(MJA) နဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့တွေ့ဆုံပွဲ နယ်ခံသတင်း ဌာနတွေ သတင်းယူခွင့်မရ (ရုပ်/သံ)

0
815








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိင်ငံသတင်းစာဆရာအသင်း (MJA) နဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွေ့ဆုံပွဲကို ပုသိမ်အခြေစိုက် သတင်းဌာနတွေ ဝင်ရောက်သတင်း ယူခွင့်ပိတ်ပင်ခံရတဲ့အတွက် နယ်ခံသတင်းသမားတွေ ကန့်ကွက်ခဲ့ကြပါတယ်။ဒီသတင်းကို MCN သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ် ။

မတ်လ ၅ ရက်နေ့က မြန်မာနိင်ငံသတင်းစာဆရာအသင်း (MJA) နဲ့ဧရာဝတီတိုင်းဒေသသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး ဒီတွေဆုံပွဲမှာ နယ်ခံသတင်းသမားတွေ သတင်းရယူခွင့် တားဆီးခံခဲ့ရတာပါ ။

ဒီတွေ့ဆုံပွဲနဲ့မှာ သတင်းသမားတွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အုပ်ချုပ်သူတွေကြား စိမ်းကားနေတယ်ဆိုတဲ့ အမြင်တွေဖြစ်ပေါ်နေတဲ့အပေါ် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်တွေအရ အားရကျေနပ်မှုရှိကြောင်း ခုလိုနယ်ခံသတင်းသမားတွေ သတင်းရယူခွင့် ပိတ်ပင်တားဆီးခံရတာကိုတော့ မသိရကြောင်း မြန်မာနိင်ငံသတင်းစာဆရာများအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

Soundbite – ဒါရိုက်တာမောင်ယဉ်ကျော် (ဥက္ကဋ္ဌ) ရန်ကုန်တိုင်းဒေသကြီးသတင်းစာဆရာများအသင်း

သတင်းသမားတွေနဲ့ အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေးပွဲမှာ နယ်ခံသတင်း သမားတွေအနေနဲ့ သတင်းရယူခွင့် မရတာဟာ ပွင့်လင်းမြင်သာတဲ့တွေ့ဆုံဆွေးနွေးပွဲမဟုတ်သလို တစ်ကယ်သတင်း ရယူနေတဲ့ သတင်းသမားတွေ ကြုံတွေ့နေရတာတွေကိုကိုယ်စားမပြုဘူးလို့ နယ်ခံသတင်းသမားတစ်ဦးကပြောပါတယ် ။

Soundbite – ဦးသက်ဆွေ(7 Day သတင်းထောက်)

တွေ့ဆုံပွဲပြုလုပ်ရတာက ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေရဲ့ ဆောင်ရွက်ပြီး ၊ဆောင်ရွက်ဆဲနဲ့ ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ပြည်သူတွေသိရှိအောင် သတင်းအဖြစ်ဖော်ပြပေးဖို့ ရည်ရွယ် တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း လက်ရှိသတင်းရေးသားနေတဲ့ နယ်ခံသတင်းထောက်တွေကို သတင်းယူခွင့်မပေးတဲ့အပေါ်မှာတော့ နယ်ခံသတင်းသမားတွေက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)