ဒီမိုအစိုးရလက္ထက္ စာေပေဟာေျပာပြဲ နိုင္ငံေတာ္ပုန္ကန္မႈနဲ႔ တရားစြဲတာ အံၾသဟုဆို (႐ုပ္/သံ)

0
480

ဒီမိုကေရစီအစိုးရလက္ထက္ စာေပေဟာေျပာပြဲလုပ္တာကို ႏုိင္ငံေတာ္ပုန္ကန္မႈပုဒ္မေတြနဲ႔ တရားစြဲဆိုခံရတဲ့အေပၚ အ့ံၾသမိေၾကာင္း စာေရးဆရာ ေဝဟင္ေအာင္က ေျပာပါတယ္။ ဒီသတင္ကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ႏုိင္ငံေတာ္ပုန္ကန္မႈအပါအဝင္ ပုဒ္မႀကီးေတြနဲ႔ တရားစြဲဆိုခံထားရတဲ့ စာေရးဆရာေဝဟင္ေအာင္နဲ႔ ေဒါက္တာေအးေမာင္ တို႔ႏွစ္ဦးကို စစ္ေတြခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ရား႐ံုးမွာ ဒီကေန႔ ေလးႀကိမ္ေျမာက္ ႐ံုးထုတ္စစ္ေဆးခဲ့ပါတယ္။

စာေပေဟာေျပာပြဲတစ္ခုကို ႏုိင္ငံေတာ္ပုန္ကန္မႈ၊ ႏုိင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈ၊ မတရားအသင္းဆက္သြယ္မႈ ပုဒ္မေတြနဲ႔ တရားစြဲဆိုခံထားရတဲ့အတြက္ ဒီမိုကေရစီအစိုးရအေပၚ အလြန္အံ့ၾသမိေၾကာင္း စာေရးဆရာေဝဟင္ေအာင္က ေျပာၾကားခဲ့ပါတယ္။

အင္တာဗ်ဴး – ေဝဟင္ေအာင္(စာေရးဆရာ)

လက္႐ွိမွာေတာ့ တရားလိုျပသက္ေသေတြကို စၿပီးစစ္ေဆးေနဆဲကာလျဖစ္ၿပီး စြဲခ်က္တင္သင့္မတင္သင့္ကေတာ့ သက္ေသထြက္ဆိုခ်က္အေပၚမွာမူတည္ေန တဲ႔အျပင္ ထင္ျမင္ခ်က္ေျပာဆိုခ်က္ေတြဟာ သက္ေသအျဖစ္ တရားမဝင္ဘူးလို႔ အမႈလိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေ႐ွ႕ေနကေျပာပါတယ္။

အင္တာဗ်ဴး – ဦးေအာင္ေက်ာ္စိန္(တရားလႊတ္ေတာ္ေ႐ွ႕ေန)

ဒါအျပင္ ဒီကေန႔ တရားရုံးထုတ္မွာ ျပည္ေထာင္စုအစိုးရကေရာ ျပည္နယ္အစိုးရဘက္ကပါ ၄/၂၀၁၈ ကိုျပန္လည္႐ုပ္သိမ္းေပးဖို႔လိုအပ္ၿပီး တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္မႈယႏၱရားေတြ တည့္မတ္ေနဖို႔လိုအပ္ေၾကာင္း ေဒါက္တာေအးေမာင္က ေျပာၾကားခဲ့ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီမိုကရေစီအစိုးရလက်ထက် စာပေဟောပြောပွဲလုပ်တာကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မတွေနဲ့ တရားစွဲဆိုခံရတဲ့အပေါ် အံ့သြမိကြောင်း စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။ ဒီသတင်ကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မကြီးတွေနဲ့ တရားစွဲဆိုခံထားရတဲ့ စာရေးဆရာဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင် တို့နှစ်ဦးကို စစ်တွေခရိုင်နှင့် မြို့နယ်ရားရုံးမှာ ဒီကနေ့ လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

စာပေဟောပြောပွဲတစ်ခုကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့အတွက် ဒီမိုကရေစီအစိုးရအပေါ် အလွန်အံ့သြမိကြောင်း စာရေးဆရာဝေဟင်အောင်က ပြောကြားခဲ့ပါတယ်။

အင်တာဗျူး – ဝေဟင်အောင်(စာရေးဆရာ)

လက်ရှိမှာတော့ တရားလိုပြသက်သေတွေကို စပြီးစစ်ဆေးနေဆဲကာလဖြစ်ပြီး စွဲချက်တင်သင့်မတင်သင့်ကတော့ သက်သေထွက်ဆိုချက်အပေါ်မှာမူတည်နေ တဲ့အပြင် ထင်မြင်ချက်ပြောဆိုချက်တွေဟာ သက်သေအဖြစ် တရားမဝင်ဘူးလို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကပြောပါတယ်။

အင်တာဗျူး – ဦးအောင်ကျော်စိန်(တရားလွှတ်တော်ရှေ့နေ)

ဒါအပြင် ဒီကနေ့ တရားရုံးထုတ်မှာ ပြည်ထောင်စုအစိုးရကရော ပြည်နယ်အစိုးရဘက်ကပါ ၄/၂၀၁၈ ကိုပြန်လည်ရုပ်သိမ်းပေးဖို့လိုအပ်ပြီး တရားစီရင်ရေးနဲ့ အုပ်ချုပ်မှုယန္တရားတွေ တည့်မတ်နေဖို့လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)