ကန်ထရိုက် လယ်ယာစနစ် တောင်သူလယ်သမားတွေ အသင့်မဖြစ် (ရုပ်/သံ)

0
830







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိင်ငံတကာအဖွဲ့အစည်းတွေက ကန်ထရိုက်လယ်ယာစနစ်ကို အကောင်အထည်ဖော်ဖို့ ကမ်းလှမ်းမှုတွေရှိနေပေပမယ့် တောင်သူတွေဘက်က အဆင်သင့်မဖြစ်သေးတဲ့အတွက် လုပ်ငန်းဖော်ဆောင်ဖို့ ခက်ခဲမှုတွေရှိနေပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ် ။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပရင်းနှီးမြုပ်နှံမှုတွေအဖြစ် မွေးမြူရေးကဏ္ဍတွေမှာ လက်တွေ့ အကောင်အထည်ဖော်နေတာတွေရှိနေပါတယ် ။ ဧရာဝတီတိုင်းအတွင်းမှာ ပြည်ပရင်းနှီးမြုတ်နှံမှုအဖြစ် မွေးမြူရေးအပြင် လယ်ယာကဏ္ဍမှာပါ ရင်းနှီးမြုတ်နှံဖို့ရှိနေတာဖြစ်ပြီး ကန်ထရိုက်လယ်ယာစနစ်လုပ်ဆောင်ဖို့ တောင်သူတွေနဲ့ ညှိနိုင်းတဲ့နေရာမှာ အခက်အခဲတွေရှိနေတာပါ ။

Soundbite – ဦးစိုးအောင် (အတွင်းရေးမှူး) ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ဧရာဝတီတိုင်းဒေသကြီးမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်ဆောင်ဖို့ ကမ်းလှမ်းမှုတွေရှိနေပေမယ့် အကောင်အထည်ဖော်ဖို့အတွက် ပေါင်းစပ်ညှိနိုင်းပေးတဲ့ အဖွဲ့အစည်းတွေ လိုအပ်နေတာပါ ။

Soundbite – ဦးစိုးအောင် (အတွင်းရေးမှူး) ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ၂၀၁၈ အတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ခုခွင့်ပြုထားပြီး အဲ့ဒီရင်းနှီးမြုတ်နှံမှုတွေထဲမှာ မွေးမြူရေးနဲ့ လယ်ယာကဏ္ဍတွေ ပါဝင်တာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)