ကျေးလက်ဖွံ့ဖြိုးရေး စီမံချက် အကောင်အထည်ဖော်ရေး ညီညွတ်မှု အားနည်းနေ (ရုပ်/သံ)

0
343


ဧရာဝတီတိုင်းဒေသကြီးမှာ ကျေးရွာဖွံ့ဖြိုးရေီးမံကိန်းအနေနဲ့ ၂၀၁၅/၂၀၁၆ကနေ ၂၀၁၇/၂၀၁၈ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၁၅၉ ရွာမှာ အကာင်အထည်ဖော်ဆောင်ရွက်နိင်ခဲ့ပြီး အ ဘဏ္ဍာနှစ်မှာလည်း ငွေကျပ်သန်းပေါင်း ၁၂၇၀ ထိချထားပေးတာဖြစ်ပါတယ် ။






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျေးလက်ဖွံ့ဖြိုးရေးစီမံချက် အကောင်အထည်ဖော်ရာမှာ တစ်ချို့ကျေးရွာတွေမှာ စည်းလုံးညီညွတ်မှုအားနည်းနေတာကြောင့် အခက်တွေ့နေပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီ ကပေးပို့ထားပါတယ် ။

ဧရာဝတီတိုင်းဒေသကြီးမှာ ကျေးရွာဖွံ့ဖြိုးရေးီမံကိန်းအနေနဲ့ ၂၀၁၅/၂၀၁၆ကနေ ၂၀၁၇/၂၀၁၈ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၁၅၉ ရွာမှာ အကာင်အထည်ဖော်ဆောင်ရွက်နိင်ခဲ့ပြီး အ ဘဏ္ဍာနှစ်မှာလည်း ငွေကျပ်သန်းပေါင်း ၁၂၇၀ ထိချထားပေးတာဖြစ်ပါတယ် ။

ကျေးလက်ဖွံ့ဖြိုးရေးရံပုံငွေကို ကျေးရွာအလိုက်လိုအပ်ချက်တွေ ဆွေးနွေးအဖြေထုတ်စေပြီး လုပ်ဆောင်စေနေတာဖြစ်ပေမယ့် တစ်ချို့ကျေးရွာတွေမှာ စည်းလုံးမှုအားနည်းတာတွေ ရှိနေသေးတာဖြစ်ပါတယ် ။

Soundbite – ဦးစိုးသန်း တိုင်းဦးစီးမှူး(ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန)

ဒါ့အပြင် ကျေးလတ်ဖွံဖြိုးရေးလုပ်ဆောင်ရာမှာ ရံပုံငွေသုံးစွဲရာမှာ ကျေးလတ်ဖွံဖြိုးရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေမှာ တစ်ခြားကဏ္ဍတွေမှာ ကျးလက်ဖွံ့ဖြိုးရေးရံပုံငွေထဲကနေ သုံးစွဲနေတာတွေရှိနေတာပါ ။ အဲ့ဒီအတွက် ကျေးလက်ဖွံ့ဖြိုးရေးရံပုံငွေတွေကို ဖွံဖြိုးရေးလုပ်ငန်းမှာစာ သုံးစွဲသင့်ကြောင်း တစ်ကယ်လိုအပ်တဲ့ ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်တွေကိုသာလုပ်ဆောင်စေချင်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာကပြောပါတယ် ။

Soundbite – ဦးစိုးသန်း တိုင်းဦးစီးမှူး( ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန)

ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်း(VDP) တွေအကောင်အထည်ဖော်ရာမှာ ကျေးရွာမှာစည်းလုံးညီညွတ်မှုရှိကြဖို့နဲ့ ငါစွဲမထားကြပဲအစုအဖွဲ့လုပ်ဆောင်မှုအားကာင်းဖို့လိုအပ်နေကြောင်း ပြောဆိုထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)