ငပလီက ပုလဲကၽြန္းကို ခရီးသြားဇုန္ ျပဳလုပ္မယ္ (႐ုပ္/သံ)

0
262

ငပလီကမ္းေျခခရီးသြားလုပ္ငန္း ျမွင့္တင္ႏုိင္ေရးအတြက္ ပင္လယ္ျပင္အတြင္းက ပုလဲကၽြန္းကၽြန္းကို ခရီးသြားဇုန္အျဖစ္ ျပဳလုပ္သြားဖို႔ရွိေနပါတယ္ ။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထား ပါတယ္။

ႏုိင္ငံျခားခရီးသြားေတြ လာေရာက္လည္ပတ္မႈက်ဆင္းေနတဲ့ ငပလီကမ္းေျခရဲ႕ခရီးသြားလုပ္ငန္းကို ျပန္လည္ျမွင့္တင္ ႏုိင္ေရးအတြက္ ပင္လယ္ပင္အတြင္းက ပုလဲကၽြန္းကၽြန္းကို ခရီးသြားဇုန္အျဖစ္ျပဳလုပ္ဖို႔ မတ္လ ၆ ရက္ေန႔က်င္းပခဲ့တဲ့ ရခိုင္ျပည္နယ္လႊြတ္ေတာ္မွာ ေမးျမန္းခဲ့တာပါ ။

ပုလဲကၽြန္းဟာ ငပလီကမ္းေျခနဲ႔ တစ္မိုင္ခန္႔အကြာ ပင္လယ္ျပင္အတြင္းမွာတည္႐ွိၿပီး ခ႐ုကမာေတြနဲ႔ ပင္လယ္လိပ္ မ်ိဳးစိပ္ေတြ သားေပါက္ရာေနရာတစ္ခုျဖစ္သလို ကၽြန္းေပၚမွာ ႏွစ္ေပါင္းရာခ်ီသက္တမ္း႐ွိတဲ့ သစ္ေတာႀကီးေတြ႐ွိေနတာေၾကာင့္ သဘာဝအလွအပေတြကို ျပသၿပီးခရီးသြားေတြကို ဆြဲေဆာင္ႏုိင္တဲ့ ေနရာတစ္ခုျဖစ္ပါတယ္ ။

Soundbite – ဦးႏုိင္ၾကြယ္ေအး (တိုင္းေဒသၾကီး လႊတ္ေတာ္ကိုယ္စားလွယ္) သံတြဲမဲဆႏၵနယ္အမွတ္ ၂
အဲဒီကၽြန္းကို ၁၉၇၆ ခုႏွစ္ကစၿပီး ႏုိင္ငံေတာ္ပုလဲေမြးျမဴေရးစခန္းအျဖစ္ ျပဳလုပ္ခဲ့ဖူးၿပီး လက္႐ွိမွာေတာ့ ရခိုင္ျပည္နယ္အစိုးရ ရဲ႕ စီမံခန္႔ခြဲပိုင္ခြင့္႐ွိတဲ့ေနရာတစ္ခုျဖစ္တဲ့အတြက္ အစိုးရအေနနဲ႔ ႏုိင္ငံျခားခရီးသြားေတြ လာေရာက္အပမ္းေျဖႏိုင္တဲ့ ေနရာ တစ္ခုအျဖစ္ ျပဳလုပ္ေနတယ္လို႔ ရခုိင္ျပည္နယ္ အစိုးရအဖြဲ႔တာ၀န္ရွိသူေတြက ေျဖၾကားခဲ႔ပါတယ္ ။

Soundbite ဦးေက်ာ္ေအးသိန္း (ဘ႑ာ၊အခြန္၊စီမံ၊စီးပြားဝန္ႀကီး) ရခုိင္ျပည္နယ္ အစိုးရအဖြဲ႔

