❖ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးသီချင်: ပိတ်ပေးဖို့ ပြောဆိုရာ အစပြုတဲ့ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ခိုက်ရန်ဖြစ်ပွားမှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိထားသူ ကိုနေဝင်းဟာ ဘယ်ပါတီဝင်မှ မဟုတ်သလို အဲ့ဒီနေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် သူအနေနဲ့ ဘာတွေ ပြန်လည်ပြောကြားထားဆိုတာ တွေ့မြင်ကြရမှာပါ။
❖ ဒါ့အပြင် MCN သတင်းဌာနကို ပေးပို့ ထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့ ရဲစစ်ချက်အသံဖိုင်နဲ့ ပတ်သက်ပြီးတော့လည်း ထွက်ဆိုချက်တွေ မှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးလို့ ရအောင် ဖမ်းယူထားတဲ့ အသံဖိုင်ဖြစ်ပြီး လုပ်ကြံဖန်တီးမှု လုံးဝမရှိဘူးလို့လည်း မိသားစုတွေက တုန့်ပြန်ထားပါတယ်။
❖ အပြည့်အစုံကို MCN သတင်းဌာနရဲ့ သတင်းထောက် မတင်မာဆွေ ကိုယ်တိုင် သွားရောက် တွေ့ဆုံမေးမြန်းပြီး ကိုထွန်းလင်းဦးက ရိုက်ကူးပေးပို့ထားပါတယ်။