လမ်းခင်းတာမကျေနပ်တာကြောင့် ပေါက်ခေါင်းမှာဆန္ဒပြ (ရုပ်/သံ)

0
281


ဖေဖော်ဝါရီ၅ရက်နေ့က ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်မှာ တိုင်းဒေသကြီူးဘတ်ဂျက်နဲ့ မြို့တွင်းလမ်းကို လမ်းခင်းရာမှာ ဈေးသူဈေးသားတွေက လမ်းဥပဒေနဲ့မညီဘူးဆိုပြီး ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့ကနေ ဆောက်လုပ်ရေးလမ်းဒေါင့်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကျပါတယ် ။





ပေါက်ခေါင်းမြို့နယ်က လမ်းတံတားကိုပြုပြင်မည့်ဘတ်ဂျတ်ကို ခေါင်းစဉ်ပြောင်းအနေနဲ့ မြို့တွင်း လမ်းပေ ၅၀၀နဲ့ ရေမြောင်းပေ ၉၀၀ ကို သန်း၅၀အကုန်ကျခံပြီးပြုလုပ်နေတာဖြစ်ပြီး အခုလိုလမ်းခင်းတာက နဂိုရေမြောင်းပျောက်ပြီး လမ်းကျဉ်းသွားတာကြောင့် ဆန္ဒထုတ်ဖော်နေတာလည်း ဖြစ်ပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်မှာ မြို့တွင်းကားလမ်း လမ်းချဲထွင်ရာမှာ နဂိုရှိနေတဲ့ လမ်းထက် ပိုမိုကျဉ်းမြောင်းတယ်ဆိုပြီး ဒေသခံတွေက လမ်းလျှောက်ဆန္ဒပြခဲ့ကျပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဟန်ထူးဇော်က ပေးပို့ထားပါတယ်။

ဖေဖော်ဝါရီ၅ရက်နေ့က ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်မှာ တိုင်းဒေသကြီးူဘတ်ဂျက်နဲ့ မြို့တွင်းလမ်းကို လမ်းခင်းရာမှာ ဈေးသူဈေးသားတွေက လမ်းဥပဒေနဲ့မညီဘူးဆိုပြီး ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့ကနေ ဆောက်လုပ်ရေးလမ်းဒေါင့်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကျပါတယ် ။

အဲ့ဒီလမ်းခင်းရာမှာ နဂိုရှိတဲ့ရေမြောင်းကို ပြန်လည်မပြုပြင်ဘဲ လမ်းဘေးကပ်ကာ ရေမြောင်းအသစ် တူဖော်လိုက်တာကြောင့် လမ်းပိုကျဉ်းသွားတယ်လို့ ဈေးသူဈေးသားတွေကပြောပါတယ်။

Soundbite – ကိုဘိုတို (ဈေးသူဈေးသား)

ဈေးသူဈေးသားတွေက လမ်းတိုးချဲ့ရာမှာ မလွတ်ကင်းတဲ့ ကျူးကျော်ဆိုင်တွေကိုနောက်ဆုတ် ဖျတ်သိမ်းစေလိုတဲ့ ဆန္ဒရှိနေပြီး ရေမြောင်းအဟောင်းကို ပြန်လည်အသုံးပြုလိုနေကြတာပါ။

Soundbite – ဦးမြင့်စိုး (ရွှေဆိုင်)

ပေါက်ခေါင်းမြို့နယ်က လမ်းတံတားကိုပြုပြင်မည့်ဘတ်ဂျတ်ကို ခေါင်းစဉ်ပြောင်းအနေနဲ့ မြို့တွင်း လမ်းပေ ၅၀ဝနဲ့ ရေမြောင်းပေ ၉၀ဝ ကို သန်း၅၀အကုန်ကျခံပြီးပြုလုပ်နေတာဖြစ်ပြီး အခုလိုလမ်းခင်းတာက နဂိုူရေမြောင်းပျောက်ပြီး လမ်းကျဉ်းသွားတာကြောင့် ဆန္ဒထုတ်ဖော်နေတာလည်း ဖြစ်ပါတယ်။

Soundbite – ဦးဝင်းနိုင်(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်)

ဆန္ဒပြတဲ့သူတွေအနေနဲ့ အခုလိုကန့်ကွက်ဆန္ဒပြတာဟာ ထူးခြားမှု့မရှိပါက လက်မှတ်ထိုးကမ်းပိန်ပြုလုပ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာတွေကိုပေးပို့သွားဖို့ရှိနေတာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)