တနသၤာရီၿမိဳ႕႐ွိ ေ႐ွးေဟာင္းၿမိဳ႕ေတာ္ကို ေဒသခံေတြကိုယ္တိုင္ ထိန္းသိမ္း ေစာင့္ေ႐ွာက္ဖို႔ လိုလားေန

0
522
devices -->

တနသၤာရီၿမိဳ႕႐ွိ ေ႐ွးေဟာင္းၿမိဳ႕ေတာ္ကို ယဥ္ေက်းမႈဇုန္အျဖစ္ သတ္မွတ္ဖို႔ သေဘာမတူဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီသတင္းကို MCN ၿမိတ္သတင္းေထာက္ ေဇာ္ေဇာ္က ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

တနသၤာရီၿမိဳ႕ရွိ ေရွးေဟာင္း ယဥ္ေက်းမႈၿမိဳ႕ေဟာင္းကို တနသၤာရီတိုင္းေဒသႀကီးအစိုးရ အေနနဲ႔ ထိန္းသိမ္း ေစာင္႔ေရွာက္ဖို႔ လႊတ္ေတာ္မွာ ေမးျမန္းခဲ႔တဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္က ေဒသခံေတြနဲ႔ မတ္လ ၄ ရက္ေန႔မွာ ေတြ႔ဆုံၿပီး ေ႐ွးေဟာင္းၿမိဳ႕ေတာ္ကို ယဥ္ေက်းမႈဇုန္အျဖစ္ သတ္မွတ္ဖို႔ ေဆြးေႏြးခဲ႔ပါတယ္။
ဒါေပမယ့္ ေဒသခံေတြက တနသၤာရီၿမိဳ႕႐ွိ ေ႐ွးေဟာင္းၿမိဳ႕ေတာ္ကို ေဒသခံေတြကိုယ္တိုင္ ထိန္းသိမ္းေစာင့္ေ႐ွာက္ဖို႔ လိုလားေနၾကၿပီး ယဥ္ေက်းမႈဇုန္အျဖစ္သတ္မွတ္မွာကို ကန္႔ကြက္ခဲ႔တာပါ။

Soundbite ေဒၚရီရီေအာင္ (ေဒသခံ)
ေခ်ာင္းႀကီးရပ္ကြက္၊ တနသၤာရီၿမိဳ႕

အဲဒီ ၿမိဳ႕ေဟာင္းကို ယဥ္ေက်းမႈဇုန္အျဖစ္ သတ္မွတ္ႏိုင္ဖို႔ ပညာရွင္ေတြက လာေရာက္ စီစစ္ဖို႔ ရွိေနတာလည္း ျဖစ္ပါတယ္။
ၿမိဳ႕ေဟာင္းကို ယဥ္ေက်းမႈဇုန္အျဖစ္ သတ္မွတ္လိုက္ပါက လက္႐ွိ ၿမိဳ႕ေဟာင္းေပၚမွာေနထိုင္ေနၾကတဲ႔ သူေတြကို ဖယ္႐ွားမွာကို စိုးရိမ္ေနၾကတာလည္း ျဖစ္ပါတယ္။

Soundbite ဦးရဲျမင္႔ေဆြ (တနသၤာရီ မဲဆႏၵနယ္ အမွတ္ ၂)
တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္

တနသၤာရီတိုင္းေဒသႀကီးအတြင္းမွာ ေ႐ွးေဟာင္းၿမိဳ႕ေတာ္ ၇ ခု႐ွိေနၿပီး၊ ထားဝယ္ၿမိဳ႕႐ွိ သာဂရၿမိဳ႕ေဟာင္း ကို ယဥ္ေက်းမႈဇုန္ အျဖစ္ ၂၀၁၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလက သတ္မွတ္ခဲ႔ကာ၊ မုတၱီးၿမိဳ႕ေဟာင္္းကို ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလက ကြင္းဆင္း စစ္ေဆးခဲ႔တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တနင်္သာရီမြို့ရှိ ရှေးဟောင်းမြို့တော်ကို ဒေသခံတွေကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုလားနေ

တနင်္သာရီမြို့ရှိ ရှေးဟောင်းမြို့တော်ကို ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ဖို့ သဘောမတူဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို MCN မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

တနင်္သာရီမြို့ရှိ ရှေးဟောင်း ယဉ်ကျေးမှုမြို့ဟောင်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ အနေနဲ့ ထိန်းသိမ်း စောင့်ရှောက်ဖို့ လွှတ်တော်မှာ မေးမြန်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်က ဒေသခံတွေနဲ့ မတ်လ ၄ ရက်နေ့မှာ တွေ့ဆုံပြီး ရှေးဟောင်းမြို့တော်ကို ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဒါပေမယ့် ဒေသခံတွေက တနင်္သာရီမြို့ရှိ ရှေးဟောင်းမြို့တော်ကို ဒေသခံတွေကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုလားနေကြပြီး ယဉ်ကျေးမှုဇုန်အဖြစ်သတ်မှတ်မှာကို ကန့်ကွက်ခဲ့တာပါ။

Soundbite ဒေါ်ရီရီအောင် (ဒေသခံ)
ချောင်းကြီးရပ်ကွက်၊ တနင်္သာရီမြို့

အဲဒီ မြို့ဟောင်းကို ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်နိုင်ဖို့ ပညာရှင်တွေက လာရောက် စီစစ်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
မြို့ဟောင်းကို ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်လိုက်ပါက လက်ရှိ မြို့ဟောင်းပေါ်မှာနေထိုင်နေကြတဲ့ သူတွေကို ဖယ်ရှားမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

Soundbite ဦးရဲမြင့်ဆွေ (တနင်္သာရီ မဲဆန္ဒနယ် အမှတ် ၂)
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ရှေးဟောင်းမြို့တော် ၇ ခုရှိနေပြီး၊ ထားဝယ်မြို့ရှိ သာဂရမြို့ဟောင်း ကို ယဉ်ကျေးမှုဇုန် အဖြစ် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလက သတ်မှတ်ခဲ့ကာ၊ မုတ္တီးမြို့ဟောင်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ကွင်းဆင်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။