သိမ္းဆည္းခံ ေငြေဆာင္ဟိုတယ္ဇုန္ေျမဧက ၃၀၀ေက်ာ္ ေလ်ာ္ေၾကးေပးမယ္ (႐ုပ္/သံ)

0
888

တရားဝင္ေျမယာေလ်ာ္ေၾကးမေပးပဲ သိမ္းယူထားတဲ႔ ေငြေဆာင္ဟိုတယ္ဇုန္ေျမဧက ၃၀၀ေက်ာ္ကို ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ညိႇႏႈိင္းေစ်းနဲ႔ ေဒသခံပိုင္ရွင္ေတြကို ေလ်ာ္ေၾကး ေပးသြားေတာ့မွာျဖစ္ပါတယ္ ။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီကေပးပို႔ ထားပါတယ္။

စစ္အစိုးရလက္ထက္ ဦးပိုင္ကုမၸဏီက သိမ္းယူခဲ့ၿပီး ဟိုတယ္လုပ္ငန္းရွင္ေတြ တဆင့္ျပန္လည္ရယူ လုပ္ကိုင္ေနတဲ႔ ေငြေဆာင္ဟိုတယ္ဇုန္ ေျမဧက၃၀၀ေက်ာ္ကို ေလ်ာ္ေၾကးျပန္လည္ ေပးေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္ ။
မတ္လ ၆ ရက္ေန႔က ဧရာဝတီတုိင္းေဒသႀကီးအစိုးရအဖြဲ႕ရံုးမွာျပဳလုပ္တဲ႔ အစည္းအေဝးမွာ ေငြေဆာင္ေဒသက သိမ္းဆည္းခံ ေျမေနရာေတြအတြက္ ေလ်ာ္ေၾကးကိုတြက္ခ်က္ျပီး အျမန္ဆံုး ေပးေဆာင္ဖို႔ ဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကညႊန္ၾကားခဲ႔တာပါ။

အင္တာဗ်ဴး ဦးေက်ာ္ျမင့္ စည္ပင္သာယာေရးဝန္ႀကီး
ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕

ေငြေဆာင္ကမ္းေျခဟာ ၂၀၀၀ ခုႏွစ္က ကမ္းေျခမွာရွိတဲ႔ ေက်းရြာ ၅ ရြာကေျမေနရာေတြကို သိမ္းဆည္းျပီး ကမ္းေျခအျဖစ္ ေဖာ္ေဆာင္ခဲ႔တာျဖစ္ပါတယ္္။ အဲ႔ဒီအတြက္ ေဒသခံ ၂၅၀ နီးပါးက ေျမယာအေရးေျဖရွင္းေပးဖို႔ တိုင္းေဒသႀကီးအစိုးရကို တရားဝင္တင္ျပတိုင္တန္းထားတဲ႔အေပၚမွာ အစိုးရအဖြဲ႔က ေဒသခံေတြကို ေျမယာေလ်ာ္ေၾကးေပးဖို႔ ညႊန္ၾကားခဲ႔တာပါ။

အင္တာဗ်ဴး ဦးတင္ထူး( ေငြေဆာင္ေဒသခံ)

လက္ရွိအခ်ိန္မွာ ေငြေဆာင္ကမ္းေျခမွာရွိတဲ႔ ဟိုတယ္၂၄ လံုးကို ေျမယာအျငင္းပြားမႈကိစၥေတြ ေျဖရွင္းျခင္းမျပဳခင္ အေဆာက္အဦးအသစ္ေတြ ထပ္မံ မေဆာက္လုပ္ဖို႔ ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕က တရားဝင္စာထုတ္တားျမစ္ထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရားဝင်မြေယာလျော်ကြေးမပေးပဲ သိမ်းယူထားတဲ့ ငွေဆောင်ဟိုတယ်ဇုန်မြေဧက ၃၀ဝကျော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ညှိနှိုင်းဈေးနဲ့ ဒေသခံပိုင်ရှင်တွေကို လျော်ကြေး ပေးသွားတော့မှာဖြစ်ပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ ထားပါတယ်။

စစ်အစိုးရလက်ထက် ဦးပိုင်ကုမ္ပဏီက သိမ်းယူခဲ့ပြီး ဟိုတယ်လုပ်ငန်းရှင်တွေ တဆင့်ပြန်လည်ရယူ လုပ်ကိုင်နေတဲ့ ငွေဆောင်ဟိုတယ်ဇုန် မြေဧက၃၀ဝကျော်ကို လျော်ကြေးပြန်လည် ပေးဆောင်သွားတော့မှာ ဖြစ်ပါတယ် ။
မတ်လ ၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ အစည်းအဝေးမှာ ငွေဆောင်ဒေသက သိမ်းဆည်းခံ မြေနေရာတွေအတွက် လျော်ကြေးကိုတွက်ချက်ပြီး အမြန်ဆုံး ပေးဆောင်ဖို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကညွှန်ကြားခဲ့တာပါ။

အင်တာဗျူး ဦးကျော်မြင့် စည်ပင်သာယာရေးဝန်ကြီး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

ငွေဆောင်ကမ်းခြေဟာ ၂၀ဝ၀ ခုနှစ်က ကမ်းခြေမှာရှိတဲ့ ကျေးရွာ ၅ ရွာကမြေနေရာတွေကို သိမ်းဆည်းပြီး ကမ်းခြေအဖြစ် ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒေသခံ ၂၅၀ နီးပါးက မြေယာအရေးဖြေရှင်းပေးဖို့ တိုင်းဒေသကြီးအစိုးရကို တရားဝင်တင်ပြတိုင်တန်းထားတဲ့အပေါ်မှာ အစိုးရအဖွဲ့က ဒေသခံတွေကို မြေယာလျော်ကြေးပေးဖို့ ညွှန်ကြားခဲ့တာပါ။

အင်တာဗျူး ဦးတင်ထူး( ငွေဆောင်ဒေသခံ)

လက်ရှိအချိန်မှာ ငွေဆောင်ကမ်းခြေမှာရှိတဲ့ ဟိုတယ်၂၄ လုံးကို မြေယာအငြင်းပွားမှုကိစ္စတွေ ဖြေရှင်းခြင်းမပြုခင် အဆောက်အဦးအသစ်တွေ ထပ်မံ မဆောက်လုပ်ဖို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်စာထုတ်တားမြစ်ထားပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)