ကံမျမိဳ႕နယ္ မင္းတုန္းေခ်ာင္း ေျမႏုကၽြန္း အျငင္းပြားမႈ မေျဖရွင္းေပးနိုင္ေသး (႐ုပ္/သံ)

0
851

မေကြးတိုင္းေဒသၾကီး ကံမျမိဳ႕နယ္ထဲက မင္းတုန္းေခ်ာင္းေျမႏုကၽြန္းေတြကို ပုံစံ၇ထုတ္ေပးထားတာကို ျပန္လည္စစ္ေဆးေပးဖို႕ေတာင္းဆိုထားေပးမယ့္ ေျဖရွင္းမေပးေသးေၾကာင္း ေဒသခံေတြကေျပာပါတယ္ ။ ဒီသတင္းကို MCNသတင္းေထာက္ဟန္ထူးေဇာ္ကေပးပို႕ထားပါတယ္

မေကြးတိုင္းေဒသၾကီးကံမျမိဳ႕နယ္ အုပ္ရွစ္ကုန္းေက်းရြာနဲ႕ ကရင္စုေက်းရြာေဘးက မင္းတုန္းေခ်ာင္း ေျမႏုကၽြန္း ဧက ၁၀၀ ေက်ာ္ကို ကံမျမိဳ႕နယ္လယ္ယာေျမ စီမံခန္႕ခဲြေရးႏွင့္စာရင္းအင္းဦးစီဌာနက အျခားေက်းရြာကို ၂၀၁၃ ခုနွစ္ကေန ၂၀၁၅ ခုႏွစ္အတြင္း ပုံစံ၇ေတြ ထုတ္ေပးလိုက္တာျဖစ္ပါတယ္ ။
အခုလို အဲ႔ဒီေဒသကေျမယာေတြကို ၂၀၁၂ ေျမယာဥပေဒနဲ႕ ကိုက္ညီမႈ မရွိဘဲ ပုံစံ၇ထုတ္ေပးလိုက္တာေၾကာင့္ မေကြးတိုင္း၀န္ၾကီးခ်ဳပ္ကို ၂၀၁၇ခုနွစ္က တိုင္းၾကားထားေပမယ့္ ယခုအခ်ိန္ထိ ေျပလည္ေအာင္ေျဖရွင္းမႈ႕ေတြ မရွိေသးဘူးလို႕ ေဒသခံေတြကေျပာပါတယ္ ။

Soundbite – ကိုဟန္ေဇာ္(ကရင္စုေက်းရြာ)

မင္းတုန္းေခ်ာင္းကမ္းပါးဟာ ၂၀၁၅ ခုနွစ္အထိ တျဖည္းျဖည္းေရတုိက္စားမႈေၾကာင့္ ကမ္းပါးေတြ ျပိဳက်မႈေတြျဖစ္ခဲ့ျပီး ေဒသခံေတြရဲ႕ လုပ္စားေျမေတြပါ ပါ၀င္သြားတာျဖစ္ပါတယ္ ။ ၂၀၁၆ ခုနွစ္မွာေတာ့ ေခ်ာင္းတိမ္ေကာသြားတာေၾကာင့္ အဲ့ဒီေနရာကို ျပန္လည္လုပ္ကိုင္ခ်င္က်ေပမယ့္ ေခ်ာင္းမတိမ္ေကာခင္ကတည္းက ပုံစံ၇ေတြကိုသက္ဆိုင္ရာက ထုတ္ေပးလိုက္တယ္လို႔ ေဒသခံေတြကေျပာပါတယ္ ။

Soundbite – ဦးေက်ာ္လြင္ဦး(အုပ္ရွစ္ကုန္းေက်းရြာ)

လက္ရွိအခ်ိန္မွာ အဲ႔ဒီေဒသက ေျမယာအျငင္းပြားမႈ ျပသာနာေတြကိုေတာ့ ေျပလည္ေအာင္ေျဖရွင္းမႈမရွိေသးေပမယ့္ တာ၀န္ယူထားတဲ့ အရာရွိ၀န္ထမ္း၂ဦးကိုေတာ့ ဌာနတြင္းစစ္ေဆးမႈေတြျပဳလုပ္ျပီး ျမိဳ႕နယ္ေျပာင္းေရြ႕တာေတြျပဳလုပ္ထားပါတယ္ ။

Soundbite -ဦးေဇာ္၀င္း (တိုင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စာလွယ္) ကံမျမိဳ႕မဲဆႏၵနယ္

