စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ျပန္လည္ထူေထာင္ေရး အထူးစီမံကိန္းပံုစံနဲ႔ေဆာင္ရြက္မည္(႐ုပ္/သံ)

0
942

စစ္ေဘးရွာင္ျပည္သူေတြအတြက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကို အစိုးရအေနနဲ႔လ အထူးစီမံကိန္းပံုစံနဲ ႔ေဆာင္ရြက္သြားဖို႔ရွိေနပါတယ္။ ဒီသတင္းကို MCN ေနျပည္ေတာ္ သတင္းေထာက္ ျဖိဳးသက္ပိုင္ျမင့္ကေပးပို႔ထားပါတယ္ ။

ေဖေဖၚ၀ါရီ ၈ ရက္က ျပဳလုပ္တဲ့ အမ်ိဳးသားလႊတ္ေတာ္အစည္းအေ၀းမွာ ရွမ္းျပည္နယ္မဲဆႏၵနယ္ အမွတ္ ၁၁က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္နီႏိုင္က ျပည္တြင္းစစ္ေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးတိမ္းေရွာင္ေနရသူေတြအတြက္ ျပည္ေထာင္စုအစုိးရက ဘယ္လုိစီစဥ္ေပးႏုိင္မလဲ ဆိုတာကို ေမးျမန္းခဲ့တာပါ။

အဲ႔ဒီေမးခြန္းကို လူမႈ၀န္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ၾကီး ေဒါက္တာ၀င္းျမတ္ေအး က ျပန္လည္ေျဖဆိုခဲ႔ျပီး စစ္ေဘးေရွာင္ေတြအတြက္ အထူးစီမံကိန္းအေနနဲ႔လုပ္ေဆာင္ေနေၾကာင္း ေျဖၾကားခဲ႔တာျဖစ္ပါတယ္ ။

Soundbite ေဒါက္တာ၀င္းျမတ္ေအး ျပည္ေထာင္စု၀န္ၾကီး လူမႈ၀န္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထာေရး၀န္ၾကီး႒ာန

‘ဒါအျပင္ တုိက္ပြဲေရွာင္ျပည္သူေတြအတြက္ လက္ရွိအခ်ိန္မွာလည္း စိတ္ပိုင္းဆုိင္ရာ၊ ရုပ္ပိုင္းဆုိင္ရာဒဏ္ရာေတြအတြက္ ကူညီေထာက္ပံ့မႈ ေတြ ျပဳလုပ္ေနပါတယ္လို႔ ေဒါက္တာ၀င္းျမတ္ေအးက ေျပာပါတယ္။
ဒီေမးခြန္းကိုေမးျမန္းခဲ႔တဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္နီနိုင္ဟာ ရခုိင္ျပည္နယ္အတြက္ ေဆာင္ရြက္ေနတဲ့ UEHRD လိုစီမံကိန္းမ်ိဳး ရွမ္းနဲ႔ကခ်င္ကတုိက္ပြဲေရွာင္ျပည္သူေတြအတြက္ စီစဥ္ေပးဖို႔အတြက္ ေမးခြန္းေမးျမန္းခဲ့တာျဖစ္ပါတယ္ ။

Soundbite – ဦးေက်ာ္နီႏိုင္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ရွမ္းျပည္နယ္မဲဆႏၵနယ္အမွတ္ ၁၁

လူမႈ၀န္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရး၀န္ၾကီး႒ာနအေနနဲ႔ တုိက္ပြဲေရွာင္ျပည္သူေတြအတြက္ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းစဥ္ေတြကို သက္ဆုိင္ရာ၀န္ၾကီး႒ာန၊ျပည္နယ္အစိုးရေတြနဲ႔ ပူးေပါင္းေဆာင္ရြက္လ်က္ရွိရာမွာ ရွမ္းျပည္နယ္အတြင္းက စစ္ေဘးေရွာင္ေတြအတြက္ ၂၀၁၅-၁၆ ဘ႑ာႏွစ္မွာ က်ပ္သိန္းေပါင္း ၉ေထာင္ေက်ာ္ ေထာက္ပံ့ခဲ့ သလို ၂၀၁၆ -၁၇ ဘ႑ာႏွစ္အတြင္းမွာ က်ပ္သိန္းေပါင္း ၂ေသာင္း၆ေထာင္ေက်ာ္ ေထာက္ပ့ံထားပါတယ္ခင္ဗ်ာ ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
စစ်ဘေးရှာင်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အစိုးရအနေနဲ့လ အထူးစီမံကိန်းပုံစံနဲ ့ဆောင်ရွက်သွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN နေပြည်တော် သတင်းထောက် ဖြိုးသက်ပိုင်မြင့်ကပေးပို့ထားပါတယ် ။

ဖေဖေါ်ဝါရီ ၈ ရက်က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၁၁က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်နီနိုင်က ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက် ပြည်ထောင်စုအစိုးရက ဘယ်လိုစီစဉ်ပေးနိုင်မလဲ ဆိုတာကို မေးမြန်းခဲ့တာပါ။

အဲ့ဒီမေးခွန်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြန်လည်ဖြေဆိုခဲ့ပြီး စစ်ဘေးရှောင်တွေအတွက် အထူးစီမံကိန်းအနေနဲ့လုပ်ဆောင်နေကြောင်း ဖြေကြားခဲ့တာဖြစ်ပါတယ် ။

Soundbite ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဋ္ဌာန

‘ဒါအပြင် တိုက်ပွဲရှောင်ပြည်သူတွေအတွက် လက်ရှိအချိန်မှာလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေအတွက် ကူညီထောက်ပံ့မှု တွေ ပြုလုပ်နေပါတယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ဒီမေးခွန်းကိုမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်နီနိုင်ဟာ ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်နေတဲ့ UEHRD လိုစီမံကိန်းမျိုး ရှမ်းနဲ့ကချင်ကတိုက်ပွဲရှောင်ပြည်သူတွေအတွက် စီစဉ်ပေးဖို့အတွက် မေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ် ။

Soundbite – ဦးကျော်နီနိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနအနေနဲ့ တိုက်ပွဲရှောင်ပြည်သူတွေအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာဝန်ကြီးဋ္ဌာန၊ပြည်နယ်အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ ရှမ်းပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကျပ်သိန်းပေါင်း ၉ထောင်ကျော် ထောက်ပံ့ခဲ့ သလို ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်အတွင်းမှာ ကျပ်သိန်းပေါင်း ၂သောင်း၆ထောင်ကျော် ထောက်ပံ့ထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)