ေျမယာအမႈတစ္ခု အမိန္႔မခ်ခင္ အၿပီးအပ္၀ရမ္းနဲ႔ သိမ္းဆည္းခဲ့တဲ့အတြက္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြား

0
267

ေျမယာအမႈတစ္ခုကို ျပည္ေထာင္စုအဆင့္ကေန အၿပီးအျပတ္ အမိန္႔မခ်ခင္ အၿပီးအပ္၀ရမ္းနဲ႔ သိမ္းဆည္းခဲ့တဲ့အတြက္ ႏွစ္ဖက္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ MCN မႏၱေလး သတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

ျပည္ေထာင္စု အဆင့္မွာ ျပန္လည္ၾကားနာတဲ႔ ေျမယာ အမႈတစ္ခုကို အျပီးသတ္အမိန္႔အခ်ခင္ ဆယ့္ငါးရက္အလိုမွာ ခရိုင္တရားရံုးကေန အျပီးအပ္ဝရမ္းနဲ႔ ဝင္ေရာက္သိမ္းဆည္းခဲ႔တဲ႔အတြက္ တရားရံုးကတာဝန္ရွိသူေတြနဲ႔ ေျမယာ ပိုင္ရွင္ ဆိုသူအၾကား ရုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ႔ပါတယ္။ ေျမယာပိုင္ရွင္ ဆိုသူေတြက တရားရံုးက အပ္ႏွံခိုင္းမႈကို ဖယ္ရွားမေပးပဲ ပိတ္ဆို႔ထားတဲ႔အတြက္ အခုလို ျဖစ္ပြားခဲ႔တာပါ။

အင္တာဗ်ဴး ဦး ေစာဝီလီ ျပန္ၾကားေရးအရာရွိ
မႏၲေလးခရိုင္တရားရံုး

အဲ႔ဒီအမႈ မွာရံႈးနိမ့္ခဲ႔သူက ေျမယာ ပိုင္ဆိုင္ေၾကာင္း ဂရမ္တင္ ျပႏိုင္ေပမယ့္ တစ္ဖက္က တင္ျပတဲ႔ အရပ္ကတိ စာခ်ဳပ္ကို အႏိုင္ေပးခဲ႔အတြက္ ျပည္ေထာင္စုအဆင့္အထိ အယူခံတင္ျပထားတာ ျဖစ္ပါတယ္။

အဲဒီတရားမမႈကို ေအာက္ရံုးအဆင့္ဆင့္က ဒီဂရီ ခ်မွတ္ထားၿပီး ျဖစ္ေပမယ့္ ျပည္ေထာင္စုအဆင့္မွာ အျပီး အသတ္အမိန္႔ခ်ဖို႔ ရက္ပိုင္းတာ လိုေတာ့တဲ႔အေပၚ အဲဒီအမိန္႔ကို ေစာင့္ဆိုင္းျပီးမွ အပ္ႏွံေပးဖို႔ ေတာင္းဆိုခဲ႔ေပမယိ့ တရားရံုးတာဝန္ရွိသူေတြက ျငင္းဆန္ခဲ႔တာပါ။

အင္တာဗ်ဴး ကိုစြန္တီ
တရားရံုးအမိန္႔ျဖင့္ ဖယ္ရွားခံရသူ

အခုလိုအျပီးသတ္ အပ္ႏွံလိုက္ရတာ တဲ႔အတြက္ ျပည္ေထာင္စု အဆင့္ ေနာက္ဆံုးၾကားနာမႈမွာ အႏိုင္ဒီဂရီ ျပန္လည္ ရရွိခဲ႔ရင္ တဖက္ကို ျပန္လည္ တရားစြဲဆိုျပီး အမႈကို အစကေန ျပန္လည္ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြေယာအမှုတစ်ခုကို ပြည်ထောင်စုအဆင့်ကနေ အပြီးအပြတ် အမိန့်မချခင် အပြီးအပ်ဝရမ်းနဲ့ သိမ်းဆည်းခဲ့တဲ့အတွက် နှစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN မန္တလေး သတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

ပြည်ထောင်စု အဆင့်မှာ ပြန်လည်ကြားနာတဲ့ မြေယာ အမှုတစ်ခုကို အပြီးသတ်အမိန့်အချခင် ဆယ့်ငါးရက်အလိုမှာ ခရိုင်တရားရုံးကနေ အပြီးအပ်ဝရမ်းနဲ့ ဝင်ရောက်သိမ်းဆည်းခဲ့တဲ့အတွက် တရားရုံးကတာဝန်ရှိသူတွေနဲ့ မြေယာ ပိုင်ရှင် ဆိုသူအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ မြေယာပိုင်ရှင် ဆိုသူတွေက တရားရုံးက အပ်နှံခိုင်းမှုကို ဖယ်ရှားမပေးပဲ ပိတ်ဆို့ထားတဲ့အတွက် အခုလို ဖြစ်ပွားခဲ့တာပါ။

အင်တာဗျူး ဦး စောဝီလီ ပြန်ကြားရေးအရာရှိ
မန္တလေးခရိုင်တရားရုံး

အဲ့ဒီအမှု မှာရှုံးနိမ့်ခဲ့သူက မြေယာ ပိုင်ဆိုင်ကြောင်း ဂရမ်တင် ပြနိုင်ပေမယ့် တစ်ဖက်က တင်ပြတဲ့ အရပ်ကတိ စာချုပ်ကို အနိုင်ပေးခဲ့အတွက် ပြည်ထောင်စုအဆင့်အထိ အယူခံတင်ပြထားတာ ဖြစ်ပါတယ်။

အဲဒီတရားမမှုကို အောက်ရုံးအဆင့်ဆင့်က ဒီဂရီ ချမှတ်ထားပြီး ဖြစ်ပေမယ့် ပြည်ထောင်စုအဆင့်မှာ အပြီး အသတ်အမိန့်ချဖို့ ရက်ပိုင်းတာ လိုတော့တဲ့အပေါ် အဲဒီအမိန့်ကို စောင့်ဆိုင်းပြီးမှ အပ်နှံပေးဖို့ တောင်းဆိုခဲ့ပေမယိ့ တရားရုံးတာဝန်ရှိသူတွေက ငြင်းဆန်ခဲ့တာပါ။

အင်တာဗျူး ကိုစွန်တီ
တရားရုံးအမိန့်ဖြင့် ဖယ်ရှားခံရသူ

အခုလိုအပြီးသတ် အပ်နှံလိုက်ရတာ တဲ့အတွက် ပြည်ထောင်စု အဆင့် နောက်ဆုံးကြားနာမှုမှာ အနိုင်ဒီဂရီ ပြန်လည် ရရှိခဲ့ရင် တဖက်ကို ပြန်လည် တရားစွဲဆိုပြီး အမှုကို အစကနေ ပြန်လည် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)