ဗမာကြ်န္ဆိုတဲ့ စကားလံုး မသံုးခဲ့ဘူးလို႔ ေဒါက္တာ ေအးေမာင္ ေျပာ (႐ုပ္/သံ)

0
988

ဗမာေတြအေနနဲ႔ ရခိုင္လူမ်ိဳးေတြအေပၚ ဗမာကၽြန္အျဖစ္သေဘာထားတယ္လို႔ သတင္းစာမွာ ေရးသားေဖာ္ျပထားတဲ့ စကားလံုးကို မိမိအေနနဲ႔ ေျပာၾကားခဲ့တာမ႐ွိေၾကာင္း ေဒါက္တာေအးေမာင္ကေျပာပါတယ္ ။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕မွာ ေဟာေျပာခဲ့တဲ့ စာေပေဟာေျပာပြဲမွာ ဥပေဒနဲ႔မညီညြတ္တဲ့အေၾကာင္းအရာေတြကို ထည့္သြင္း ေျပာၾကားခဲ့တယ္ဆိုၿပီး ပုဒ္မသံုးခုုနဲ႔ ဖမ္းဆီးတရားစြဲဆို ခံထားရတဲ့ အမ္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တို႔ႏွစ္ဦးကို ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ စစ္ေတြခ႐ိုင္တရား႐ံုးနဲ႔ ၿမိဳ႕နယ္တရား႐ံုးေတြမွာ ႐ံုးထုတ္ခဲ့တာပါ။

ဗမာေတြအေနနဲ႔ ရခိုင္လူမ်ိဳးေတြအေပၚ ဗမာကၽြန္အျဖစ္ သေဘာထားတယ္လို႔ ေျပာၾကားခဲ့တယ္ဆိုၿပီး သတင္းစာေတြမွာ ေရးသားေဖာ္ျပတာဟာ မဟုတ္မွန္ေၾကာင္းနဲ႔ အမ်ိဳးသားစည္းလံုညီညြတ္ေရးကိုသာ ဦးတည္ေျပာၾကားခဲ့ျခင္းျဖစ္တယ္လို႔ ေဒါက္တာေအးေမာင္က ေျပာပါတယ္။

Soundbite – ေဒါက္တာေအးေမာင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္-အမ္းမဲဆႏၵနယ္

အမႈနဲ႔ပတ္သက္ၿပီးေတာ့ တရားစြဲဆိုထားခ်က္ေတြဟာ ဥပေဒနဲ႔အညီေဆာင္႐ြက္ခဲ့မႈ႐ွိမ႐ွိနဲ႔ လက္႐ွိေဆာင္႐ြက္ေနတဲ့ စြပ္စြဲခ်က္ေတြဟာ ဥပေဒေတြနဲ႔ အက်ံဳးဝင္မဝင္ကို လိုက္ပါေဆာင္႐ြက္ေပးေနတယ္လို႔ တရားလႊတ္ေတာ္ေ႐ွ႕ေန ေဒၚေအးႏုစိန္က ေျပာပါတယ္။

Soundbite – ေဒၚေအးႏုစိန္(တရားလႊတ္ေတာ္ေ႐ွ႕ေန)စာေရးဆရာေဝဟင္ေအာင္အမႈတြင္ လိုက္ပါေဆာင္႐ြက္ေနသူ

ဒါ့အျပင္ ေဒါက္ေတာေအးေမာင္ဟာ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ျဖစ္တာေၾကာင့္ လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒပုဒ္မ ၁၂ (င)အရ လႊတ္ေတာ္တက္ခြင့္ရ႐ွိဖို႔အတြက္ တင္ျပထားေၾကာင္း ေဒါက္တာေအးေမာင္က ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗမာတွေအနေနဲ့ ရခိုင်လူမျိုးတွေအပေါ် ဗမာကျွန်အဖြစ်သဘောထားတယ်လို့ သတင်းစာမှာ ရေးသားဖော်ပြထားတဲ့ စကားလုံးကို မိမိအနေနဲ့ ပြောကြားခဲ့တာမရှိကြောင်း ဒေါက်တာအေးမောင်ကပြောပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရသေ့တောင်မြို့မှာ ဟောပြောခဲ့တဲ့ စာပေဟောပြောပွဲမှာ ဥပဒေနဲ့မညီညွတ်တဲ့အကြောင်းအရာတွေကို ထည့်သွင်း ပြောကြားခဲ့တယ်ဆိုပြီး ပုဒ်မသုံးခုနဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ စစ်တွေခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံးတွေမှာ ရုံးထုတ်ခဲ့တာပါ။

ဗမာတွေအနေနဲ့ ရခိုင်လူမျိုးတွေအပေါ် ဗမာကျွန်အဖြစ် သဘောထားတယ်လို့ ပြောကြားခဲ့တယ်ဆိုပြီး သတင်းစာတွေမှာ ရေးသားဖော်ပြတာဟာ မဟုတ်မှန်ကြောင်းနဲ့ အမျိုးသားစည်းလုံညီညွတ်ရေးကိုသာ ဦးတည်ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

Soundbite – ဒေါက်တာအေးမောင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်-အမ်းမဲဆန္ဒနယ်

အမှုနဲ့ပတ်သက်ပြီးတော့ တရားစွဲဆိုထားချက်တွေဟာ ဥပဒေနဲ့အညီဆောင်ရွက်ခဲ့မှုရှိမရှိနဲ့ လက်ရှိဆောင်ရွက်နေတဲ့ စွပ်စွဲချက်တွေဟာ ဥပဒေတွေနဲ့ အကျုံးဝင်မဝင်ကို လိုက်ပါဆောင်ရွက်ပေးနေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

Soundbite – ဒေါ်အေးနုစိန်(တရားလွှတ်တော်ရှေ့နေ)
စာရေးဆရာဝေဟင်အောင်အမှုတွင် လိုက်ပါဆောင်ရွက်နေသူ

ဒါ့အပြင် ဒေါက်တောအေးမောင်ဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တာကြောင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၂ (င)အရ လွှတ်တော်တက်ခွင့်ရရှိဖို့အတွက် တင်ပြထားကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)