ပုသိမ်မြို့မှာ အလွတ်တန်း ဘိလိယက်နဲ့စနူကာပြိုင်ပွဲ ကျင်းပ (ရုပ်/သံ)

0
1024






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုသိမ်မြို့မှာ ဘိလိယက်အားကစားသမားတွေ ပေါ်ထွက်လာစေရေးအတွ့က် အလွတ်တန်းဘိလိယက်နဲ့စနူကာပြိုင်ပွဲ ကျင်းပခဲ့ပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ် ။

ဘိလိယက် အားကစားသမားတွေ ပေါ်ထွက်လာစေရေးရည်ရွယ်ချက်နဲ့ lucky star စနူကာကလပ်နဲ ့အားကစားဝန်ကြီးဌာနမြန်မာနိင်ငံဘိလိယက်နဲ့စနူကာအဖွဲ့ချုပ်တို့ပူးပေါင်းပြီး ပုသိမ်မြို့ lucky star စနူကာကလပ်မှာ အလွတ်တန်းဘိလိယက်နဲ့စနူကာပြိုင်ပွဲကျင်းပခဲ့ပါတယ်။
ဧရာဝတီတိုင်းအနေနဲ့ အခုလိုအလွတ်တန်းဖိတ်ခေါ်ပြိုင်ပွဲကျင်းပနိင်ခဲ့တာ ပထမဆုံးဖြစ်ပြီး ဒီပြိင်ပွဲမှာ မြန်မာနိင်ငံလက်ရွေးစင်အားကစားသမားတွေပါဝင်ပြီး ပူးတွဲယှဉ်ပြိုင်ကြတာဖြစ်ပါတယ် ။

Soundbite 1 ၊ဦးခင်မောင်ဦးအတွင်းရေးမှူး( မြန်မာနိင်ငံဘိလိယက်နဲ့စနူကာအားကစားအဖွဲ့ချုပ်)

အခုလိုပြိုင်ပွဲကျင်းပရတာက နယ်ခံရွက်ပုန်းသီး ဝါသနာရှင်လူငယ်တွေ နိင်ငံလက်ရွေးစင်အဆင့်ထိ ပေါ်ထွက်လာစေဖို့ရည်ရွယ်ထားကြောင်း Lucky Star ဘိလိယက်နဲ့စနူကာ ကလပ်ပိုင်ရှင်ကပြောပါတယ် ။

Soundbite 2 ဦးဇော်မင်း(Lucky Star ဘိလိယက်နဲ့စနူကာ ကလပ်ပိုင်ရှင်)

အားကစားဝန်ကြီးဌာန မြန်မာနိင်ငံဘိလိယက်နဲ့စနူကာအားကစားအဖွဲ့ချုပ်အနေနဲ့ နိင်ငံတစ်ကာအဆင့်မှီ လူငယ်အားကစားသမားတွေ ပေါ်ထွက်လာစေဖို့အတွက် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဘိလိယက်နဲ့စနူကာအဖွဲ့ချုပ်များ ဖွဲ့စည်းဖို့လုပ်ဆောင်နေပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)