ဟုမၼလင္းၿမိဳ႕ ေငြၾကယ္စင္ ခိုလံႈရာ ပရဟိတအသင္း ေျမေနရာ အေဆာက္အဦ ေဆာက္လုပ္ခြင့္မရ (႐ုပ္/သံ)

0
879

ဟုမၼလင္းၿမိဳ႕က ေငြၾကယ္စင္ခိုလႈံရာ ပရဟိတအသင္းရဲ႕ ေျမေနရာ အေဆာက္အဦ ေဆာက္လုပ္ခြင့္မရတဲ့ အတြက္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။ ဒီအေၾကာင္းကိုေတာ့ MCN မံုရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားပါတယ္။

စစ္ကိုင္းတိုင္းေဒသၾကီး ဟုမၼလင္းၿမိဳ႕ေငြၾကယ္စင္ ခိုလံႈရာ ပရဟိတအသင္းဟာ ခိုလံူရာမဲ႔ ကေလးသူငယ္ေတြနဲ႔ သက္ၾကီးရြယ္အိုေတြကို ေစာင့္ေရွာက္ ေပးေနတာျဖစ္ပါတယ္ ။ လက္ရွိအခ်ိန္မွာ အဲဒီေျမေနရာကို လယ္ယာေျမအျခားနည္း အသံုးျပဳခြင့္ ေလ်ွာက္ထားတာကို ဆိုင္းငံ့ထားတဲ့အတြက္ မတ္လ ၄ ရက္ေန႔က မံုရြာျမိဳ႕ ခ်င္းတြင္းအင္စတီက်ဴရုံးမွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တာပါ ။

အင္တာဗ်ဴး ဦးေက်ာ္ညႊန္႔ (ေဒသခံ)

အခုလို ပရဟိတေျမေနရာကို လယ္ယာေျမစီမံခန္႕ခြဲမႈက ဆိုင္းငံ့ထားတဲ့အတြက္ အသင္းမွာ ခိုလံႈေနတဲ႔ ကေလးသူငယ္ေတြ ေနေရးထိုင္ေရး အခက္ခဲျဖစ္ေနတာပါ ။ ေျမေနရာ အေဆာက္အဦးေဆာက္လုပ္ခြင့္ ဆိုင္းငံ႕တာနဲ႕ပတ္သတ္ျပီး ဟုမၼလင္းျမိဳ႕နယ္ ေငြၾကယ္စင္ ပရဟိတအသင္းဥကၠဌ ေဒၚခင္ေထြးျမင့္က ဘာေၾကာင့္လဲဆိုတာ နားမလည္ေၾကာင္း အခုလိုေျပာပါတယ္။
အင္တာဗ်ဴး ေဒၚခင္ေထြးျမင့္ (ဥကၠ႒)
ေငြၾကယ္စင္ ပရဟိတအသင္း

ဒီကိစၥနဲ႕ပတ္သတ္ျပီး ျမိဳ႕နယ္က သက္ဆိုင္ရာဌာနေတြကို ေမးျမန္းရာမွာ တိုင္းအစိုးရခြင့္ျပဳမိန္႕ရယူရမယ္လို႔ ေျပာၾကားထားျပီး စစ္ကိုင္းတိုင္းေဒသၾကီး အစိုးရဆီကိုေမးျမန္းရာမွာေတာ့ အစိုးရအဖြဲ႕က ျမိဳ႕နယ္အဆင့္ဆင့္ တင္လာမယ့္ အမႈတြဲျဖစ္တယ္လို႔ေျပာဆိုထားပါတယ္ ။ ေငြၾကယ္ဇင္ ပရဟိတအဖြဲ႔ဟာ လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္က တည္ေထာင္ခဲ့တဲ့ အသင္းျဖစ္ျပီး လက္ရိွအခ်ိန္ထိ အေဆာက္ဦးအတည္တက်မရိွေသး တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟုမ္မလင်းမြို့က ငွေကြယ်စင်ခိုလှုံရာ ပရဟိတအသင်းရဲ့ မြေနေရာ အဆောက်အဦ ဆောက်လုပ်ခွင့်မရတဲ့ အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ငွေကြယ်စင် ခိုလှုံရာ ပရဟိတအသင်းဟာ ခိုလူံရာမဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက် ပေးနေတာဖြစ်ပါတယ် ။ လက်ရှိအချိန်မှာ အဲဒီမြေနေရာကို လယ်ယာမြေအခြားနည်း အသုံးပြုခွင့် လျှောက်ထားတာကို ဆိုင်းငံ့ထားတဲ့အတွက် မတ်လ ၄ ရက်နေ့က မုံရွာမြို့ ချင်းတွင်းအင်စတီကျူရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ ။

အင်တာဗျူး ဦးကျော်ညွှန့် (ဒေသခံ)

အခုလို ပရဟိတမြေနေရာကို လယ်ယာမြေစီမံခန့်ခွဲမှုက ဆိုင်းငံ့ထားတဲ့အတွက် အသင်းမှာ ခိုလှုံနေတဲ့ ကလေးသူငယ်တွေ နေရေးထိုင်ရေး အခက်ခဲဖြစ်နေတာပါ ။ မြေနေရာ အဆောက်အဦးဆောက်လုပ်ခွင့် ဆိုင်းငံ့တာနဲ့ပတ်သတ်ပြီး ဟုမ္မလင်းမြို့နယ် ငွေကြယ်စင် ပရဟိတအသင်းဥက္ကဌ ဒေါ်ခင်ထွေးမြင့်က ဘာကြောင့်လဲဆိုတာ နားမလည်ကြောင်း အခုလိုပြောပါတယ်။
အင်တာဗျူး ဒေါ်ခင်ထွေးမြင့် (ဥက္ကဋ္ဌ)
ငွေကြယ်စင် ပရဟိတအသင်း

ဒီကိစ္စနဲ့ပတ်သတ်ပြီး မြို့နယ်က သက်ဆိုင်ရာဌာနတွေကို မေးမြန်းရာမှာ တိုင်းအစိုးရခွင့်ပြုမိန့်ရယူရမယ်လို့ ပြောကြားထားပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဆီကိုမေးမြန်းရာမှာတော့ အစိုးရအဖွဲ့က မြို့နယ်အဆင့်ဆင့် တင်လာမယ့် အမှုတွဲဖြစ်တယ်လို့ပြောဆိုထားပါတယ် ။ ငွေကြယ်ဇင် ပရဟိတအဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က တည်ထောင်ခဲ့တဲ့ အသင်းဖြစ်ပြီး လက်ရှိအချိန်ထိ အဆောက်ဦးအတည်တကျမရှိသေး တာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)