ျငိမ္းစုစီကိုျပင္ဆင္သည့္ ဥပေဒၾကမ္း ျပည္သူ႔လႊတ္ေတာ္သို႔ေရာက္ရွိ (႐ုပ္/သံ)

0
812

ျငိမ္းစုစီဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းနဲ႔ ပတ္သက္ျပီး ဥပေဒၾကမ္းေကာ္မတီရဲ႕ ေလ့လာေတြ႕ရွိခ်က္ သေဘာထားအစီရင္ခံစာကို ျပည္သူ႔လႊတ္ေတာ္မွာ တင္သြင္းလုိက္ျပီျဖစ္ပါတယ္ ။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္ သတင္းေထာက္ၿဖိဳးသက္ပိုင္ျမင့္က ေပးပုိ႔ထားပါတယ္။

ျငိမ္းခ်မ္းစြာစုေ၀းျခင္းနဲ႔ ျငိမ္းခ်မ္းစြာစီတန္းလွည့္လည္ျခင္းဆုိင္ရာ ဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို မတ္လ ၇ ရက္ေန႔က အမ်ိဳးသားလႊတ္ေတာ္မွာ အမ်ိဳးသားလႊတ္ေတာ္ဥပေဒၾကမ္းေကာ္္မတီရဲ႕ ျပင္ဆင္ခ်က္ေတြအတုိင္း အတည္ျပဳခဲ႔တာပါ ။
ဒီဥပေဒၾကမ္းကို ဒီကေန႔ မတ္လ ၉ ရက္မွာ ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းအတြင္းမွာ သေဘာထားအစီရင္ခံစာ တင္သြင္းခဲ့တာျဖစ္ပါတယ္။

Soundbite – ဦးထြန္းထြန္းဟိန္ ( ဥကၠ႒ ) ျပည္သူ႔လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီ

အမ်ိဳးသားလႊတ္ေတာ္မွာ စတင္တင္သြင္းတဲ့အခ်ိန္ထဲက ေ၀ဖန္မႈေတြ မ်ားစြာရွိေနတဲ့ ဒီဥပေဒၾကမ္းနဲ႔ ပတ္သက္ျပီး ျပည္သူ႔လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီရဲ႕ ေလ့လာေတြ႕ရွိခ်က္ဟာ စကားလံုးအနည္းငယ္သာ ျပဳျပင္ထာပါတယ္ ။ ဒီဥပေဒကို ျပင္ဆင္ရျခင္းဟာ လြတ္လပ္စြာေဖာ္ထုတ္ခြင့္၊လြတ္လပ္စြာေျပာဆုိခြင့္ေတြကို ပိတ္ပင္လုိက္တာမဟုတ္ဘူးလို႔ ျပည္သူ႔လႊတ္ေတာ္ဥပေဒ ၾကမ္းေကာ္မတီ ဥကၠ႒ ဦးထြန္းထြန္းဟိန္က ေျပာပါတယ္။

Soundbite – ဦးထြန္းထြန္းဟိန္ ( ဥကၠ႒ ) ျပည္သူ႔လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီ

ျငိမ္းခ်မ္းစြာစုေ၀းျခင္းနဲ႔ ျငိမ္းခ်မ္းစြာစီတန္းလွည့္လည္ျခင္းဆုိင္ရာ ဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို အမ်ိဳးသားလႊတ္ေတာ္အမတ္ ေဒါက္တာျမတ္ဥာဏစိုးက ျပီးခဲ့တဲ့ ေဖေဖၚ၀ါရီလအတြင္း အမ်ိဳးသားလႊတ္ေတာ္ကို တင္သြင္းခဲ့တာျဖစ္ျပီး အမ်ိဳးသားလႊတ္ေတာ္က မတ္လ ၇ ရက္ေန႔မွာ ျပင္ဆင္ခ်က္ေတြနဲ႔အတည္ျပဳထားတာပါ။

ျပည္သူ႔လႊတ္ေတာ္ကိုလည္း မတ္လ ၇ ရက္ေန႔ထဲက ေပးပို႔ထားတဲ့ ဒီဥပေဒၾကမ္းန႔ဲ ပတ္သက္ျပီး ေဆြးေႏြးလိုတဲ့ ကိုယ္စားလွယ္ေတြဟာ လာမယ့္ မတ္လ ၁၃ ရက္ေန႔ တနလၤာေန႔ကို ေနာက္ဆံုးထား အမည္စာရင္းေပးသြင္းရမွာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီရဲ့ လေ့လာတွေ့ရှိချက် သဘောထားအစီရင်ခံစာကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပြီဖြစ်ပါတယ် ။ ဒီသတင်းကိုတော့ MCN နေပြည်တော် သတင်းထောက်ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မတ်လ ၇ ရက်နေ့က အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်တွေအတိုင်း အတည်ပြုခဲ့တာပါ ။
ဒီဥပဒေကြမ်းကို ဒီကနေ့ မတ်လ ၉ ရက်မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်းမှာ သဘောထားအစီရင်ခံစာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

Soundbite – ဦးထွန်းထွန်းဟိန် ( ဥက္ကဋ္ဌ ) ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ

အမျိုးသားလွှတ်တော်မှာ စတင်တင်သွင်းတဲ့အချိန်ထဲက ဝေဖန်မှုတွေ များစွာရှိနေတဲ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်ဟာ စကားလုံးအနည်းငယ်သာ ပြုပြင်ထာပါတယ် ။ ဒီဥပဒေကို ပြင်ဆင်ရခြင်းဟာ လွတ်လပ်စွာဖော်ထုတ်ခွင့်၊လွတ်လပ်စွာပြောဆိုခွင့်တွေကို ပိတ်ပင်လိုက်တာမဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

Soundbite – ဦးထွန်းထွန်းဟိန် ( ဥက္ကဋ္ဌ ) ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း အမျိုးသားလွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပြီး အမျိုးသားလွှတ်တော်က မတ်လ ၇ ရက်နေ့မှာ ပြင်ဆင်ချက်တွေနဲ့အတည်ပြုထားတာပါ။

ပြည်သူ့လွှတ်တော်ကိုလည်း မတ်လ ၇ ရက်နေ့ထဲက ပေးပို့ထားတဲ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေဟာ လာမယ့် မတ်လ ၁၃ ရက်နေ့ တနင်္လာနေ့ကို နောက်ဆုံးထား အမည်စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)