ရထားလမ္းစီမံကိန္းအတြက္ ဖ်က္သိမ္းခဲ့တဲ့ လယ္ေျမေတြကို ျပန္ေပးဖို႔ ေဆြးေႏြး (႐ုပ္/သံ)

0
209

ရထားလမ္းစီမံကိန္းအတြက္ ဖ်က္သိမ္းထားခဲ့တဲ့ သိမ္းဆည္းခံလယ္ေျမေတြကို ေတာင္သူေတြလက္ထဲ ျပန္လည္အပ္ႏွံေပးဖုိ႔ ရခုိင္ျပည္နယ္လႊတ္ေတာ္မွာ ေဆြးေႏြးခဲ့ၾကပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၀၉-၁၀ ခုႏွစ္က စတင္ေဖာက္လုပ္ခဲ့တဲ့ စစ္ေတြ-မင္းဘူးရထားလမ္းရဲ႕ ေက်ာက္ေတာ္-ေျမာက္ဦးလမ္း ပိုင္းကို ဖ်က္သိမ္းလိုက္ၿပီျဖစ္ေပမယ့္ သိမ္းဆည္းခံခဲ့ရတဲ့လယ္ေျမေတြကို ေတာင္သူေတြဆီ ျပန္လည္အပ္ႏွံ ေပးနုိင္ဖုိ႔အတြက္ မေန႔ကက်င္းပျပဳလုပ္ခဲ့တဲ့ ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ ေဆြးေႏြးခဲ့ၾကပါတယ္။

ေျမာက္ဦးခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ၂၀၁၄ ခုႏွစ္ ဧၿပီလ ၄ ရက္ေန႔မွာ လယ္သိမ္းခံခဲ့ရတဲ့ေတာင္သူေတြကို ေခၚယူၿပီး စီမံကိန္းဖ်က္သိမ္းေၾကာင္းနဲ႔ ရထားလမ္းဆည္ဖုိ႔ထားတဲ့ တာေဘာင္ေတြကို မူလေျမအတိုင္းျပန္လည္ျပဳလုပ္ေပးသြားမွာျဖစ္တယ္လို႔ အသိေပးေျပာၾကားခဲ့ေပမယ့္ အခုအခ်ိန္ထိ ျပန္လည္အပ္ႏွံေပးျခင္းမရွိေသးတာပါ။

Sound bite – ဦးေမာင္သန္းစိန္ (ေက်ာက္ေတာ္အမွတ္ ၂ မဲဆႏၵနယ္ေျမ)

အဲဒီလုပ္ငန္းေတြဟာ အစိုးရရဲ႕လုပ္ငန္းစဥ္ေတြျဖစ္တဲ့အတြက္ တူးေဖာ္ထားတဲ့ တာေဘာင္နဲ႔ေရေျမာင္းေတြ ေျမညွိျခင္း၊ ေျမဖို႔ျခင္း လုပ္ငန္းေတြကို ရရွိတဲ့ဘတ္ဂ်က္အေပၚမူတည္ၿပီး ႏွစ္အလိုက္ေဆာင္ရြက္ရေၾကာင္း ေတာင္သူေတြအေနနဲ႔ မိမိသေဘာဆႏၵအရ လုပ္ကိုင္လိုပါက စိုက္ပ်ိဳးလုပ္ကိုင္ႏုိင္ေၾကာင္း ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔က ေျဖၾကားခဲ့ပါတယ္။

Sound bite – ဦးေအာင္ေက်ာ္ဇံ (လွ်ပ္စစ္၊ စက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး)
ရခိုင္ျပည္နယ္အစိုးရအဖြဲ႔

ဒါ့အျပင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေဒါင္းေတာင္ယိုးေက်းရြာ ျမစ္ေရတင္စီမံကိန္းမွာ စြန္႔လႊတ္ထားတဲ့ ရထားလမ္းတာေဘာင္ေတြကုိ အသံုးျပဳထားတာဟာ လုပ္ထံုးလုပ္နည္းနဲ႔ညီညြတ္မႈမရွိေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