ေျမယာအျငင္းပြားေနတဲ႔ ကိစၥနဲပတ္သက္ျပီး တိုင္းလယ္ယာေျမ စီမံခန္႕ခဲြေရးႏွင့္စာရင္းအင္းဦးစီဌာနကို ဆက္သြယ္ေမးျမန္ရာမွာေတာ့ လုပ္ငန္းေဆာင္ရြက္ေနတာေၾကာင့္ အခုအခ်ိန္မွာ မေျဖၾကားႏိုင္ေသးဘူးလို ႕ေျပာဆိုထားပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်ထဲက မင်းတုန်းချောင်းမြေနုကျွန်းတွေကို ပုံစံ၇ထုတ်ပေးထားတာကို ပြန်လည်စစ်ဆေးပေးဖို့တောင်းဆိုထားပေးမယ့် ဖြေရှင်းမပေးသေးကြောင်း ဒေသခံတွေကပြောပါတယ် ။ ဒီသတင်းကို MCNသတင်းထောက်ဟန်ထူးဇော်ကပေးပို့ထားပါတယ်

မကွေးတိုင်းဒေသကြီးကံမမြို့နယ် အုပ်ရှစ်ကုန်းကျေးရွာနဲ့ ကရင်စုကျေးရွာဘေးက မင်းတုန်းချောင်း မြေနုကျွန်း ဧက ၁၀ဝ ကျော်ကို ကံမမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီဌာနက အခြားကျေးရွာကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ပုံစံ၇တွေ ထုတ်ပေးလိုက်တာဖြစ်ပါတယ် ။
အခုလို အဲ့ဒီဒေသကမြေယာတွေကို ၂၀၁၂ မြေယာဥပဒေနဲ့ ကိုက်ညီမှု မရှိဘဲ ပုံစံ၇ထုတ်ပေးလိုက်တာကြောင့် မကွေးတိုင်းဝန်ကြီးချုပ်ကို ၂၀၁၇ခုနှစ်က တိုင်းကြားထားပေမယ့် ယခုအချိန်ထိ ပြေလည်အောင်ဖြေရှင်းမှု့တွေ မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ် ။

Soundbite – ကိုဟန်ဇော်(ကရင်စုကျေးရွာ)

မင်းတုန်းချောင်းကမ်းပါးဟာ ၂၀၁၅ ခုနှစ်အထိ တဖြည်းဖြည်းရေတိုက်စားမှုကြောင့် ကမ်းပါးတွေ ပြိုကျမှုတွေဖြစ်ခဲ့ပြီး ဒေသခံတွေရဲ့ လုပ်စားမြေတွေပါ ပါဝင်သွားတာဖြစ်ပါတယ် ။ ၂၀၁၆ ခုနှစ်မှာတော့ ချောင်းတိမ်ကောသွားတာကြောင့် အဲ့ဒီနေရာကို ပြန်လည်လုပ်ကိုင်ချင်ကျပေမယ့် ချောင်းမတိမ်ကောခင်ကတည်းက ပုံစံ၇တွေကိုသက်ဆိုင်ရာက ထုတ်ပေးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ် ။

Soundbite – ဦးကျော်လွင်ဦး(အုပ်ရှစ်ကုန်းကျေးရွာ)

လက်ရှိအချိန်မှာ အဲ့ဒီဒေသက မြေယာအငြင်းပွားမှု ပြသာနာတွေကိုတော့ ပြေလည်အောင်ဖြေရှင်းမှုမရှိသေးပေမယ့် တာဝန်ယူထားတဲ့ အရာရှိဝန်ထမ်း၂ဦးကိုတော့ ဌာနတွင်းစစ်ဆေးမှုတွေပြုလုပ်ပြီး မြို့နယ်ပြောင်းရွေ့တာတွေပြုလုပ်ထားပါတယ် ။

Soundbite -ဦးဇော်ဝင်း (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်) ကံမမြို့မဲဆန္ဒနယ်

မြေယာအငြင်းပွားနေတဲ့ ကိစ္စနဲပတ်သက်ပြီး တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီဌာနကို ဆက်သွယ်မေးမြန်ရာမှာတော့ လုပ်ငန်းဆောင်ရွက်နေတာကြောင့် အခုအချိန်မှာ မဖြေကြားနိုင်သေးဘူးလို ့ပြောဆိုထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)