ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ဖြံ႔ၿဖိဳးေရး ျပည္သူ႔လႊတ္ေတာ္မွာ ေဆြးေႏြးမယ္ (႐ုပ္/သံ)

0
327

ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာရွိေနတဲ့ ႒ာေနတုိင္းရင္းသားေတြအတြက္ဖြံ႔ျဖိဳးေရးလုပ္ငန္းေတြေဆာင္ရြက္ေပးဖို႔ အဆုိကို ျပည္သူ႔လႊတ္ေတာ္က လက္ခံေဆြးေႏြးဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသက ေဒသခံတုိင္းရင္းသားေတြ အတြက္ ဖြ႔ံၿဖိဳးေရးအစီအစဥ္ေတြေဆာင္ရြက္ေပးဖို႔ အဆုိကို ဘူးသီးေတာင္မဲဆႏၵနယ္က ဦးေအာင္ေသာင္းေရႊက ေဖေဖၚ၀ါရီ ၇ ရက္ေန႔က ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းမွာ တင္သြင္းခဲ့တာပါ။

ဦးေအာင္ေသာင္းေရႊဟာ ဒီအဆုိကို ျပီးခဲ့တဲ့ ၃လကျပဳလုပ္ခဲ့တဲ့ ဆ႒မအၾကိမ္ပံုမွန္အစည္းအေ၀းထဲကတင္သြင္းခဲ့တာျဖစ္ေပမယ္႔ အခုသတၱမပံုမွန္အစည္းအေ၀းမွာမွ တင္သြင္းခြင့္ရခဲ့တာျဖစ္ပါတယ္။

Soundbite – ဦးေအာင္ေသာင္းေရႊ ( ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ဘူးသီးေတာင္မဲဆႏၵနယ္)

ရခုိင္ျပည္နယ္မွာ ဘဂၤလီအၾကမ္းဖက္သမားေတြရဲ႕ အၾကမ္းဖက္မႈေတြျဖစ္ပြားခဲ႔တဲ႔ ေနာက္ပိုင္းမွာ ႒ာနေနတုိင္းရင္းသား ေနထုိင္မႈဟာ နည္းပါးလာခဲ့ျပီး ဘဂၤလီအေရအတြက္ကေတာ့ မ်ားျပားလာခဲ့တယ္လို႔ အဆိုရွင္ကေျပာပါတယ္ ။
ဒီလိုမ်ိဳးျပသနာေတြျဖစ္ပြားရတာဟာ အစဥ္အဆက္ နယ္စပ္ေရးရာလူ၀င္လူထြက္မထိန္းခ်ဳပ္ႏုိင္တာေတြေၾကာင့္ျဖစ္ျပီး ေနာက္တစ္ၾကိမ္အျဖစ္ဆုိးေတြမျဖစ္ေစဖို႔ စီမံခန္႔ခြဲဖုိ႔လိုအပ္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေ၀ က ေျပာပါတယ္။

Soundbite – ေဒၚခင္ေစာေ၀ ( ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ ရေသ့ေတာင္မဲဆႏၵနယ္)

ဦးေအာင္ေသာင္းေရႊရဲ႕ အဆုိနဲ႔ ပတ္သက္ျပီး လက္ခံေဆြးေႏြးဖို႔ ျပည္သူ႔လႊတ္ေတာ္က အတည္ျပဳခဲ့ျပီး ေဆြးေႏြးလိုတဲ့ ကိုယ္စားလွယ္ေတြဟာ ေဖေဖၚ၀ါရီ ၈ ရက္ကိုေနာက္ဆံုးထားျပီး အမည္စာရင္းတင္သြင္းရမွာျဖစ္ပါတယ္ခင္ဗ်ာ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ ဋ္ဌာနေတိုင်းရင်းသားတွေအတွက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ပေးဖို့ အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက် ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ဒေသခံတိုင်းရင်းသားတွေ အတွက် ဖွံ့ဖြိုးရေးအစီအစဉ်တွေဆောင်ရွက်ပေးဖို့ အဆိုကို ဘူးသီးတောင်မဲဆန္ဒနယ်က ဦးအောင်သောင်းရွှေက ဖေဖေါ်ဝါရီ ၇ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။

ဦးအောင်သောင်းရွှေဟာ ဒီအဆိုကို ပြီးခဲ့တဲ့ ၃လကပြုလုပ်ခဲ့တဲ့ ဆဋ္ဌမအကြိမ်ပုံမှန်အစည်းအဝေးထဲကတင်သွင်းခဲ့တာဖြစ်ပေမယ့် အခုသတ္တမပုံမှန်အစည်းအဝေးမှာမှ တင်သွင်းခွင့်ရခဲ့တာဖြစ်ပါတယ်။

Soundbite – ဦးအောင်သောင်းရွှေ ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဘူးသီးတောင်မဲဆန္ဒနယ်)

ရခိုင်ပြည်နယ်မှာ ဘင်္ဂလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ နောက်ပိုင်းမှာ ဋ္ဌာနနေတိုင်းရင်းသား နေထိုင်မှုဟာ နည်းပါးလာခဲ့ပြီး ဘင်္ဂလီအရေအတွက်ကတော့ များပြားလာခဲ့တယ်လို့ အဆိုရှင်ကပြောပါတယ် ။
ဒီလိုမျိုးပြသနာတွေဖြစ်ပွားရတာဟာ အစဉ်အဆက် နယ်စပ်ရေးရာလူဝင်လူထွက်မထိန်းချုပ်နိုင်တာတွေကြောင့်ဖြစ်ပြီး နောက်တစ်ကြိမ်အဖြစ်ဆိုးတွေမဖြစ်စေဖို့ စီမံခန့်ခွဲဖို့လိုအပ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

Soundbite – ဒေါ်ခင်စောဝေ ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရသေ့တောင်မဲဆန္ဒနယ်)

ဦးအောင်သောင်းရွှေရဲ့ အဆိုနဲ့ ပတ်သက်ပြီး လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေဟာ ဖေဖေါ်ဝါရီ ၈ ရက်ကိုနောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရမှာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)