မႏၲေလး အထင္ကရ ေရႊေက်ာင္းျပင္ဖို႔အတြက္ နည္းပညာအျငင္းပြား (႐ုပ္/သံ)

0
940

မႏၲေလးၿမိဳ႕ ေရႊေက်ာင္း ျပင္ဆင္ဖို႔အတြက္ နည္းပညာဆိုင္ရာ အျငင္းပြားမႈေတြရွိေနပါတယ္။ ဒီသတင္းကို MCN မႏၱေလးသတင္းေထာက္ ဥာဏ္လင္းထူးကေပးပို႔ထားပါတယ္ ။

မႏၲေလးၿမိဳ႔က ႏွစ္ေပါင္း တစ္ရာေက်ာ္ သက္တမ္းရွိေရႊေက်ာင္း ကို အေမရိကန္ သံအမတ္ႀကီးမ်ား ရန္ပံုေငြနဲ႔ ျပင္ဆင္ေဆာင္ရြက္ ေနရာမွာ ျပည္ပက ပညာရွင္ေတြနဲ႔ ျမန္မာႏိုင္ငံ ေရွးေဟာင္းသုေသတနနဲ႔ အမ်ဳိးသားျပတိုက္ ဦးစီးငွာနက ပညာရွင္ေတြအၾကားမွာ အသံုးျပဳမယ့္ နည္းပညာပိုင္းဆိုင္ရာ ညွိႏိႈင္းမႈ အဆင္မေျပ ျဖစ္ေနတာျဖစ္ပါတယ္။

အဲ႔ဒီအတြက္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ရံုးခန္းမွာ ႏစ္ဖက္ေတြ႔ဆံု ညွိႏိႈင္းခဲ႔ၾကေပမယ့္ ဘယ္နည္းပညာကို သံုးစြဲျပင္ဆင္သြားမယ္ဆိုတာကိုေတာ့ အတည္မျပဳႏိုင္ေသးတာျဖစ္ပါတယ္။

Soundbite – ဦးဝင္းေမာင္ ျမန္မာမႈ ဗိသုကာ ပညာရွင္

ျပည္ပက ပညာရွင္ေတြအေနနဲ႔ တိုင္လံုးတခ်ဳိ႔ကို အသစ္လဲလွယ္ဖို႔ ဆႏၵရွိေနတာျဖစ္သလို ျမန္မာႏိုင္ငံ ေရွးေဟာင္း သုေသတန အဖြဲ႔အေနနဲ႔ မေကာင္းမြန္တဲ႔ အစိတ္အပိုင္းေတြကိုပဲ ျဖတ္ေတာက္ လဲလွယ္ဖို႔ ေျပာဆိုေနတာပါ။

အဲ႔ဒီ ျပသနာကို ေျဖရွင္းဖို႔အတြက္ ႏွစ္ဖက္ အဖြဲ႔ေတြအေနနဲ႔ ညွိႏိႈင္းမႈအားနည္းေနတာျဖစ္ၿပီး ဘယ္နည္းပညာကို အသံုးျပဳသြားမယ္ဆိုတာကိုေတာ့ ျပန္လည္ ညွိႏိႈင္းရမွာျဖစ္ပါတယ္။

Soundbite – ဦးျမတ္သူ ( စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ) မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕႕

မႏၲေလးၿမိဳ႕က ေရႊေက်ာင္း ျပန္လည္ျပင္ဆင္တဲ႔ လုပ္ငန္းေတြကို အေမရိကန္ သံအမတ္ႀကီးမ်ားရံပံုေငြ နဲ႔ ၂၀၁၄ ခုႏွစ္ကတည္းက ျပင္ဆင္ေနတာျဖစ္ၿပီး တိုင္လံုးေတြ ျပဳျပင္ဖို႔မွာ အခုလို အဆင္မေျပ ျဖစ္ေနတာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန္တလေးမြို့ ရွှေကျောင်း ပြင်ဆင်ဖို့အတွက် နည်းပညာဆိုင်ရာ အငြင်းပွားမှုတွေရှိနေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ် ။

မန္တလေးမြို့က နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိရွှေကျောင်း ကို အမေရိကန် သံအမတ်ကြီးများ ရန်ပုံငွေနဲ့ ပြင်ဆင်ဆောင်ရွက် နေရာမှာ ပြည်ပက ပညာရှင်တွေနဲ့ မြန်မာနိုင်ငံ ရှေးဟောင်းသုသေတနနဲ့ အမျိုးသားပြတိုက် ဦးစီးငှာနက ပညာရှင်တွေအကြားမှာ အသုံးပြုမယ့် နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမှာ နစ်ဖက်တွေ့ဆုံ ညှိနှိုင်းခဲ့ကြပေမယ့် ဘယ်နည်းပညာကို သုံးစွဲပြင်ဆင်သွားမယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးတာဖြစ်ပါတယ်။

Soundbite – ဦးဝင်းမောင် မြန်မာမှု ဗိသုကာ ပညာရှင်

ပြည်ပက ပညာရှင်တွေအနေနဲ့ တိုင်လုံးတချို့ကို အသစ်လဲလှယ်ဖို့ ဆန္ဒရှိနေတာဖြစ်သလို မြန်မာနိုင်ငံ ရှေးဟောင်း သုသေတန အဖွဲ့အနေနဲ့ မကောင်းမွန်တဲ့ အစိတ်အပိုင်းတွေကိုပဲ ဖြတ်တောက် လဲလှယ်ဖို့ ပြောဆိုနေတာပါ။

အဲ့ဒီ ပြသနာကို ဖြေရှင်းဖို့အတွက် နှစ်ဖက် အဖွဲ့တွေအနေနဲ့ ညှိနှိုင်းမှုအားနည်းနေတာဖြစ်ပြီး ဘယ်နည်းပညာကို အသုံးပြုသွားမယ်ဆိုတာကိုတော့ ပြန်လည် ညှိနှိုင်းရမှာဖြစ်ပါတယ်။

Soundbite – ဦးမြတ်သူ ( စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ) မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

မန္တလေးမြို့က ရွှေကျောင်း ပြန်လည်ပြင်ဆင်တဲ့ လုပ်ငန်းတွေကို အမေရိကန် သံအမတ်ကြီးများရံပုံငွေ နဲ့ ၂၀၁၄ ခုနှစ်ကတည်းက ပြင်ဆင်နေတာဖြစ်ပြီး တိုင်လုံးတွေ ပြုပြင်ဖို့မှာ အခုလို အဆင်မပြေ ဖြစ်နေတာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)