Sound bite – ဦးေက်ာ္လြင္ (စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ သတၱဳတြင္းဝန္ႀကီး)
ရခိုင္ျပည္နယ္အစိုးရအဖြဲ႔

ရထားလမ္းစီမံကိန္းအတြင္း ကုလားတန္ျမစ္အေရွ႕ဘက္ျခမ္း ဓညဝတီေရွးေဟာင္းနယ္ေျမ၊ ေဝသာလီေရွးေဟာင္း နယ္ေျမ၊ ေျမာက္ဦးယဥ္ေက်းမႈဇုန္အထိ အက်ယ္ေပ ၁၅၀၊ အလ်ား ၃၄ ဒသမ ၅ မိုင္ ကိုသိမ္းဆည္း ေဖာက္လုပ္ခဲ့တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရထားလမ်းစီမံကိန်းအတွက် ဖျက်သိမ်းထားခဲ့တဲ့ သိမ်းဆည်းခံလယ်မြေတွေကို တောင်သူတွေလက်ထဲ ပြန်လည်အပ်နှံပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀ဝ၉-၁၀ ခုနှစ်က စတင်ဖောက်လုပ်ခဲ့တဲ့ စစ်တွေ-မင်းဘူးရထားလမ်းရဲ့ ကျောက်တော်-မြောက်ဦးလမ်း ပိုင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့် သိမ်းဆည်းခံခဲ့ရတဲ့လယ်မြေတွေကို တောင်သူတွေဆီ ပြန်လည်အပ်နှံ ပေးနိုင်ဖို့အတွက် မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ လယ်သိမ်းခံခဲ့ရတဲ့တောင်သူတွေကို ခေါ်ယူပြီး စီမံကိန်းဖျက်သိမ်းကြောင်းနဲ့ ရထားလမ်းဆည်ဖို့ထားတဲ့ တာဘောင်တွေကို မူလမြေအတိုင်းပြန်လည်ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ အသိပေးပြောကြားခဲ့ပေမယ့် အခုအချိန်ထိ ပြန်လည်အပ်နှံပေးခြင်းမရှိသေးတာပါ။

Sound bite – ဦးမောင်သန်းစိန် (ကျောက်တော်အမှတ် ၂ မဲဆန္ဒနယ်မြေ)

အဲဒီလုပ်ငန်းတွေဟာ အစိုးရရဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့အတွက် တူးဖော်ထားတဲ့ တာဘောင်နဲ့ရေမြောင်းတွေ မြေညှိခြင်း၊ မြေဖို့ခြင်း လုပ်ငန်းတွေကို ရရှိတဲ့ဘတ်ဂျက်အပေါ်မူတည်ပြီး နှစ်အလိုက်ဆောင်ရွက်ရကြောင်း တောင်သူတွေအနေနဲ့ မိမိသဘောဆန္ဒအရ လုပ်ကိုင်လိုပါက စိုက်ပျိုးလုပ်ကိုင်နိုင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဖြေကြားခဲ့ပါတယ်။

Sound bite – ဦးအောင်ကျော်ဇံ (လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

ဒါ့အပြင် ကျောက်တော်မြို့နယ်၊ ဒေါင်းတောင်ယိုးကျေးရွာ မြစ်ရေတင်စီမံကိန်းမှာ စွန့်လွှတ်ထားတဲ့ ရထားလမ်းတာဘောင်တွေကို အသုံးပြုထားတာဟာ လုပ်ထုံးလုပ်နည်းနဲ့ညီညွတ်မှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

Sound bite – ဦးကျော်လွင် (စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

ရထားလမ်းစီမံကိန်းအတွင်း ကုလားတန်မြစ်အရှေ့ဘက်ခြမ်း ဓညဝတီရှေးဟောင်းနယ်မြေ၊ ဝေသာလီရှေးဟောင်း နယ်မြေ၊ မြောက်ဦးယဉ်ကျေးမှုဇုန်အထိ အကျယ်ပေ ၁၅၀၊ အလျား ၃၄ ဒသမ ၅ မိုင် ကိုသိမ်းဆည်း ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)