ရခိုင္စည္ပင္၀န္ၾကီး အဆိုျပဳထားသူရဲ႕ အရည္အခ်င္း ၾကားနာဖို႔လိုဟုဆို (႐ုပ္/သံ)

0
837

ရခိုင္ျပည္နယ္ စည္ပင္သာယာေရးဝန္ႀကီးအျဖစ္ အဆိုျပဳထားသူရဲ႕အရည္အေသြးေတြကို လႊတ္ေတာ္အေနနဲ႔ ၾကားနာဆန္းစစ္မႈေတြ လုပ္ဖို႔လိုအပ္ေနတယ္လို႔ လႊတ္ေတာ္အၾကံေပးေကာ္မတီက ေျပာဆိုလိုက္ပါတယ္ ။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခို္င္ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးမင္းေအာင္ကို တာဝန္ကရပ္စဲလိုက္ၿပီးေနာက္မွာ ေတာင္ကုတ္မဲဆႏၵနယ္ေျမအမွတ္ (၁) က လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းျမင့္ကို အစားထိုးခန္႔အပ္ဖို႔အတြက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က မတ္လ ၇ ရက္ေန႔လႊတ္ေတာ္မွာ အဆိုျပဳလိုက္ပါတယ္။

အဆိုျပဳခံထားရတဲ့ဦးဝင္းျမင္႔နဲ႔ပတ္သက္လို႔ လႊတ္ေတာ္အေနနဲ႔တစ္စံုတစ္ရာ ကန္႔ကြက္လိုျခင္းမ႐ွိေပမယ့္ ျပည္သူေတြရဲ႕ လူမႈဘဝနဲ႔ တိုက္႐ိုက္ထိေတြ႔ေနရမယ့္ စည္ပင္သာယာေရးလုပ္ငန္းအေပၚ ဘယ္ေလာက္ထိ သိ႐ွိနားလည္ထားသလဲ၊ ျပည္သူေတြကိုသူ႔အေနနဲ႔ ဘယ္ေလာက္ထိ ဝန္ေဆာင္မႈေတြေပးႏုိင္မလဲ ဆိုတာနဲ႔ပတ္သက္လို႔ ခ်ျပဖို႔ လိုအပ္ေနပါတယ္ ။

Soundbite – ဦးခင္ေမာင္ႀကီး (အဖြဲ႔ဝင္) ဥပေဒေရးရာႏွင့္အျခားကိစၥရပ္မ်ားဆိုင္ရာ အႀကံေပးေကာ္မတီ

အစိုးရအဖြဲ႔ဝင္ဝန္ႀကီးေတြကို တာဝန္ေပးခန္႔အပ္တဲ့အခါမွာ သက္ဆိုင္ရာပါတီေတြရဲ႕ သေဘာထားအတိုင္း အတည္ျပဳတာ မ်ိဳးမဟုတ္ဘဲ သက္ဆိုင္ရာဝန္ႀကီးဌာနအေပၚမွာ တာဝန္ယူမည့္သူဟာ ဘယ္ေလာက္ထိထိုးထြင္းသိျမင္ႏုိင္သလဲ ဘယ္လို အေတြးအေခၚေတြ႐ွိေနလဲဆိုတာကို လႊတ္ေတာ္မွာ ၾကားနာေဆြးေႏြးၿပီးခန္႔အပ္တာက ျပည္သူအတြက္ပိုၿပီး အက်ိဳး႐ွိမွာ ျဖစ္ေၾကာင္း အႀကံေပးေကာ္မတီကေျပာပါတယ္။

Soundbite- ဦးခင္ေမာင္ႀကီး (အဖြဲ႔ဝင္) ဥပေဒေရးရာႏွင့္အျခားကိစၥရပ္မ်ားဆိုင္ရာ အႀကံေပးေကာ္မတီ

