မြေပဲစိုက်တောင်သူတွေ မိုးများလို့ အရှုံးပေါ်

0
854







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်ကိုင်းဒေသကြီး မုံရွာခရိုင်ထဲက မြေပဲစိုက်တောင်သူတွေအ ရာသီဥတုဖောက်ပြန်မှုကြောင့် မြေပဲအထွက်လျော့ပြီး အရှုံးပေါ်နေပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေ ကပေးပို့ထားပြီး အောင်သူကတင်ပြပေးပါတယ် ။

စစ်ကိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ်ထဲက မြေပဲစိုက်တောင်သူတွေအနေနဲ့ အခုနှစ်အတွင်းမှာ မိုးရွာသွန်းမှုများပြားတဲ့အတွက် မြေပဲအထွက်လျော့ပြီး အရှုံးပေါ်နေတာဖြစ်ပါတယ် ။ အရင်နှစ်တွေက မြေပဲ တစ်ဧကကို တင်း ၅၀ ထွက်ရှိခဲ့ပြီး အခုနှစ်မှာတော့ ၁၅ တင်းသာ ထွက်ရှိတော့တာဖြစ်ပါတယ် ။

Soundbite – ဒေါ်မိုး ( တောင်သူ ၊ခင်သာကျေးရွာ ၊ အရာတော်မြို့နယ် )

မြေပဲတစ်ဧကစိုက်မယ်ဆိုပါက မြေပဲဆံ နှစ်တင်းကနေ နှစ်တင်းခွဲထိ ကြဲရပြီး အရင်းသုံးသိန်းရှိပါတယ် ။ လက်ရှိအချိန်မှာ မြေပဲစိုက်တောင်သူများအရူံးပေါ်နေသလို မြေပဲကြိတ်ခွဲတဲ့ ဆီစက်ပိုင်ရှင်တွေအနေနဲ့လည်း အရင်နှစ်တွေကထက် အဆင်ပြေမှုမရှိကြောင်း အခုလိုပြောပါတယ် ။

Soundbite – ဦးသာမွှေး ( ရွှေလမင်း ဆီစက်ပိုင်ရှင် ၊ အရာတော်မြို့နယ် )

လက်ရှိအချိနမှာ မြေပဲဆီဈေးနှုန်းမှာ ၁ ပိဿာကို ၅၀ဝ၀ ကျပ်ဈေးပေါက်ပြီး မြေပဲဆီဈေးနုန်းအနေနဲ့ ၁၀ ပိဿာဝင်ပုံး ၁ ပုံးကို ၅၀ဝ၀ဝ ကျပ်ပေါက်ဈေးရှိနေတာပါ ။ ဒီနှစ်မြေပဲစိုက်တောင်သူတွေအနေနဲ့ ရာသီဥတုဖောက်ပြန်တဲ့အတွက် မြေပဲတွေဟာ အရည်သွေးညံ့ပြီး ဈေးကွက်မှာလည်းရောင်းတန်းမလှ ဖြစ်နေတာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)