ၿမိတ္ၿမိဳ႕မွာ ေဝဖန္ခံေနရတဲ့ ငါးေလလံေစ်းသစ္ ေဆာက္တဲ့ကိစၥ စစ္ေဆး (႐ုပ္/သံ)

0
975

ျမိတ္ျမိဳ႕မွာ ေ၀ဖန္မႈေတြျမင့္တက္ေနတဲ႔ ငါးေလလံေစ်းသစ္ေဆာက္တဲ႔ကိစၥကို စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း ဖံြ႔ၿဖိဳးတိုးတက္ေရး ေကာ္မတီက လာေရာက္စစ္ေဆးခဲ႔ပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ ေအာင္သူ .ကတင္ဆက္ေပးထားပါတယ္ ။

ျမိတ္ျမိဳ႕မွာ ငါးေလလံေစ်းေဟာင္းရွိေနတာကို ငါးေစ်းအသစ္တည္ေဆာက္ဖို႔လုပ္ေဆာင္ေနတာျဖစ္ျပီး အဲ႔ဒီေစ်းသစ္ကို ဒုတိယသမၼတကလာေရာက္ၾကည္႔ရႈခဲ႔တဲ႔ အေပၚေဒသခံေတြက ေ၀ဖန္ကန္ကြက္မႈေတြ ရွိေနတာျဖစ္ပါတယ္ ။
အခုလိုေ၀ဖန္မႈေတြရွိေနတာေၾကာင့္ ေဖဖ၀ါရီလ ၇ ရက္ေန႔က စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း ဖံြ႔ၿဖိဳးတိုးတက္ေရး ေကာ္မတီအေနနဲ႔ ျမိတ္ျမိဳ႕က အျပည္ျပည္ဆိုင္ရာ ငါးေလလံေစ်းနဲ႔ ၿမိတ္အမ်ားပိုင္က တည္ေဆာက္ဖို႔လုပ္ေဆာင္ေနတဲ႔ ငါးေလလံေစ်းသစ္ကိုလာေရာက္စစ္ေဆးခဲ႔တာျဖစ္ပါတယ္ ။

Soundbite – ဦးေအာင္ၾကည္ညြန္႔( ဥကၠဌ) စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း ဖံြ႔ၿဖိဳးတိုးတက္ေရး ေကာ္မတီ

ၿမိတ္ၿမိဳ႕က အျပည္ျပည္ဆိုင္ရာငါးေလလံေစ်းအေဟာင္းဟာ နိုင္ငံျခားရင္းနွီးျမဳပ္ႏွံမွု (၆၀) ရာခိုင္ႏွန္း၊ ငါးလုပ္ငန္းဦးစီးဌာနက (၃၀) ရာခိုင္ႏွုန္းနဲ႔ ျပည္တြင္း လုပ္ငန္းရွင္ေတြက (၁၀) ရာခိုင္ႏွုန္းပါ၀င္တဲ႔ လုပ္ငန္းျဖစ္ၿပီး MIC ကေဒၚလာ သန္း (၇၀) ရင္းႏွီးျမဳပ္ႏွံခြင့္ ရထားတာျဖစ္ပါတယ္ ။

အခုအသစ္ တည္ေဆာက္ေနတဲ႔ ငါးေလလံေစ်းသစ္ကေတာ႔ ျမိ္တ္ေလတပ္စခန္းဌာနခ်ဳပ္အတြင္း တည္ရွိေဆာက္ေနတာျဖစ္ျပီး ျမန္မာနိုင္ငံရင္းနွီးျမတ္နွံမႈေကာ္မတီမွာ လုပ္ငန္းလုပ္ကိုင္ခြင့္ ရရွိေအာင္လုပ္ေဆာင္ေနတာျဖစ္ပါတယ္ ။

Soundbite – ဦးလွသန္း ဥကၠဌ ၿမိတ္အမ်ားပိုင္ ေကာ္ပိုေရးရွင္း

စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း ဖံြ႔ၿဖိဳးတိုးတက္ေရး ေကာ္မတီ ဥကၠဌခရီးစဥ္အတြင္း ငါးေလလံေစ်းကတာ၀န္ရွိသူေတြ အရပ္ဖက္အဖြဲ႕အစည္းေတြ လြတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆံုခဲ့ၿပီး ျပည္သူလူထု အသံေတြကို လြတ္ေတာ္မွာ ျပန္လည္ တင္ျပသြားမွာျဖစ္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိတ်မြို့မှာ ဝေဖန်မှုတွေမြင့်တက်နေတဲ့ ငါးလေလံဈေးသစ်ဆောက်တဲ့ကိစ္စကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက လာရောက်စစ်ဆေးခဲ့ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် အောင်သူ .ကတင်ဆက်ပေးထားပါတယ် ။

မြိတ်မြို့မှာ ငါးလေလံဈေးဟောင်းရှိနေတာကို ငါးဈေးအသစ်တည်ဆောက်ဖို့လုပ်ဆောင်နေတာဖြစ်ပြီး အဲ့ဒီဈေးသစ်ကို ဒုတိယသမ္မတကလာရောက်ကြည့်ရှုခဲ့တဲ့ အပေါ်ဒေသခံတွေက ဝေဖန်ကန်ကွက်မှုတွေ ရှိနေတာဖြစ်ပါတယ် ။
အခုလိုဝေဖန်မှုတွေရှိနေတာကြောင့် ဖေဖဝါရီလ ၇ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေနဲ့ မြိတ်မြို့က အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနဲ့ မြိတ်အများပိုင်က တည်ဆောက်ဖို့လုပ်ဆောင်နေတဲ့ ငါးလေလံဈေးသစ်ကိုလာရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ် ။

Soundbite – ဦးအောင်ကြည်ညွန့်( ဥက္ကဌ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ

မြိတ်မြို့က အပြည်ပြည်ဆိုင်ရာငါးလေလံဈေးအဟောင်းဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (၆၀) ရာခိုင်နှန်း၊ ငါးလုပ်ငန်းဦးစီးဌာနက (၃၀) ရာခိုင်နှုန်းနဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေက (၁၀) ရာခိုင်နှုန်းပါဝင်တဲ့ လုပ်ငန်းဖြစ်ပြီး MIC ကဒေါ်လာ သန်း (၇၀) ရင်းနှီးမြုပ်နှံခွင့် ရထားတာဖြစ်ပါတယ် ။

အခုအသစ် တည်ဆောက်နေတဲ့ ငါးလေလံဈေးသစ်ကတော့ မြိ်တ်လေတပ်စခန်းဌာနချုပ်အတွင်း တည်ရှိဆောက်နေတာဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြတ်နှံမှုကော်မတီမှာ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိအောင်လုပ်ဆောင်နေတာဖြစ်ပါတယ် ။

Soundbite – ဦးလှသန်း ဥက္ကဌ မြိတ်အများပိုင် ကော်ပိုရေးရှင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌခရီးစဉ်အတွင်း ငါးလေလံဈေးကတာဝန်ရှိသူတွေ အရပ်ဖက်အဖွဲ့အစည်းတွေ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြည်သူလူထု အသံတွေကို လွတ်တော်မှာ ပြန်လည် တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)