လက္႐ွိမွာေတာ့ လစ္လပ္ေနတဲ့ ရခုိင္ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီးအျဖစ္ တာဝန္ေပးခန္႔အပ္ဖို႔အတြက္ အဆိုျပဳထားသူနဲ႔ပတ္သက္လို႔ ေလ့လာမႈေတြျပဳလုပ္ႏုိင္ေအာင္ မတ္လ ၈ ရက္ေန႔က လႊတ္ေတာ္ကိုေပးပို႔ခဲ့တဲ့ ကိုယ္ေရးအခ်က္အလက္ေတြထဲမွာ တာဝန္ယူမယ့္ဝန္ႀကီးဌာနအေပၚ ဘယ္လိုေဆာင္႐ြက္ႏုိင္မယ္ဆိုတာကို ေဖာ္ျပထားျခင္းမရွိတာျဖစ္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအဖြစ် အဆိုပြုထားသူရဲ့အရည်အသွေးတွေကို လွှတ်တော်အနေနဲ့ ကြားနာဆန်းစစ်မှုတွေ လုပ်ဖို့လိုအပ်နေတယ်လို့ လွှတ်တော်အကြံပေးကော်မတီက ပြောဆိုလိုက်ပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိ်ုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်ကရပ်စဲလိုက်ပြီးနောက်မှာ တောင်ကုတ်မဲဆန္ဒနယ်မြေအမှတ် (၁) က လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို အစားထိုးခန့်အပ်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က မတ်လ ၇ ရက်နေ့လွှတ်တော်မှာ အဆိုပြုလိုက်ပါတယ်။

အဆိုပြုခံထားရတဲ့ဦးဝင်းမြင့်နဲ့ပတ်သက်လို့ လွှတ်တော်အနေနဲ့တစ်စုံတစ်ရာ ကန့်ကွက်လိုခြင်းမရှိပေမယ့် ပြည်သူတွေရဲ့ လူမှုဘဝနဲ့ တိုက်ရိုက်ထိတွေ့နေရမယ့် စည်ပင်သာယာရေးလုပ်ငန်းအပေါ် ဘယ်လောက်ထိ သိရှိနားလည်ထားသလဲ၊ ပြည်သူတွေကိုသူ့အနေနဲ့ ဘယ်လောက်ထိ ဝန်ဆောင်မှုတွေပေးနိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ ချပြဖို့ လိုအပ်နေပါတယ် ။

Soundbite – ဦးခင်မောင်ကြီး (အဖွဲ့ဝင်) ဥပဒေရေးရာနှင့်အခြားကိစ္စရပ်များဆိုင်ရာ အကြံပေးကော်မတီ

အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို တာဝန်ပေးခန့်အပ်တဲ့အခါမှာ သက်ဆိုင်ရာပါတီတွေရဲ့ သဘောထားအတိုင်း အတည်ပြုတာ မျိုးမဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနအပေါ်မှာ တာဝန်ယူမည့်သူဟာ ဘယ်လောက်ထိထိုးထွင်းသိမြင်နိုင်သလဲ ဘယ်လို အတွေးအခေါ်တွေရှိနေလဲဆိုတာကို လွှတ်တော်မှာ ကြားနာဆွေးနွေးပြီးခန့်အပ်တာက ပြည်သူအတွက်ပိုပြီး အကျိုးရှိမှာ ဖြစ်ကြောင်း အကြံပေးကော်မတီကပြောပါတယ်။

Soundbite- ဦးခင်မောင်ကြီး (အဖွဲ့ဝင်) ဥပဒေရေးရာနှင့်အခြားကိစ္စရပ်များဆိုင်ရာ အကြံပေးကော်မတီ

လက်ရှိမှာတော့ လစ်လပ်နေတဲ့ ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအဖြစ် တာဝန်ပေးခန့်အပ်ဖို့အတွက် အဆိုပြုထားသူနဲ့ပတ်သက်လို့ လေ့လာမှုတွေပြုလုပ်နိုင်အောင် မတ်လ ၈ ရက်နေ့က လွှတ်တော်ကိုပေးပို့ခဲ့တဲ့ ကိုယ်ရေးအချက်အလက်တွေထဲမှာ တာဝန်ယူမယ့်ဝန်ကြီးဌာနအပေါ် ဘယ်လိုဆောင်ရွက်နိုင်မယ်ဆိုတာကို ဖော်ပြထားခြင်းမရှိတာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)