ဒေသခံတွေကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်

0
85

ဒေသခံတွေ ကိုယ်တိုင်ရေးဆွဲထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာနက ကျေးလက်နေပြည်သူတွေလူနေမှုဘဝမြင့်မားရေးနဲ့ ဆင်းရဲမှု လျော့ချရေးအတွက် ကျေးရွာဖွ့ံဖြိုးရေးစီမံကိန်းတွေကို နှစ်စဉ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ကျီကုန်းကျေးရွာမှာ ဒေသခံတွေကိုယ်တိ်ုင် ရေးဆွဲထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖေါ်နိုင်ဖို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Soundbite ဒေါ်ခင်စိုးဝင်း (ဦးစီးမှူး) ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန

ကျီကုန်းကျေးရွာအနေနဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ကျေးရွာဖွ့ံဖြိုးရေး ပထမနှစ်စီမံကိန်းအတွက် တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေ ကျပ်သိန်းတရာကို ကျေးရွာဒေသခံ တွေကိုယ်တိုင် စီမံကိုင်တွယ်အသုံးပြုရမှာဖြစ်ပြီး၊ ကျီကုန်းကျေးရွာ စံပြလမ်း ကွန်ကရစ်လမ်းခင်းဖို့၊ ကျေးရွာချင်းဆက် ချောင်းကူးတံတားတည်ဆောက်ဖို့နဲ့ ကုန်ထုတ်လမ်းလုပ်ပေးဖို့ စတဲ့ အချက် ၅ ချက်ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Soundbite ဦးထွန်းလှ (ကျေးရွာကော်မတီဥက္ကဋ္ဌ) ကျီကုန်းကျေးရွာ၊ ချောင်းဦးမြို့နယ်

ခွောငြးဦးမှို့နယြ ကွေးလကဒြသဖှေံ့ဖှိုးတိုးတကရြေးဦးစီးဌာနက ၂၀၁၈-၁၉ ဘဏျဍာနှဈမှာ ကွေးရှာဖှံ့ဖှိုးရေး စီမံကိနြးအဖှဈ ကွေးရှာ ၁၆ ရှာမှာ အကောငအြထညဖြောဆြောငရြှကပြေးခဲ့ပှီး၊ ၂၀၁၉-၂၀ ဘဏျဍာနှဈမှာ ကွေးရှာ ၁၆ ရှာကို အကောငအြထညြ ဖောဆြောငရြှကပြေးနတော ဖှဈပါတယြ ခငဗြွာ။


ဒေသခံတွေ ကိုယ်တိုင်ရေးဆွဲထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာနက ကျေးလက်နေပြည်သူတွေလူနေမှုဘဝမြင့်မားရေးနဲ့ ဆင်းရဲမှု လျော့ချရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းတွေကို နှစ်စဉ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ကျီကုန်းကျေးရွာမှာ ဒေသခံတွေကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖေါ်နိုင်ဖို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Soundbite  ဒေါ်ခင်စိုးဝင်း (ဦးစီးမှူး) ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျီကုန်းကျေးရွာအနေနဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ကျေးရွာဖွံ့ဖြိုးရေး ပထမနှစ်စီမံကိန်းအတွက် တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေ ကျပ်သိန်းတရာကို ကျေးရွာဒေသခံ တွေကိုယ်တိုင် စီမံကိုင်တွယ်အသုံးပြုရမှာဖြစ်ပြီး၊ ကျီကုန်းကျေးရွာ စံပြလမ်း ကွန်ကရစ်လမ်းခင်းဖို့၊ ကျေးရွာချင်းဆက် ချောင်းကူးတံတားတည်ဆောက်ဖို့နဲ့ ကုန်ထုတ်လမ်းလုပ်ပေးဖို့ စတဲ့ အချက် ၅ ချက်ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Soundbite  ဦးထွန်းလှ (ကျေးရွာကော်မတီဥက္ကဋ္ဌ) ကျီကုန်းကျေးရွာ၊ ချောင်းဦးမြို့နယ်

ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် ကျေးရွာ ၁၆ ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ကျေးရွာ ၁၆ ရွာကို အကောင်အထည် ဖော်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ် ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)