တည္ေဆာက္ေရး လုပ္ငန္းေတြရဲ႕ အရည္အေသြး ၾကပ္မတ္ေပးဖို႔ ရခိုင္ျပည္နယ္ အစိုးရ တိုက္တြန္း (႐ုပ္/သံ)

0
850

ရခိုင္ျပည္နယ္အတြင္း ဌာနအသီးသီးက ေဆာက္လုပ္ေနတဲ့ တည္ေဆာက္ေရးလုပ္ငန္းေတြမွာ လက္႐ွိအေျခအေနထက္ ပို႔ၿပီးအရည္အေသြးေကာင္းမြန္လာေအာင္ ထိန္းေက်ာင္းၾကပ္မတ္ေပးဖို႔ ရခိုင္ျပည္နယ္အစိုးရက တိုက္တြန္းလိုက္ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္အတြင္း အမ်ားျပည္သူအသံုးျပဳႏုိင္ေရးအတြက္ ေဆာင္႐ြက္ေနတဲ့ တည္ေဆာက္ေရးလုပ္ငန္းေတြကို ဌာနဆိုင္ရာအသီးသီးက တာဝန္ယူေဆာင္႐ြက္တဲ့အခါ အရည္အေသြး ညံ့ဖ်င္းမႈေတြ႐ွိေနတာေၾကာင့္ အရည္အေသြးေကာင္းမြန္လာေအာင္ ၾကပ္မတ္ထိန္းေက်ာင္းေပးဖို႔အတြက္ ရခိုင္ျပည္နယ္အစိုးရကို မတ္လ ၈ ရက္ေန႔ လႊတ္ေတာ္မွာ တိုက္တြန္းလိုက္ပါတယ္။

ေဒသအတြင္း ဌာနဆိုင္ရာအသီးသီးက ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းေတြဟာ ပြင့္လင္းျမင္သာမႈ အားနည္းၿပီး လုပ္ငန္းအရည္အေသြး က်ဆင္းေနတဲ့အတြက္ ပ်က္စီးဆံုး႐ံႈးမႈေတြ မ်ားျပားလာေနတာေၾကာင့္ အခုလို အဆိုတင္သြင္းၿပီး တိုက္တြန္းလိုက္တာျဖစ္ပါတယ္။

Soundbite – ဦးခင္ေမာင္ေဌး (အဆိုတင္သြင္းသူ) အမ္းၿမိဳ႕မဲဆႏၵနယ္ေျမ အမွတ္ (၂)

ဒါ့အျပင္ တည္ေဆာက္ေရးလုပ္ငန္းေတြ ၿပီးစီးၿပီး မၾကာခင္မွာ ျပန္လည္ပ်က္စီးသြားတာေတြဟာ လုပ္ငန္းတည္ေဆာက္မႈ အရည္အေသြးညံ့ဖ်င္းေနတဲ့အတြက္လား တြက္ခ်က္မႈေတြ စံခ်ိန္ညႊန္းနဲ႔ မကိုက္ညီတဲ့အတြက္ေၾကာင့္လား ဆိုတာေတြကို စစ္ေဆးဖို႔လိုအပ္ေၾကာင္း ေထာက္ျပေဆြးေႏြးခဲ့ၾကပါတယ္။

Soundbite – ဦးဦးသန္းႏုိင္ (ေထာက္ခံေဆြးေႏြးသူ) ရေသ့ေတာင္မဲဆႏၵနယ္ေျမ အမွတ္ (၁)

အဲဒီလုပ္ငန္းေတြရဲ႕အရည္အေသြးနဲ႔ ေဆာင္႐ြက္မႈအပိုင္းေတြကို စစ္ေဆးဖို႔အတြက္ အရည္အေသြးစစ္ေဆးေရးအဖြဲ႔ (QC) ကို ၿမိဳ႕နယ္အလိုက္ ဖြဲ႔စည္းထားေပမယ့္ အခုလို အရည္ေသြးမျပည့္မီတဲ့ လုပ္ငန္းေတြနဲ႔ပတ္သက္ၿပီး အေရးယူေဆာင္႐ြက္တာေတြ မေတြ႔ရေသးေၾကာင္း ဦးခင္ေမာင္ေဌးက ေျပာဆိုခဲ့ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်အတွင်း ဌာနအသီးသီးက ဆောက်လုပ်နေတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ လက်ရှိအခြေအနေထက် ပို့ပြီးအရည်အသွေးကောင်းမွန်လာအောင် ထိန်းကျောင်းကြပ်မတ်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း အများပြည်သူအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်နေတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ဌာနဆိုင်ရာအသီးသီးက တာဝန်ယူဆောင်ရွက်တဲ့အခါ အရည်အသွေး ညံ့ဖျင်းမှုတွေရှိနေတာကြောင့် အရည်အသွေးကောင်းမွန်လာအောင် ကြပ်မတ်ထိန်းကျောင်းပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရကို မတ်လ ၈ ရက်နေ့ လွှတ်တော်မှာ တိုက်တွန်းလိုက်ပါတယ်။

ဒေသအတွင်း ဌာနဆိုင်ရာအသီးသီးက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှု အားနည်းပြီး လုပ်ငန်းအရည်အသွေး ကျဆင်းနေတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ များပြားလာနေတာကြောင့် အခုလို အဆိုတင်သွင်းပြီး တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

Soundbite – ဦးခင်မောင်ဌေး (အဆိုတင်သွင်းသူ) အမ်းမြို့မဲဆန္ဒနယ်မြေ အမှတ် (၂)

ဒါ့အပြင် တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးပြီး မကြာခင်မှာ ပြန်လည်ပျက်စီးသွားတာတွေဟာ လုပ်ငန်းတည်ဆောက်မှု အရည်အသွေးညံ့ဖျင်းနေတဲ့အတွက်လား တွက်ချက်မှုတွေ စံချိန်ညွှန်းနဲ့ မကိုက်ညီတဲ့အတွက်ကြောင့်လား ဆိုတာတွေကို စစ်ဆေးဖို့လိုအပ်ကြောင်း ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။

Soundbite – ဦးဦးသန်းနိုင် (ထောက်ခံဆွေးနွေးသူ) ရသေ့တောင်မဲဆန္ဒနယ်မြေ အမှတ် (၁)

အဲဒီလုပ်ငန်းတွေရဲ့အရည်အသွေးနဲ့ ဆောင်ရွက်မှုအပိုင်းတွေကို စစ်ဆေးဖို့အတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC) ကို မြို့နယ်အလိုက် ဖွဲ့စည်းထားပေမယ့် အခုလို အရည်သွေးမပြည့်မီတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်တာတွေ မတွေ့ရသေးကြောင်း ဦးခင်မောင်ဌေးက ပြောဆိုခဲ့ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)