ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နဲ့ LDSC အဖွဲ့တို့ ပူးပေါင်းပြီးတော့ ခြေတုတွေအခမဲ့ တပ်ဆင်ပေး(ရုပ်/သံ)

0
340






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်က မသန်စွမ်းတွေအတွက် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နဲ့ LDSC အဖွဲ့တို့ ပူးပေါင်းပြီးတော့ ခြေတုတွေအခမဲ့ တပ်ဆင်ပေးခဲ့ကြပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၆ ခုမှာရှိနေတဲ့ မသန်စွမ်းသူ ၄၈ ယောက်အတွက် လိုအပ်နေတဲ့ခြေတုတွေကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နဲ့ LDSC အဖွဲ့တို့ပူးပေါင်းပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့က အအခမဲ့ တပ်ဆင်ပေးခဲ့ပါတယ်။
အခုလို ခြေတုတွေတပ်ဆင်ပေးရတာက ခြေပြတ်နေတဲ့မသန်စွမ်းသူတွေဟာ ဝင်ငွေနည်းပါးမှုကြောင့် ဘဝရပ်တည်ဖို့ ခက်ခဲနေတဲ့အတွက် ကိုယ်ပိုင်ဝင်ငွေရရှိရေး အလုပ်အကိုင်တွေလုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ပေးခဲ့ကြတာပါ ။

Soundbite – ဦးမြတ်သူဝင်း (ဥက္ကဋ္ဌ)ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းတွေဟာ အဖက်ဖက်ကနိမ့်ကျနေတာကြေင့် အလုပ်အကိုင်ရရှိရေးအတွက် မသန်စွမ်းတွေရဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေကို အရှိန်အဟုန်နဲ့ မြှင့်တင်ပေးဖို့ လိုအပ်နေသေးတာပါ။

Soundbite – ဦးမြတ်သူဝင်း (ဥက္ကဋ္ဌ)ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းတွေရဲ့အခြေခံလိုအပ်ချက်တွေအတွက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ သုတေသနစစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ခဲထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)