တနသၤာရီတိုင္းက သိမ္းဆည္းခံ ေျမယာကိစၥ ေျဖရွင္းေပးဖို႔ ေတာင္သူေတြ သတင္းစာရွင္း (႐ုပ္/သံ)

0
816

တနသၤာရီတိုင္းေဒသၾကီးအတြင္း သိမ္းဆည္းခံ ေျမယာေတြနဲ႔ ပတ္သက္တာေတြကို ေဒသခံေတြစုေပါင္းျပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔ပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ ေအာင္သူ ကတင္ဆက္ေပးထားပါတယ္ ။

တနသၤာရီတိုင္းေဒသၾကီး ထား၀ယ္၊ ၿမိတ္ ေကာ႔ေသာင္း စတဲ႔ၿမိဳ႕နယ္ေတြက ေတာင္သူေတြဟာ သူတို႔ေတြရဲ႕ လယ္ယာေျမေတြသိမ္းဆည္းခံထားရတာေတြကို မတ္လ (၈) ရက္ေန႔မွာ ၿမိတ္ၿမိဳ႕နယ္ ေက်ာက္ဖ်ား ေက်းရြာ ဂတ္ေတာင္ဘုန္းေတာ္ႀကီးမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔တာပါ ။
အဲ႔ဒီေဒသက ေျမယာေတြကို အရင္ စစ္အစိုးရ လက္ထက္တုန္းက သိမ္းဆည္းခဲ႔တာ ျဖစ္ၿပီး လက္ရွိအစိုးရ အေနနဲ႔ ေျမယာအေရး ေျပလည္ေအာင္ မေျဖရွင္းေပးနိုင္ေသးဘူးလို႔ ေတာင္သူေတြကေေျပာပါတယ္ ။

Soundbite – ဦးေက်ာ္သူ (တာ၀န္ခံ) ေတာင္သူလယ္သမားသမဂၢနွင့္ ေျမယာအလုပ္သမားသမဂၢ

အခုလို စုေပါင္းသတင္းစာရွင္းလင္းပြဲျပဳလုပ္ရတာက တနသၤာရီတိုင္းထဲမွာ ျဖစ္ေနတဲ႔ ေျမယာျပႆနာေတြကို တႏိုင္ငံလံုးက ျပည္သူေတြ၊ အစိုးရအဖြဲ႕၀င္ေတြနဲ႔ ျပည္ေထာင္စုအဆင္႔ အထိ သိေစခ်င္တဲ႔အတြက္ ျပဳလုပ္ရတာျဖစ္တယ္လို႔ ပြဲစီစဥ္သူေတြကေျပာပါတယ္ ။
တနသၤာရီတိုင္းအတြင္း ထား၀ယ္ေဒသမွာ သိမ္းဆည္းခံေျမ ဧက (၈၀၀၀၀) ေလာက္ရွိျပီး ေကာ႔ေသာင္းခရုိင္မွာ ဧက (၈၀၀၀၀၀) နီးပါးရွိေၾကာင္း အစိုးရက သိမ္းယူခဲ႔တဲ႔ ေျမယာေတြဟာ စီမံကိန္း အေၾကာင္းျပျပီး ႔ ဆီးအုန္းစိုက္ခင္းေတြကို အမ်ားဆံုး စိုက္ပ်ိဳးထားေၾကာင္း ေတာင္သူလယ္သမားသမဂၢမ်ားအဖြဲ႔ကေျပာပါတယ္ ။

Soundbite – ဦးမိုးသူေအာင္ (ဥကၠ႒) ျမိတ္ခရိုင္ ေတာင္သူလယ္သမားသမဂၢ

ဒီသတင္းစာရွင္းလင္းပြဲကို ထား၀ယ္ခရိုင္၊ ၿမိတ္ခရိုင္နဲ႔ ေကာ႔ေသာင္း ခရိုင္ေတြက ေတာင္သူ လယ္သမားသမဂအဖြဲ႕ေတြနဲ႔ ေဒသခံ ေတာင္သူေတြ ပူးေပါင္းျပဳလုပ္ခဲ႔တာျဖစ္ျပီး ခရိုင္သံုးခုက ေတာင္သူလယ္သမားသမဂၢအဖြဲ႕ေတြ ေတာင္သူေတြး တတ္ေရာက္ခဲ႔ၾကပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တနင်္သာရီတိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံ မြေယာတွေနဲ့ ပတ်သက်တာတွေကို ဒေသခံတွေစုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် အောင်သူ ကတင်ဆက်ပေးထားပါတယ် ။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ မြိတ် ကော့သောင်း စတဲ့မြို့နယ်တွေက တောင်သူတွေဟာ သူတို့တွေရဲ့ လယ်ယာမြေတွေသိမ်းဆည်းခံထားရတာတွေကို မတ်လ (၈) ရက်နေ့မှာ မြိတ်မြို့နယ် ကျောက်ဖျား ကျေးရွာ ဂတ်တောင်ဘုန်းတော်ကြီးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ ။
အဲ့ဒီဒေသက မြေယာတွေကို အရင် စစ်အစိုးရ လက်ထက်တုန်းက သိမ်းဆည်းခဲ့တာ ဖြစ်ပြီး လက်ရှိအစိုးရ အနေနဲ့ မြေယာအရေး ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးဘူးလို့ တောင်သူတွေကပြောပါတယ် ။

Soundbite – ဦးကျော်သူ (တာဝန်ခံ) တောင်သူလယ်သမားသမဂ္ဂနှင့် မြေယာအလုပ်သမားသမဂ္ဂ

အခုလို စုပေါင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ရတာက တနင်္သာရီတိုင်းထဲမှာ ဖြစ်နေတဲ့ မြေယာပြဿနာတွေကို တနိုင်ငံလုံးက ပြည်သူတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုအဆင့် အထိ သိစေချင်တဲ့အတွက် ပြုလုပ်ရတာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ် ။
တနင်္သာရီတိုင်းအတွင်း ထားဝယ်ဒေသမှာ သိမ်းဆည်းခံမြေ ဧက (၈၀ဝ၀ဝ) လောက်ရှိပြီး ကော့သောင်းခရိုင်မှာ ဧက (၈၀ဝ၀ဝ၀) နီးပါးရှိကြောင်း အစိုးရက သိမ်းယူခဲ့တဲ့ မြေယာတွေဟာ စီမံကိန်း အကြောင်းပြပြီး ့ ဆီးအုန်းစိုက်ခင်းတွေကို အများဆုံး စိုက်ပျိုးထားကြောင်း တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ကပြောပါတယ် ။

Soundbite – ဦးမိုးသူအောင် (ဥက္ကဋ္ဌ) မြိတ်ခရိုင် တောင်သူလယ်သမားသမဂ္ဂ

ဒီသတင်းစာရှင်းလင်းပွဲကို ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နဲ့ ကော့သောင်း ခရိုင်တွေက တောင်သူ လယ်သမားသမဂအဖွဲ့တွေနဲ့ ဒေသခံ တောင်သူတွေ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး ခရိုင်သုံးခုက တောင်သူလယ်သမားသမဂအဖွဲ့တွေ တောင်သူတွေး တတ်ရောက်ခဲ့ကြပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)