ပုလဲကၽြန္းဟာ ဧရိယာ ၁၀၈ ဧကက်ယ္ဝန္းၿပီး အပမ္းေျဖစခန္းအျဖစ္ တည္ေဆာက္ၿပီးစီးပါက ျပည္တြင္းျပည္ပခရီးသြား ေတြကို ေန႔ခ်င္းျပန္္သြားေရာက္အပမ္းေျဖႏုိင္ေရးအတြက္ ခြင့္ျပဳေပးသြားမွာျဖစ္ျပီး ရမ္းၿဗဲၿမိဳ႕နယ္အတြင္းမွာ႐ွိတဲ့ ပင္လယ္ကၽြန္းတစ္ခုကိုလည္း ႏုိင္ငံတကာအဆင့္မွီ အပမ္းေျခစခန္းတစ္ခုျဖစ္ ရခုိင္ျပည္နယ္အစိုးရက တည္ေဆာက္သြားဖို႔ ႐ွိတာျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငပလီကမ်းခြေခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် ပင်လယ်ပြင်အတွင်းက ပုလဲကျွန်းကျွန်းကို ခရီးသွားဇုန်အဖြစ် ပြုလုပ်သွားဖို့ရှိနေပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထေက် မင်းမျိုးနွယ်က ပေးပို့ထား ပါတယ်။

နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်မှုကျဆင်းနေတဲ့ ငပလီကမ်းခြေရဲ့ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင် နိုင်ရေးအတွက် ပင်လယ်ပင်အတွင်းက ပုလဲကျွန်းကျွန်းကို ခရီးသွားဇုန်အဖြစ်ပြုလုပ်ဖို့ မတ်လ ၆ ရက်နေ့ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မေးမြန်းခဲ့တာပါ ။

ပုလဲကျွန်းဟာ ငပလီကမ်းခြေနဲ့ တစ်မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်းမှာတည်ရှိပြီး ခရုကမာတွေနဲ့ ပင်လယ်လိပ် မျိုးစိပ်တွေ သားပေါက်ရာနေရာတစ်ခုဖြစ်သလို ကျွန်းပေါ်မှာ နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ သစ်တောကြီးတွေရှိနေတာကြောင့် သဘာဝအလှအပတွေကို ပြသပြီးခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ။

Soundbite – ဦးနိုင်ကြွယ်အေး (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) သံတွဲမဲဆန္ဒနယ်အမှတ် ၂
အဲဒီကျွန်းကို ၁၉၇၆ ခုနှစ်ကစပြီး နိုင်ငံတော်ပုလဲမွေးမြူရေးစခန်းအဖြစ် ပြုလုပ်ခဲ့ဖူးပြီး လက်ရှိမှာတော့ ရခိုင်ပြည်နယ်အစိုးရ ရဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် အစိုးရအနေနဲ့ နိုင်ငံခြားခရီးသွားတွေ လာရောက်အပမ်းဖြေနိုင်တဲ့ နေရာ တစ်ခုအဖြစ် ပြုလုပ်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေက ဖြေကြားခဲ့ပါတယ် ။

Soundbite ဦးကျော်အေးသိန်း (ဘဏ္ဍာ၊အခွန်၊စီမံ၊စီးပွားဝန်ကြီး) ရခိုင်ပြည်နယ် အစိုးရအဖွဲ့

ပုလဲကျွန်းဟာ ဧရိယာ ၁၀၈ ဧကကျယ်ဝန်းပြီး အပမ်းဖြေစခန်းအဖြစ် တည်ဆောက်ပြီးစီးပါက ပြည်တွင်းပြည်ပခရီးသွား တွေကို နေ့ချင်းပြန်သွားရောက်အပမ်းဖြေနိုင်ရေးအတွက် ခွင့်ပြုပေးသွားမှာဖြစ်ပြီး ရမ်းဗြဲမြို့နယ်အတွင်းမှာရှိတဲ့ ပင်လယ်ကျွန်းတစ်ခုကိုလည်း နိုင်ငံတကာအဆင့်မှီ အပမ်းခြေစခန်းတစ်ခုဖြစ် ရခိုင်ပြည်နယ်အစိုးရက တည်ဆောက်သွားဖို့ ရှိတာဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)