင်မှာ မဟုတ်ဘူးလို့ ခရိုင်မှူးပြော

0
313

အစိုးရသစ်မှာ ဘတ်ဂျက်မရှိတော့တာကြောင့် ရေဘေးဒုက္ခသည်တွေကို ကူညီနိုင်မှာ မဟုတ်ဘူးလို့ ခရိုင် ဦးစီးမှူးကပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို MCN သတင်းထောက် နေမင်းခ က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ဖောင်ကူးကျေးရွာက ရေဘေးဒုက္ခရောက်ခဲ့ရတဲ့ ဒေသခံတွေက သက်ဆိုင်ရာကို သွားရောက်အကူအညီ တောင်းတဲ့အခါ ကျေးလက်ခရိုင်ဦးစီးမှူး အဲဒီလိုပြောဆိုလိုက်ပါတာပါ။

မြစ်သားမြစ်ရေကြီးပြီး မျှောပါပျက်စီးခဲ့ရတဲ့ အိမ်တွေထဲမှာ ဖောင်ကူးကျေးရွာက အိမ်ခြေ ၈၆ အိမ် ပါသွားခဲ့တာပါ။ ဒီအထဲကမှ အိမ်ခြေ ၂၇ ကို နိုင်ငံတော်က ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပြီး ကျန်ရှိတဲ့ အိမ်ခြေမျောပါသွားသူတွေကတော့ အခုအချိန်အထိ တစ်စုံတစ်ရာ အကူအညီပေးခြင်းမရှိသေးပါဘူး။

ဒီကိစ္စကို ကျေးလက်ဒေသခရိုင်ဦးစီးမှူး ဦးဇေယျာညိုကို ဒေသခံတွေက သွားရောက်မေးမြန်းခဲ့ပေမယ့် ကျေးရွာတာဝန်ခံတွေ စာရင်းပေးတဲ့အတိုင်း ထောက်ပံ့ခဲ့တာဖြစ်ပြီး ကျန်အိမ်ထောင်တွေကိုလည်း ထောက်ပံ့မယ်လို့ ပြောဆိုခဲ့တာပါ။

ဒါပေမယ့် ဒီနေ့အထိ ထောက်ပံ့မှုတစ်စုံတရာ မရတာကြောင့် ကျေးလက်ခရိုင်ဦးစီးမှူးကို ထပ်မံသွားရောက်မေးမြန်းတဲ့အခါ အစိုးရသစ်မှာ ဘတ်ဂျက်မရှိတော့တာကြောင့် ထောက်ပံ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုခဲ့တယ်လို့ ရေဘေးသင့်ဒေသက ဒေသခံတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)