ေဒါက္တာေအးေမာင္ကို မတရားစြပ္စြဲထားတာ လို႔သူဇနီးေျပာ (႐ုပ္/သံ)

0
984

ေဒါက္တာေအးေမာင္ကို အမႈနဲ႔မသက္ဆိုင္ဘဲ မတရားစြပ္စြဲထားတာ ျဖစ္တယ္လို႔ ေဒါက္တာေအးေမာင္ရဲ႕ ဇနီးက ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္အမ်ိဳးသားပါတီရဲ႕ အမ္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေအးေမာင္ဟာ ႏုိင္ငံေတာ္အၾကည္အညိဳ ပ်က္ေစမႈ၊ မတရားအသင္ဆက္သြယ္မႈ၊ ႏုိ္င္ငံေတာ္သစၥာေဖာက္မႈ စတဲ့ပုဒ္မ ၃ ခုနဲ႔ ရခိုင္ျပည္နယ္ထဲက တရား႐ံုး ၃ ခုမွာ တရားစြဲဆိုခံထားရပါတယ္။

အခုလိုမ်ိဳး တရားစြဲဆိုထားတဲ့ပုဒ္မေတြဟာ ေဒါက္တာေအးေမာင္နဲ႔ သက္ဆိုင္မႈမ႐ွိဘဲ ရခိုင္ျပည္သူေတြ ေထာက္ခံမႈရ႐ွိေနသူတစ္ေယာက္ျဖစ္တာေၾကာင့္ မတရားစြပ္စြဲထားျခင္းသာျဖစ္တယ္လို႔ ေဒါက္တာေအးေမာင္ရဲ႕ ဇနီးက ေျပာပါတယ္။

Soundbite – ေဒၚျမျမသက္ ေဒါက္တာေအးေမာင္ဇနီး

ဒါ့အျပင္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ကို အခုလိုမ်ိဳး ဖမ္းဆီးခ်ဳပ္ေႏွာင္ခြင့္ေပးလိုက္တာဟာလည္း လႊတ္ေတာ္အေပၚမွာ ဖိအားေပးမႈေတြ႐ွိေနလိမ့္မယ္လို႔ ျမင္ေၾကာင္းကိုလည္း ေဒၚျမျမသက္က ေျပာပါတယ္။

Soundbite- ေဒၚျမျမသက္ ေဒါက္တာေအးေမာင္ဇနီး

ေဒါက္တာေအးေမာင္ဟာ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ လႊတ္ေတာ္တြင္းကသာ လုပ္သင့္တာေတြကို လုပ္ကိုင္ေနသူတစ္ဦးျဖစ္ၿပီးေတာ့ ႏုိင္ငံေတာ္ကို ပံုကန္တဲ့လုပ္ရပ္ေတြ မ႐ွိခဲ့ေၾကာင္း မိသားစုဝင္ေတြက ေျပာပါတယ္ ခင္ဗ်ား။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာအေးမောင်ကို အမှုနဲ့မသက်ဆိုင်ဘဲ မတရားစွပ်စွဲထားတာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်ရဲ့ ဇနီးက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ဟာ နိုင်ငံတော်အကြည်အညို ပျက်စေမှု၊ မတရားအသင်ဆက်သွယ်မှု၊ နိ်ုင်ငံတော်သစ္စာဖောက်မှု စတဲ့ပုဒ်မ ၃ ခုနဲ့ ရခိုင်ပြည်နယ်ထဲက တရားရုံး ၃ ခုမှာ တရားစွဲဆိုခံထားရပါတယ်။

အခုလိုမျိုး တရားစွဲဆိုထားတဲ့ပုဒ်မတွေဟာ ဒေါက်တာအေးမောင်နဲ့ သက်ဆိုင်မှုမရှိဘဲ ရခိုင်ပြည်သူတွေ ထောက်ခံမှုရရှိနေသူတစ်ယောက်ဖြစ်တာကြောင့် မတရားစွပ်စွဲထားခြင်းသာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ရဲ့ ဇနီးက ပြောပါတယ်။

Soundbite – ဒေါ်မြမြသက်
ဒေါက်တာအေးမောင်ဇနီး

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အခုလိုမျိုး ဖမ်းဆီးချုပ်နှောင်ခွင့်ပေးလိုက်တာဟာလည်း လွှတ်တော်အပေါ်မှာ ဖိအားပေးမှုတွေရှိနေလိမ့်မယ်လို့ မြင်ကြောင်းကိုလည်း ဒေါ်မြမြသက်က ပြောပါတယ်။

Soundbite- ဒေါ်မြမြသက်
ဒေါက်တာအေးမောင်ဇနီး

ဒေါက်တာအေးမောင်ဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လွှတ်တော်တွင်းကသာ လုပ်သင့်တာတွေကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီးတော့ နိုင်ငံတော်ကို ပုံကန်တဲ့လုပ်ရပ်တွေ မရှိခဲ့ကြောင်း မိသားစုဝင်တွေက ပြောပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)