ျပည္ျမိဳ႕မွာ MPT ဆက္သြယ္ေရးဖုန္းတာ၀ါတိုင္ မေဆာက္လုပ္ဖို႔ ဆႏၵျပ (႐ုပ္/သံ)

0
335

ျပည္ျမိဳ႕မွာ MPT ဆက္သြယ္ေရးဖုန္းတာ၀ါတိုင္ မေဆာက္လုပ္ဖို႔ ရပ္ကြက္ေနျပည္သူေတြက ကန္႕ကြက္ဆႏၵျပခဲ႔ၾကပါတယ္ ။ ဒီသတင္းကို MCNသတင္းေထာက္ဟန္ထူးေဇာ္ကေပးပို႕ထားပါတယ္ ။

ေဖေဖာ္၀ါရီလ ၈ရက္ေန႕က ျပည္ျမိဳ႕ ဆင္စုရပ္ကြက္ မိေခ်ာင္းရဲနယ္ေျမမွာ MPTဆက္သြယ္ေရးဖုန္းတာ၀ါတိုင္ေဆာက္လုပ္ေနတာကို မေဆာက္လုပ္ဖို႔ ရပ္ကြက္ေနျပည္ေတြက ကန္႕ကြက္ဆႏၵျပခဲ႔ၾကတာပါ ။တာ၀ါတိုင္ေဆာက္လုပ္ေနတာကို ရပ္ကြက္ေနျပည္သူေတြက သက္ဆိုင္ရာကို ကန္႕ကြက္စာေပးပို႕ျပီးကန္ကြက္ထာားေပမယ္႔ ဆက္လက္လုပ္ေဆာင္ေနတာေၾကာင့္ ဆႏၵျပရတာျဖစ္ပါတယ္ ။
Soundbite – မေဆြေဆြသက္(ဆင္စုရပ္ကြက္)

ရပ္ကြက္ေနျပည္သူေတြအေနနဲ႔ အခုလို လူေနရပ္ကြက္ထဲဖုန္းတာ၀ါတိုင္စိုက္ထူတာဟာ က်န္းမာေရးထိခိုက္လာနိုင္တာေတြနဲ႔ မလိုလားအပ္ေတဲ ျပႆနာေတြ ျဖစ္လာမွာကုိ စိုးရိမ္ေနၾကတာပါ ။

Soundbite – ေဒၚခင္ၾကည္နု(ဆင္စုရပ္ကြက္)

MPT ကဖုန္းတာ၀ါတိုင္ေဆာက္လုပ္ေနတာကို ရပ္ကြက္ေနျပည္သူေတြက ကန္႕ကြက္ထားတာေၾကာင့္ ဆက္လက္မေဆာက္ဖို႕ ကုမၸဏီကို ၂ၾကိမ္အေၾကာင္းၾကားစာ ေပးပို႕ထားေပမယ့္ ဆက္လက္လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ျမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကေျပာပါတယ္ ။

Soundbite – ဦးျမတ္ေက်ာ္ (ျပည္ျမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး)

အဲ့ဒီဆႏၵျပပဲြကို ျပည္ျမိဳ႕မိေခ်ာင္းရဲနယ္ေျမကစတင္ျပီး ျမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးရုံးအထိ လူအင္အား၂၀ေက်ာ္က လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္ ခင္ဗ်ာ ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်မြို့မှာ MPT ဆက်သွယ်ရေးဖုန်းတာဝါတိုင် မဆောက်လုပ်ဖို့ ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ။ ဒီသတင်းကို MCNသတင်းထောက်ဟန်ထူးဇော်ကပေးပို့ထားပါတယ် ။

ဖေဖော်ဝါရီလ ၈ရက်နေ့က ပြည်မြို့ ဆင်စုရပ်ကွက် မိချောင်းရဲနယ်မြေမှာ MPTဆက်သွယ်ရေးဖုန်းတာဝါတိုင်ဆောက်လုပ်နေတာကို မဆောက်လုပ်ဖို့ ရပ်ကွက်နေပြည်တွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ ။တာဝါတိုင်ဆောက်လုပ်နေတာကို ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ရာကို ကန့်ကွက်စာပေးပို့ပြီးကန်ကွက်ထားပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ဆန္ဒပြရတာဖြစ်ပါတယ် ။
Soundbite – မဆွေဆွေသက်(ဆင်စုရပ်ကွက်)

ရပ်ကွက်နေပြည်သူတွေအနေနဲ့ အခုလို လူနေရပ်ကွက်ထဲဖုန်းတာဝါတိုင်စိုက်ထူတာဟာ ကျန်းမာရေးထိခိုက်လာနိုင်တာတွေနဲ့ မလိုလားအပ်တေဲ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ ။

Soundbite – ဒေါ်ခင်ကြည်နု(ဆင်စုရပ်ကွက်)

MPT ကဖုန်းတာဝါတိုင်ဆောက်လုပ်နေတာကို ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်ထားတာကြောင့် ဆက်လက်မဆောက်ဖို့ ကုမ္ပဏီကို ၂ကြိမ်အကြောင်းကြားစာ ပေးပို့ထားပေမယ့် ဆက်လက်လုပ်ဆောင်နေတာဖြစ်တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပြောပါတယ် ။

Soundbite – ဦးမြတ်ကျော် (ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး)

အဲ့ဒီဆန္ဒပြပွဲကို ပြည်မြို့မိချောင်းရဲနယ်မြေကစတင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအထိ လူအင်အား၂၀ကျော်က လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ် ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)