ေဒါက္တာေအးေမာင္ မူရင္းစီဒီေခြကို သက္ေသခံအျဖစ္ မတင္သြင္းရေသးတာေၾကာင့္ ဖြင့္ျပဖို႔ တရား႐ုံးက ပယ္ခ် (႐ုပ္/သံ)

0
277

ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တို႔အမႈမွာ တရားခံဘက္က တင္သြင္းခဲ့တဲ့ မူရင္းစီဒီေခြကို သက္ေသခံအျဖစ္ မတင္သြင္းရေသးတာေၾကာင့္ ဖြင့္ျပရန္အေၾကာင္းမ႐ွိဘူးဆိုၿပီး တရား႐ံုးက ပယ္ခ်လိုက္ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ေဟာေျပာပြဲေၾကာင့္ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တို႔အမႈမွာ တရားခံဘက္ကတင္ျပခဲ့တဲ့ ေဟာေျပာခ်က္မူရင္းစီဒီေခြကို သက္ေသခံအျဖစ္မတင္သြင္းရေသးတာေၾကာင့္ ဖြင့္ျပဖို႔ မ႐ွိဘူးဆိုၿပီး တရား႐ံုးကပယ္ခ်ခဲ့တာပါ။

အခုလို ေဟာေျပာခဲ့တဲ့မူရင္း စီဒီေခြကို သက္ေသအျဖစ္တင္သြင္းခဲ့တာဟာ တရားလိုဘက္က ထြက္ဆိုခ်က္ ေတြဟာ စြပ္စြဲထားတဲ့သက္ေသစာ႐ြက္စာတမ္းေတြနဲ႔ ကြဲလြဲေနတဲ့တာေၾကာင့္ တိုက္ဆိုင္စစ္ေမးဖို႔အတြက္ တင္သြင္းခဲ့တာ ျဖစ္တယ္လို႔ စာေရးဆရာ ေ၀ဟာင္ေအာင္ရဲ႕ ေရွ႕ေနက ေျပာပါတယ္။

အင္တာဗ်ဴး – ေဒၚေအးႏုစိန္ (တရားလႊတ္ေတာ္ေ႐ွ႕ေန)
စာေရးဆရာေဝဟင္ေအာင္အမႈကို လိုက္ပါေဆာင္႐ြက္သူ

လက္႐ွိမွာေတာ့ တရားလိုဘက္က သက္ေသကို စစ္ေဆးတဲ့အခါမွာ ေဟာေျပာခ်က္ေတြထဲက ဘယ္အခ်က္ေတြနဲ႔ ၿငိစြန္းေနတယ္ဆိုတာကို တိတိက်က်ထြက္ဆိုႏုိင္တာမ႐ွိဘဲ သြယ္ဝိုက္တဲ့နည္းလမ္းေတြနဲ႔ လိုရာဆြဲယူေနတာေၾကာင့္ တရားခံဘက္က ေ႐ွ႕ေနေတြက အမႈအေပၚမွာ သံသယ႐ွိေနၾကတာပါ။

အင္တာဗ်ဴး – ေဒၚေအးႏုစိန္ (တရားလႊတ္ေတာ္ေ႐ွ႕ေန)
စာေရးဆရာေဝဟင္ေအာင္အမႈကို လိုက္ပါေဆာင္႐ြက္သူ

အဲဒီအမႈမွာ တရားလိုျဖစ္တဲ့ ရေသ့ေတာင္ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးေက်ာ္ႏုကို ၿပီးခဲ့တဲ့႐ံုးခ်ိန္းက စတင္စစ္ေဆးခဲ့တာျဖစ္ၿပီး မတ္္လ ၁၄ ရက္ေန႔ ပဥၥမအႀကိမ္ေျမာက္႐ံုးခ်ိန္းမွာေတာ့ စီဒီေခြကိုသိမ္းဆည္းခဲ့တဲ့ ရဲအုပ္သိန္းေ႐ႊကို စစ္ေဆးသြားမွာျဖစ္တယ္လို႔ ေဒါက္တာေအးေမာင္ရဲ႕ေ႐ွ႕ေန ဦးေအာင္ေက်ာ္စိန္က ေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အမှုမှာ တရားခံဘက်က တင်သွင်းခဲ့တဲ့ မူရင်းစီဒီခွေကို သက်သေခံအဖြစ် မတင်သွင်းရသေးတာကြောင့် ဖွင့်ပြရန်အကြောင်းမရှိဘူးဆိုပြီး တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ဟောပြောပွဲကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အမှုမှာ တရားခံဘက်ကတင်ပြခဲ့တဲ့ ဟောပြောချက်မူရင်းစီဒီခွေကို သက်သေခံအဖြစ်မတင်သွင်းရသေးတာကြောင့် ဖွင့်ပြဖို့ မရှိဘူးဆိုပြီး တရားရုံးကပယ်ချခဲ့တာပါ။

အခုလို ဟောပြောခဲ့တဲ့မူရင်း စီဒီခွေကို သက်သေအဖြစ်တင်သွင်းခဲ့တာဟာ တရားလိုဘက်က ထွက်ဆိုချက် တွေဟာ စွပ်စွဲထားတဲ့သက်သေစာရွက်စာတမ်းတွေနဲ့ ကွဲလွဲနေတဲ့တာကြောင့် တိုက်ဆိုင်စစ်မေးဖို့အတွက် တင်သွင်းခဲ့တာ ဖြစ်တယ်လို့ စာရေးဆရာ ဝေဟာင်အောင်ရဲ့ ရှေ့နေက ပြောပါတယ်။

အင်တာဗျူး – ဒေါ်အေးနုစိန် (တရားလွှတ်တော်ရှေ့နေ)
စာရေးဆရာဝေဟင်အောင်အမှုကို လိုက်ပါဆောင်ရွက်သူ

လက်ရှိမှာတော့ တရားလိုဘက်က သက်သေကို စစ်ဆေးတဲ့အခါမှာ ဟောပြောချက်တွေထဲက ဘယ်အချက်တွေနဲ့ ငြိစွန်းနေတယ်ဆိုတာကို တိတိကျကျထွက်ဆိုနိုင်တာမရှိဘဲ သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ လိုရာဆွဲယူနေတာကြောင့် တရားခံဘက်က ရှေ့နေတွေက အမှုအပေါ်မှာ သံသယရှိနေကြတာပါ။

အင်တာဗျူး – ဒေါ်အေးနုစိန် (တရားလွှတ်တော်ရှေ့နေ)
စာရေးဆရာဝေဟင်အောင်အမှုကို လိုက်ပါဆောင်ရွက်သူ

အဲဒီအမှုမှာ တရားလိုဖြစ်တဲ့ ရသေ့တောင်မြို့မစခန်းမှူး ဒုရဲမှူးကျော်နုကို ပြီးခဲ့တဲ့ရုံးချိန်းက စတင်စစ်ဆေးခဲ့တာဖြစ်ပြီး မတ်လ ၁၄ ရက်နေ့ ပဉ္စမအကြိမ်မြောက်ရုံးချိန်းမှာတော့ စီဒီခွေကိုသိမ်းဆည်းခဲ့တဲ့ ရဲအုပ်သိန်းရွှေကို စစ်ဆေးသွားမှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ရဲ့ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)