စစ္ေတြၿမိဳ႕ေပါက္ကြဲမႈ တရားစီရင္ေရးမ႑ိဳင္အေပၚ အုပ္ခ်ဳပ္ေရးမ႑ိဳင္ရဲ႕ ဖိအားေပး မႈေတြရွိေန (႐ုပ္/သံ)

0
279

စစ္ေတြၿမိဳ႕ေပါက္ကြဲမႈမွာ တရားစီရင္ေရးမ႑ိဳင္အေပၚ အုပ္ခ်ဳပ္ေရးမ႑ိဳင္ရဲ႕ ဖိအားေပး မႈေတြရွိေနတယ္လို႔ ဖမ္းဆီးခံထားရ သူေတြကေျပာပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ဳိးႏြယ္ ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမွဴးေဟာင္း ဦးတင္ေမာင္ေတြ ရဲ႕ ေနအိမ္ေဖာက္ခြဲခံရမႈနဲဲ႔ပါတ္သက္ၿပီးေတာ့ စစ္ေတြေဒသခံႏွစ္ဦးကို ဖမ္းဆီးတရားစြဲဆိုခံရတာျဖစ္တဲ့အျပင္ ဒီအမႈမွာ တရားစီရင္ေရးမ႑ိဳင္အေပၚ အုပ္ခ်ဳပ္ေရးမ႑ိဳင္ရဲ႕ ဖိအားေပး မႈေတြရွိေနတယ္လို႔ ဖမ္းဆီးခံထားရသူေတြက စက္တင္ဘာလ ၇ ရက္ေန႔ ၂၃ ႀကိမ္ေျမာက္ရံုးထုတ္မွာ ေျပာၾကားခဲ့ပါတယ္။

အင္တာဗ်ဴး – ဦးေမာင္အုန္းျမင့္ (စစ္ေတြေဖာက္ခြဲမႈနဲ႔ အမႈရင္ဆိုင္ေနရသူ)

အမႈျဖစ္စဥ္နဲ႔ ပတ္သက္လို႔ လက္ရွိမွာ သက္ေသဦးေရ ခုႏွစ္ဆယ္ ကို စစ္ေဆးၿပီးၿပီျဖစ္ပါတယ္။ တရားခံလို႔ စြပ္စြဲခံထားရတဲ့သူေတြအေနနဲ႔ အမႈနဲ႔ သက္ဆိုင္မႈမရွိေပမယ့္ တရားစီရင္ေရးမ႑ိဳင္အေပၚ အုပ္ခ်ဳပ္ေရးမ႑ိဳင္ရဲ႕ ဖိအားေပးတာေတြရွိေနတာေၾကာင့္ မွန္ကန္တဲ့တရားစီရင္ေရးျဖစ္ဖို႔ စိုးရိမ္ေနၾကတာပါ။

အင္တာဗ်ဴး – ဦးေမာင္ေအးဝင္း (စစ္ေတြေဖာက္ခြဲမႈနဲ႔ အမႈရင္ဆိုင္ေနရသူ)

တရားစီရင္ေရးမ႑ိဳင္အေနနဲ႔ အခုလိုဒီမိုကေရစီအကူးအေျပာင္း ကာလမွာ ပိုမိုတည့္မတ္လာေအာင္ ျပဳလုပ္ဖုိ႔လိုအပ္ၿပီး အဲ့ဒီလိုလုပ္ေဆာင္မွသာ ျပည္သူေတြယံုၾကည္တဲ့ တရားစီရင္ေရး မ႑ိဳင္ျဖစ္လာမွာျဖစ္တယ္လို႔ ဖမ္းဆီးခံေနရသူေတြက ေျပာၾကားခဲ့ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့ပေါက်ကွဲမှုမှာ တရားစီရင်ရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ဖိအားပေး မှုတွေရှိနေတယ်လို့ ဖမ်းဆီးခံထားရ သူတွေကပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ် ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်တွေ ရဲ့ နေအိမ်ဖောက်ခွဲခံရမှုနဲ့ပါတ်သက်ပြီးတော့ စစ်တွေဒေသခံနှစ်ဦးကို ဖမ်းဆီးတရားစွဲဆိုခံရတာဖြစ်တဲ့အပြင် ဒီအမှုမှာ တရားစီရင်ရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ဖိအားပေး မှုတွေရှိနေတယ်လို့ ဖမ်းဆီးခံထားရသူတွေက စက်တင်ဘာလ ၇ ရက်နေ့ ၂၃ ကြိမ်မြောက်ရုံးထုတ်မှာ ပြောကြားခဲ့ပါတယ်။

အင်တာဗျူး – ဦးမောင်အုန်းမြင့် (စစ်တွေဖောက်ခွဲမှုနဲ့ အမှုရင်ဆိုင်နေရသူ)

အမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ လက်ရှိမှာ သက်သေဦးရေ ခုနှစ်ဆယ် ကို စစ်ဆေးပြီးပြီဖြစ်ပါတယ်။ တရားခံလို့ စွပ်စွဲခံထားရတဲ့သူတွေအနေနဲ့ အမှုနဲ့ သက်ဆိုင်မှုမရှိပေမယ့် တရားစီရင်ရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ဖိအားပေးတာတွေရှိနေတာကြောင့် မှန်ကန်တဲ့တရားစီရင်ရေးဖြစ်ဖို့ စိုးရိမ်နေကြတာပါ။

အင်တာဗျူး – ဦးမောင်အေးဝင်း (စစ်တွေဖောက်ခွဲမှုနဲ့ အမှုရင်ဆိုင်နေရသူ)

တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ အခုလိုဒီမိုကရေစီအကူးအပြောင်း ကာလမှာ ပိုမိုတည့်မတ်လာအောင် ပြုလုပ်ဖို့လိုအပ်ပြီး အဲ့ဒီလိုလုပ်ဆောင်မှသာ ပြည်သူတွေယုံကြည်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ဖြစ်လာမှာဖြစ်တယ်လို့ ဖမ်းဆီးခံနေရသူတွေက ပြောကြားခဲ့ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)