
0
40

မန္တလေးမြို့ အမရပူရမြို့နယ်ကကျောက်စိမ်းဘုရားက စျေးဆိုင်ခန်းတွေကို စည်ပင်သာယာရေးပိုင် စျေးအဖြစ် ပြောင်းလဲပေးဖို့ လူဆယ်ဦးခန့်က ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ဒီသတင်းကို MCN မန္တလေး သတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။


မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ဝေရောစန ကျောက်စိမ်းစေတီပတ်လည်က စျေးဆိုင်ခန်းတွေကို စည်ပင်သာယာရေးကော်မတီပိုင်စျေးအဖြစ် ပြောင်းလဲဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိမှာ အဲ့ဒီစျေးဆိုင်ခန်းတွေကို တက်လမ်းကုမ္ပဏီကနေ စီမံခန့်ခွဲမှုတွေ ပြုလုပ်ခွင့်ရရှိနေတာဖြစ်ပါတယ်။

အင်တာဗျူး ဦးလေးနိုင် (တက်ကြွလှုပ်ရှားသူ)

လက်ရှိ တက်လမ်းကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအောက်မှာ အဆင်ပြေမှု ရှိနေတဲ့အတွက် အခုဆန္ဒထုတ်ဖော်မှုကို လက်မခံကြောင်း ဝေရောစန ကျောက်စိမ်းစေတီ စျေးသည်တွေကပြောပါတယ်။
တက်လမ်းကုမ္ပဏီအနေနဲ့ ကျောက်စိမ်းဘုရားပတ်လည်က မြေငါးဧကကို ပိုင်ဆိုင်ထားပြီး စျေးဆိုင်ခန်းနဲ့ ကားပါကင်တွေကို ပြုလုပ်ခွင့်ရရှိနေတာပဲ ဖြစ်ပြီး အခုဆန္ဒထုတ်ဖော်သူတွေဟာ ဆိုင်းခန်းဌားခတွေကိုလည်း ပေးချေမှု မပြုလုပ်ထားသူတွေလို့ ပြောပါတယ်။

အင်တာဗျူး ဦးလှိုင်ဘွား (မန်နေဂျာ) Management Company



မန္တလေးမြို့ အမရပူရမြို့နယ်ကကျောက်စိမ်းဘုရားက ဈေးဆိုင်ခန်းတွေကို စည်ပင်သာယာရေးပိုင် ဈေးအဖြစ် ပြောင်းလဲပေးဖို့ လူဆယ်ဦးခန့်က ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ဒီသတင်းကို MCN မန္တလေး သတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ဝေရောစန ကျောက်စိမ်းစေတီပတ်လည်က ဈေးဆိုင်ခန်းတွေကို စည်ပင်သာယာရေးကော်မတီပိုင်ဈေးအဖြစ် ပြောင်းလဲဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီဈေးဆိုင်ခန်းတွေကို တက်လမ်းကုမ္ပဏီကနေ စီမံခန့်ခွဲမှုတွေ ပြုလုပ်ခွင့်ရရှိနေတာဖြစ်ပါတယ်။

အင်တာဗျူး ဦးလေးနိုင် (တက်ကြွလှုပ်ရှားသူ)

လက်ရှိ တက်လမ်းကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအောက်မှာ အဆင်ပြေမှု ရှိနေတဲ့အတွက် အခုဆန္ဒထုတ်ဖော်မှုကို လက်မခံကြောင်း ဝေရောစန ကျောက်စိမ်းစေတီ ဈေးသည်တွေကပြောပါတယ်။

တက်လမ်းကုမ္ပဏီအနေနဲ့ ကျောက်စိမ်းဘုရားပတ်လည်က မြေငါးဧကကို ပိုင်ဆိုင်ထားပြီး ဈေးဆိုင်ခန်းနဲ့ ကားပါကင်တွေကို ပြုလုပ်ခွင့်ရရှိနေတာပဲ ဖြစ်ပြီး အခုဆန္ဒထုတ်ဖော်သူတွေဟာ ဆိုင်းခန်းဌားခတွေကိုလည်း ပေးချေမှု မပြုလုပ်ထားသူတွေလို့ ပြောပါတယ်။

အင်တာဗျူး ဦးလှိုင်ဘွား (မန်နေဂျာ) Management Company

လက်ရှိဆန္ဒထုတ်ဖော်သူတွေဟာ နယ်ဝေးကလာရောက်ပြသကြတာဖြစ်ပြီး ကျောက်စိမ်းစေတီ ဈေးဆိုင်ခန်းပိုင်ရှင် နှစ်ဦးသာ ပါဝင်တာဖြစ်တယ်လို့ ကုမ္ပဏီဘက်ကပြောဆိုခဲ့ပါတယ်ခင်ဗျာ။