NLD ပါတီဝင် ရန်ပွဲနဲ့ ပတ်သက်ပြီး မဆိုင်သူတွေကို ဖမ်းနေမယ့်အစား တစ်ရွာလုံးကို လာဖမ်းဖို့ ပြောကြား

0
14826

❖ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက NLD ပါတီဝင် မိသားစုနဲ့ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲနဲ့ ပက်သက်ပြီး မသက်ဆိုင်သူတွေကို ဖမ်းဆီးနေမယ့်အစား တစ်ရွာလုံးကိုသာ လာရောက် ဖမ်းဆီးကြတော့ဖို့ ရပ်မိရပ်ဖတွေက ပြောကြားလိုက်ပါတယ်။

❖ အဲ့ဒီရန်ပွဲနဲ့ပတ်သက်ပြီး သက်ဆိုင်မှုမရှိတဲ့ ရွာခံ ၁၉ ဦးကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ (၆၁) နဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ် အခင်းပြစ်ပွားတဲ့ ညက ကိုယ်တိုင်ကျေးရွာလူထုကို ထိန်းသိမ်းပေးခဲ့သူ ကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးမြဝင်းက ပြောကြားလိုက်တာပါ။

❖ ဒီလို ပြောကြားရာမှာတော့ အခင်းဖြစ်ပွားခဲ့တဲ့ အောက်တိုဘာ (၃) ရက်နေ့ညက ဖြစ်စဉ်အတွင်း မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ NLD ပါတီဝင် မိသားစုတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့အတူ အဲ့ဒီညက ဘာတွေ ဘယ်လို ဖြစ်ပွားခဲ့တယ်ဆိုတာတွေကိုပါ အသေးစိတ်ကို ထုတ်ဖော်ပြောကြားလိုက်တာပါ။

❖ အပြည့်အစုံကို MCN သတင်းဌာနရဲ့ သတင်းထောက် မတင်မာဆွေက ကိုယ်တိုင်သွားရောက် တွေ့ဆုံမေးမြန်းပြီး ကိုထွန်းလင်းဦးက ရိုက်ကူးပေးပို့ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)