လက္ရွိ ဘ႑ာႏွစ္ ပထမ ၆ လအတြင္း အက်င့္ပ်က္ အခြန္၀န္ထမ္း ၁၇ ဦးအား အေရးယူထား (႐ုပ္/သံ)

0
257

အခု ၂၀၁၇ – ၁၈ ဘ႑ာႏွစ္ရဲ႕ ပထမ ၆ လအတြင္းမွာ အက်င့္ပ်က္ အခြန္၀န္ထမ္း ၁၇ ဦး ကို အေရးယူထားတယ္လုိ႔ သိရပါတယ္။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

အခြန္၀န္ထမ္းေတြနဲ႔ ပတ္သက္ျပီး ျပဳျပင္ျပီး ၾကိဳးစားေနတဲ့ ၀န္ထမ္းေတြရွိသလို အက်င့္ဆိုးေတြ မေပ်ာက္ေသးတဲ့ ၀န္ထမ္းေတြလည္း ရွိေနတဲ့အတြက္ ၀န္ထမ္းအျဖစ္ကေန ထုတ္ပယ္တဲ့ အထိ အေရးယူမႈေတြ ျပဳလုပ္ေနတယ္လုိ႔ သိရပါတယ္။ ျပီးခဲ့တဲ့ႏွစ္က ၀န္ထမ္း ၂၆ ဦးကို အေရးယူခဲ့ျပီး အခုႏွစ္ပထမ ၆ လအတြင္းမွာေတာ့ ၀န္ထမ္း ၁၇ ဦးကို အေရးယူထားတယ္လုိ႔ စီမံ/ဘ႑ာဒု၀န္ၾကီး ဦးေမာင္ေမာင္၀င္းက မတ္လ ၈ ရက္က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေ၀းအတြင္း ေျပာပါတယ္။

Sound – ဦးေမာင္ေမာင္၀င္း ( ဒုတိယ၀န္ၾကီး၊စီမံကိန္းႏွင့္ဘ႑ာေရး၀န္ၾကီး႒ာန)

တိုင္းေဒသၾကီးနဲ႔ျပည္နယ္အလိုက္ ၀င္ေငြခြန္/ကုန္သြယ္လုပ္ငန္းခြန္ အမ်ားဆံုးထမ္းေဆာင္သူေတြကို ႏုိင္ငံပိုင္သတင္းစာ ေတြမွာ ထည့္သြင္းေဖာ္ျပေပးေနသလို အခြန္ေရွာင္သူေတြကိုလည္း ေၾကညာေပးလ်က္ရွိတယ္လို႔ သိရပါတယ္။ အခြန္ေၾကြးက်န္ေကာက္ခံရရွိမႈအေနနဲ႔လည္း ထက္၀က္ေက်ာ္နီးပါးေလာက္ ေကာက္ခံရရွိျပီးျဖစ္တယ္လို႔ စီမံ/ဘ႑ာ ဒု၀န္ၾကီးက ေျပာပါတယ္။

Sound – ဦးေမာင္ေမာင္၀င္း ( ဒုတိယ၀န္ၾကီး၊စီမံကိန္းႏွင့္ဘ႑ာေရး၀န္ၾကီး႒ာန)

အထူးကုန္စည္ခြန္ ေကာက္ခံရရွိမႈအေနနဲ႔လည္း အခုႏွစ္ ပထမ ၆ လအတြင္းမွာ က်ပ္ေငြ ၄၅၉ ဘီလီယံ ေကာက္ခံရရွိထားျပီး ယခင္ႏွစ္အလားတူကာလထက္ က်ပ္ ၁၀၁ ဘီလီယံ တိုးလာတယ္လို႔ သိရပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အခု ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လအတွင်းမှာ အကျင့်ပျက် အခွန်ဝန်ထမ်း ၁၇ ဦး ကို အရေးယူထားတယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက် ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

အခွန်ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြီး ကြိုးစားနေတဲ့ ဝန်ထမ်းတွေရှိသလို အကျင့်ဆိုးတွေ မပျောက်သေးတဲ့ ဝန်ထမ်းတွေလည်း ရှိနေတဲ့အတွက် ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်တဲ့ အထိ အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝန်ထမ်း ၂၆ ဦးကို အရေးယူခဲ့ပြီး အခုနှစ်ပထမ ၆ လအတွင်းမှာတော့ ဝန်ထမ်း ၁၇ ဦးကို အရေးယူထားတယ်လို့ စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်းက မတ်လ ၈ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း ပြောပါတယ်။

Sound – ဦးမောင်မောင်ဝင်း ( ဒုတိယဝန်ကြီး၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန)

တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ဝင်ငွေခွန်/ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူတွေကို နိုင်ငံပိုင်သတင်းစာ တွေမှာ ထည့်သွင်းဖော်ပြပေးနေသလို အခွန်ရှောင်သူတွေကိုလည်း ကြေညာပေးလျက်ရှိတယ်လို့ သိရပါတယ်။ အခွန်ကြွေးကျန်ကောက်ခံရရှိမှုအနေနဲ့လည်း ထက်ဝက်ကျော်နီးပါးလောက် ကောက်ခံရရှိပြီးဖြစ်တယ်လို့ စီမံ/ဘဏ္ဍာ ဒုဝန်ကြီးက ပြောပါတယ်။

Sound – ဦးမောင်မောင်ဝင်း ( ဒုတိယဝန်ကြီး၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန)

အထူးကုန်စည်ခွန် ကောက်ခံရရှိမှုအနေနဲ့လည်း အခုနှစ် ပထမ ၆ လအတွင်းမှာ ကျပ်ငွေ ၄၅၉ ဘီလီယံ ကောက်ခံရရှိထားပြီး ယခင်နှစ်အလားတူကာလထက် ကျပ် ၁၀၁ ဘီလီယံ တိုးလာတယ်လို့ သိရပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)