ကလေးမြို့နယ်က ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေဟာ ရာသီဥတုဖောက်ပြန်မှုနဲ့ ကုမ္ပဏီတွေရဲ့ဈေးနှိမ်ဝယ်ယူမှုတွေကြောင့် အခက်အခဲဖြစ်နေ

0
324

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်က ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေဟာ ရာသီဥတုဖောက်ပြန်မှုနဲ့ ကုမ္ပဏီတွေရဲ့ဈေးနှိမ်ဝယ်ယူမှုတွေကြောင့် အခက်အခဲဖြစ်နေပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ရိုက်ကူးပြီး ဒေးနိုင်က တင်ဆက်ပေးထားပါတယ်။

ကလေးမြို့နယ် ကြံသာရွာ၊ တင်သားရွာ၊ မုတ်ထောရွာ စတဲ့ကျေးရွာတွေက ပျားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေဟာ ရာသီဥတုဖောက်ပြန်လို့ နှမ်းစိုက်ခင်းတွေ ပျက်စီးပြီး ပျားတွေအတွက် ၀တ်ရည်မရတာကြောင့် အစာအဖြစ် သကြားတွေ အစားထိုး ကျွေးမွေးနေရတာပါ။

ဒါ့အပြင် ရရှိလာတဲ့ ပျားရည်တွေကိုလည်း ကုမ္ပဏီတွေက ဈေးနှိမ်ဝယ်နေတာကြောင့် ပျားမွေးမြူရေးလုပ်ကိုင်သူတွေဟာ အရှုံးပေါ်နေတယ်လို့ ပြောပါတယ်။ အရင်နှစ်တွေက ပျားရည်အထွက်နှုန်းကောင်းပြီး တစ်ပေါင်ကို ကျပ် ၃၅၀၀ ဈေးပေါက်ခဲ့သလို ဒီနှစ်မှာတော့ ကျပ် ၁၅၀၀ လောက်သာ ရရှိနေတာဖြစ်ပါတယ်။

ကလေးဒေသမှာ ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူဦးရေ ၁၀၀ လောက်ရှိပြီး ဒီဒေသက ထွက်တဲ့ ပျားရည်တွေကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေကို အများဆုံးတင်ပို့နေတာပါ။ ဒါကြောင့် အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပျားမွေးမြူးရေးလုပ်ငန်းရှင်တွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ အဆင်ပြေတဲ့ ဖြေရှင်းနိုင်ဖို့ ပျားလုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)