စပါးတင္း ၁၀၀ ကို အေျခခံေစ်းႏႈန္း ၅ သိန္းက်ပ္အျဖစ္ သတ္မွတ္ (႐ုပ္/သံ)

0
284

ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္အေနနဲ႔ အေျခခံစပါး၀ယ္ေစ်းအျဖစ္ တင္း ၁၀၀ ကို ၅ သိန္း အနိမ့္ဆံုးေပးျပီး ၀ယ္ဖုိ႔ သတ္မွတ္လိုက္ျပီ ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ ျဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

မတ္လ ၆ ရက္က ေနျပည္ေတာ္ MICC 2 မွာ ျပဳလုပ္တဲ့ ျမန္မာႏုိင္ငံဆန္စပါးက႑ဖြံ႕ၿဖိဳးေရးႏွီးေႏွာဖလွယ္ေဆြးေႏြးပြဲ အတြင္းမွာ အေျခခံရည္ညႊန္းစပါးေစ်းႏႈန္းကို ထုတ္ျပန္ေပးလုိက္တာပါ။
ဒီအခမ္းအနားကို ႏုိင္ငံေတာ္ရဲ႕အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ့ျပီး အဖြင့္အမွာစကားေျပာၾကားခဲ့ပါတယ္။

Soundbite – ေဒၚေအာင္ဆန္းစုၾကည္ ( ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္)

ျမန္မာႏိုင္ငံမွာ အေျခခံေစ်းႏႈန္းကို သတ္မွတ္ခဲ့ဖူးျခင္းမရွိဘဲ ႏွစ္ေပါင္း ၇၀ ေက်ာ္အတြင္းမွာ ပထမဆံုး အၾကိမ္အျဖစ္ သတ္မွတ္လိုက္တာပါ။
အခုသတ္မွတ္လိုက္တဲ့ တင္း ၁၀၀ ကို အနိမ့္ဆံုး ၅ သိန္းေစ်းႏႈန္းဟာ လက္ရွိေစ်းကြက္အတြင္းမွာ ေပါက္ေနတဲ့ ေစ်းႏႈန္းျဖစ္ျပီး သိပ္ထူးျခားမႈေတာ့မရွိေပမယ့္ ေတာင္သူေတြအတြက္ အဆင္ေျပမွာျဖစ္တယ္လို႔ မေကြးတုိင္းေဒသၾကီး ဆန္စပါးလုပ္ငန္းရွင္မ်ားအသင္းက အတြင္းေရးမွဴး ဦး၀င္းထိုက္က ေျပာပါတယ္။

Soundbite -ဦး၀င္းထုိက္ ( အတြင္းေရးမွဴး) မေကြးတိုင္းေဒသၾကီးဆန္စပါးလုပ္ငန္းရွင္မ်ားအသင္း

အခုသတ္မွတ္လိုက္တဲ့ အေျခခံေစ်းႏႈန္းဟာ သတ္မွတ္စံခ်ိန္စံညႊန္းေတြနဲ႔ ကိုက္ညီတဲ့ ၄၆ ေပါင္ကိုက္ စပါးတင္း ၁၀၀ ကို က်ပ္ေငြ ၅ သိန္း အေျခခံေစ်းေပးျပီး ၀ယ္ယူဖို႔ျဖစ္ျပီး ေစ်းေကာင္းရရွိေနတဲ့ စပါးေတြကို ေစ်းကြက္ေပါက္ေစ်းအတုိင္း ေရာင္း၀ယ္ရမွာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေနဲ့ အခြေခံစပါးဝယ်ဈေးအဖြစ် တင်း ၁၀ဝ ကို ၅ သိန်း အနိမ့်ဆုံးပေးပြီး ဝယ်ဖို့ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက် ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

မတ်လ ၆ ရက်က နေပြည်တော် MICC 2 မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးနှီးနှောဖလှယ်ဆွေးနွေးပွဲ အတွင်းမှာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ထုတ်ပြန်ပေးလိုက်တာပါ။
ဒီအခမ်းအနားကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

Soundbite – ဒေါ်အောင်ဆန်းစုကြည် ( နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)

မြန်မာနိုင်ငံမှာ အခြေခံဈေးနှုန်းကို သတ်မှတ်ခဲ့ဖူးခြင်းမရှိဘဲ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် သတ်မှတ်လိုက်တာပါ။
အခုသတ်မှတ်လိုက်တဲ့ တင်း ၁၀ဝ ကို အနိမ့်ဆုံး ၅ သိန်းဈေးနှုန်းဟာ လက်ရှိဈေးကွက်အတွင်းမှာ ပေါက်နေတဲ့ ဈေးနှုန်းဖြစ်ပြီး သိပ်ထူးခြားမှုတော့မရှိပေမယ့် တောင်သူတွေအတွက် အဆင်ပြေမှာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ဦးဝင်းထိုက်က ပြောပါတယ်။

Soundbite -ဦးဝင်းထိုက် ( အတွင်းရေးမှူး) မကွေးတိုင်းဒေသကြီးဆန်စပါးလုပ်ငန်းရှင်များအသင်း

အခုသတ်မှတ်လိုက်တဲ့ အခြေခံဈေးနှုန်းဟာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀ဝ ကို ကျပ်ငွေ ၅ သိန်း အခြေခံဈေးပေးပြီး ဝယ်ယူဖို့ဖြစ်ပြီး ဈေးကောင်းရရှိနေတဲ့ စပါးတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်ရမှာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)