ေဂၚဖီထုပ္နဲ႔ ပန္းမံုလာ စိုက္ေတာင္သူေတြ အ႐ႈံးေပၚ (႐ုပ္/သံ)

0
926

စစ္ကိုင္းတိုင္းေဒသၾကီးက ထြက္ရွိတဲ႔ ေဂၚဖီထုပ္နဲ႔ ပန္းမံုလာေတြ ေစ်းက်ေနတဲ႔အတြက္ ေတာင္သူေတြ အခက္ႀကံဳေနပါတယ္။ ဒီသတင္းကို MCN မံုရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားျပီး တင္ေမာင္ေထြး ကတင္ဆက္ေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသၾကီး ခင္ဦးျမိဳ႕နယ္ တ၀ုိက္က ရြာသစ္ကံုး ၊ ျမင္းေဒါင္း ၊ သရက္ကန္စု ၊ သာ၀တၱိ ၊မက်ည္းအုပ္ အစရိွတဲ႔ ေက်းရြာေတြက ေတာင္သူေတြဟာ အရင္နွစ္ေတြက ေဂၚဖီထုပ္နဲ႔ ပန္းမံုလာေတြ ေစ်းေကာင္းရတာေၾကာင့္ ပိုမိုစိုက္ပ်ိဳးလာၾကတာပါ ။

အရင္နွစ္က ပန္းေဂၚဖီနဲ႔ ေဂၚဖီထုပ္တစ္ထုပ္ကို ၂၅၀ က်ပ္ကေန ၃၀၀ က်ပ္အထိေေစ်းေကာင္းေရာင္းခ်ရေပမယ္႔ အခုနွစ္မွာေတာ႔ စိုက္ပ်ိဳးတဲ႔သူေတြမ်ားျပားလာတဲ႔အတြက္ ေစ်းနဳန္းေတြက်ဆင္းသြားတာျဖစ္ပါတယ္ ။

အင္တာဗ်ဴး ဦးေပၚထြန္း (ေတာင္သူ)
ရြာသစ္ကုန္းရြာ ၊ ခင္ဦးျမိဳ႕နယ္

လက္ရွိ ေဂၚဖီထုပ္နဲ႔ ပန္းမံုလာတစ္ပြင့္ကို ေတာင္သူေတြအေနနဲ႔ က်ပ္ ၆၀ ေလာက္သာရရွိေနၾကတာျဖစ္ျပီး သီးနွံအ၀ယ္ဒိုင္ေတြက ၈၀ က်ပ္နဳန္း နဲ႔ျပန္လည္ေရာင္းခ်ေနၾကတာျဖစ္ပါတယ္ ။ေတာင္သူေတြအေနနဲ႔ ေဂၚဖီထုပ္နဲ႔ ပန္းမံုလာ တစ္ဧကစိုက္ပါကကုန္က်ေငြ သံုးသိန္းနီးပါးရင္းနွီးရျပီး တစ္ဧကကို ေဂၚဖီ အထုပ္ တစ္ေသာင္းထြက္ရိွပါတယ္ ။

အင္တာဗ်ဴး ေဒၚျမေဆြ (ေတာင္သူ)
ရြာသစ္ကုန္းရြာ ၊ ခင္ဦးျမိဳ႕နယ္

စစ္ကိုင္းတိုင္းေဒသၾကီးက ထြက္ရွိတဲ႔ ေဂၚဖီထုပ္နဲ႔ ပန္းမံုလာတစ္ပြင္႔ေတြကို အင္းဘတ္ေစ်းမွာ ေရာင္းခ်ေနၾကတာျဖစ္ျပီး ဒီေစ်းကို မိုးကုတ္ ၊ မိုးမိတ္ ၊ကြင္းသံုးဆယ္ ၊ ဇရပ္ကြင္း စတဲ႔ ေရႊထြက္ရွိတဲ႔ေနရာေတြက လာေရာက္၀ယ္ယူၾကျပီး ေက်ာက္စိမ္းထြက္ရိွတဲ႔ ခႏၱီး ၊တာမခန္ ၊ ဖားကန္႕ ၊လံုးခင္းအစရိွတဲ႔ ေဒသေတြကလည္း လာေရာက္ ၀ယ္ယူၾကပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်ကိုင်းတိုင်းဒေသကြီးက ထွက်ရှိတဲ့ ဂေါ်ဖီထုပ်နဲ့ ပန်းမုံလာတွေ ဈေးကျနေတဲ့အတွက် တောင်သူတွေ အခက်ကြုံနေပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေး ကတင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် တဝိုက်က ရွာသစ်ကုံး ၊ မြင်းဒေါင်း ၊ သရက်ကန်စု ၊ သာဝတ္တိ ၊မကျည်းအုပ် အစရှိတဲ့ ကျေးရွာတွေက တောင်သူတွေဟာ အရင်နှစ်တွေက ဂေါ်ဖီထုပ်နဲ့ ပန်းမုံလာတွေ ဈေးကောင်းရတာကြောင့် ပိုမိုစိုက်ပျိုးလာကြတာပါ ။

အရင်နှစ်က ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီထုပ်တစ်ထုပ်ကို ၂၅၀ ကျပ်ကနေ ၃၀ဝ ကျပ်အထိဈေးကောင်းရောင်းချရပေမယ့် အခုနှစ်မှာတော့ စိုက်ပျိုးတဲ့သူတွေများပြားလာတဲ့အတွက် ဈေးနုန်းတွေကျဆင်းသွားတာဖြစ်ပါတယ် ။

အင်တာဗျူး ဦးပေါ်ထွန်း (တောင်သူ)
ရွာသစ်ကုန်းရွာ ၊ ခင်ဦးမြို့နယ်

လက်ရှိ ဂေါ်ဖီထုပ်နဲ့ ပန်းမုံလာတစ်ပွင့်ကို တောင်သူတွေအနေနဲ့ ကျပ် ၆၀ လောက်သာရရှိနေကြတာဖြစ်ပြီး သီးနှံအဝယ်ဒိုင်တွေက ၈၀ ကျပ်နုန်း နဲ့ပြန်လည်ရောင်းချနေကြတာဖြစ်ပါတယ် ။တောင်သူတွေအနေနဲ့ ဂေါ်ဖီထုပ်နဲ့ ပန်းမုံလာ တစ်ဧကစိုက်ပါကကုန်ကျငွေ သုံးသိန်းနီးပါးရင်းနှီးရပြီး တစ်ဧကကို ဂေါ်ဖီ အထုပ် တစ်သောင်းထွက်ရှိပါတယ် ။

အင်တာဗျူး ဒေါ်မြဆွေ (တောင်သူ)
ရွာသစ်ကုန်းရွာ ၊ ခင်ဦးမြို့နယ်

စစ်ကိုင်းတိုင်းဒေသကြီးက ထွက်ရှိတဲ့ ဂေါ်ဖီထုပ်နဲ့ ပန်းမုံလာတစ်ပွင့်တွေကို အင်းဘတ်ဈေးမှာ ရောင်းချနေကြတာဖြစ်ပြီး ဒီဈေးကို မိုးကုတ် ၊ မိုးမိတ် ၊ကွင်းသုံးဆယ် ၊ ဇရပ်ကွင်း စတဲ့ ရွှေထွက်ရှိတဲ့နေရာတွေက လာရောက်ဝယ်ယူကြပြီး ကျောက်စိမ်းထွက်ရှိတဲ့ ခန္တီး ၊တာမခန် ၊ ဖားကန့် ၊လုံးခင်းအစရှိတဲ့ ဒေသတွေကလည်း လာရောက် ဝယ်ယူကြပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)