တနသၤာရီတိုင္းထဲက ဘိန္းစာပင္ေတြ ပူးေပါင္းဖ်က္ဆီး (႐ုပ္/သံ)

0
892

တနသၤာရီတိုင္းေဒသႀကီး ေက်းရြာေတြမွာ စိုက္ပ်ိဳးထားတဲ႔ ဘိန္းစာပင္ေတြကို အစိုးရ နဲ႔ အရပ္ဖက္အဖြဲ႔အစည္းေတြက သြားေရာက္ဖ်က္စီးခဲ႔ပါတယ္ ။ ဒီသတင္းကို သဥၨာ ကတင္ဆက္ေပးထားပါတယ္ ။

တနသၤာရီၿမိဳ႕နယ္ သက်က္ေက်းရြာအုပ္စု၊ ကြ်ဲထိန္းကုန္းေက်းရြာနဲ႔ ဘန္က်ဳတ္ေခ်ာင္းအတြင္း စိုက္ပ်ိဳးထားတဲ႔ ဘိန္းစာပင္ေတြကို သက္ဆိုင္ရာအဖြဲ႕စည္းေတြနဲ႔ ေဒသခံေတြက အစိုးရရဲ႕ ညြန္ၾကားခ်က္အတိုင္း ပူးေပါင္း မီးရွိဳ႕ဖ်က္ဆီးခဲ႔တာပါ ။ အဲ႔ဒီေဒသက ဘိန္းစာပင္ (၉၀၀) နီးပါးကိုဖ်က္စီးခဲ႔တာျဖစ္ျပီး ကာလတန္ဖိုး အေနနဲ႔ က်ပ္သိန္းေပါင္း (၃၀၀) ေက်ာ္ တန္ေၾကးရွိတာျဖစ္ပါတယ္ ။

Soundbite – ဒုရဲမွဴးႀကီး တင္ထြန္း ျမိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴး

အဲ႔ဒီ ဘိန္းစာပင္ ေတြဟာ တနသၤာရီတိုင္းအတြင္းက စိမ္႔စမ္းေရနဲ႔ ေျမျပာေတြရွိတဲ႕ ေဒသေတြမွာ အမ်ားဆံုးေပါက္ေရာက္ စိုက္ပ်ိဳးၾကတဲ႔ အပင္တစ္မ်ိဳးျဖစ္ပါတယ္ ။ ဘိန္းစာပင္ေတြဟာ အျမင္႔ေပ (၈) ေပကေန (၁၂) ေပအထိရွိျပီး ပင္စည္ကေတာ႔ (၃) လက္မ ပတ္လည္ရွိပါတယ္ ။

Soundbite – ကိုေက်ာ္မ်ိဳးသန္႔ (ေဒသခံ )

ဘိန္းစာရြက္စို ဟာ ကာလေပါက္ေစ်းအေနနဲ႔ အရြက္စို (၁) ကီလိုကို (၂၅၀၀၀) ေပါက္ေစ်း ရွိေနတာပါ ။ လက္ရွိမွာ ဘိန္းစာပင္ရဲ႕ အရြက္ကို ႀကိဳခ်က္ကာ ေကာ္ဖီမစ္ အခ်ိဳရည္ရည္ ဒိန္ခ်ဥ္ ႔ စတာေတြနဲ႔ ေရာစပ္ အသံုးျပဳေသာက္သံုးေနၾကတာျဖစ္ျပီး မူးေ၀ ထံုထိုင္ေစတဲ႔အတြက္ ျမန္မာႏိုင္ငံ မူးယစ္ကင္းေစအဖြဲ႕က မူးေဆး၀ါးပင္အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တနင်္သာရီတိုင်းဒေသကြီး ကျေးရွာတွေမှာ စိုက်ပျိုးထားတဲ့ ဘိန်းစာပင်တွေကို အစိုးရ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက သွားရောက်ဖျက်စီးခဲ့ပါတယ် ။ ဒီသတင်းကို သဉ္ဇာ ကတင်ဆက်ပေးထားပါတယ် ။

တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာနဲ့ ဘန်ကျုတ်ချောင်းအတွင်း စိုက်ပျိုးထားတဲ့ ဘိန်းစာပင်တွေကို သက်ဆိုင်ရာအဖွဲ့စည်းတွေနဲ့ ဒေသခံတွေက အစိုးရရဲ့ ညွန်ကြားချက်အတိုင်း ပူးပေါင်း မီးရှို့ဖျက်ဆီးခဲ့တာပါ ။ အဲ့ဒီဒေသက ဘိန်းစာပင် (၉၀ဝ) နီးပါးကိုဖျက်စီးခဲ့တာဖြစ်ပြီး ကာလတန်ဖိုး အနေနဲ့ ကျပ်သိန်းပေါင်း (၃၀ဝ) ကျော် တန်ကြေးရှိတာဖြစ်ပါတယ် ။

Soundbite – ဒုရဲမှူးကြီး တင်ထွန်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး

အဲ့ဒီ ဘိန်းစာပင် တွေဟာ တနင်္သာရီတိုင်းအတွင်းက စိမ့်စမ်းရေနဲ့ မြေပြာတွေရှိတဲ့ ဒေသတွေမှာ အများဆုံးပေါက်ရောက် စိုက်ပျိုးကြတဲ့ အပင်တစ်မျိုးဖြစ်ပါတယ် ။ ဘိန်းစာပင်တွေဟာ အမြင့်ပေ (၈) ပေကနေ (၁၂) ပေအထိရှိပြီး ပင်စည်ကတော့ (၃) လက်မ ပတ်လည်ရှိပါတယ် ။

Soundbite – ကိုကျော်မျိုးသန့် (ဒေသခံ )

ဘိန်းစာရွက်စို ဟာ ကာလပေါက်ဈေးအနေနဲ့ အရွက်စို (၁) ကီလိုကို (၂၅၀ဝ၀) ပေါက်ဈေး ရှိနေတာပါ ။ လက်ရှိမှာ ဘိန်းစာပင်ရဲ့ အရွက်ကို ကြိုချက်ကာ ကော်ဖီမစ် အချိုရည်ရည် ဒိန်ချဉ် ့ စတာတွေနဲ့ ရောစပ် အသုံးပြုသောက်သုံးနေကြတာဖြစ်ပြီး မူးဝေ ထုံထိုင်စေတဲ့အတွက် မြန်မာနိုင်ငံ မူးယစ်ကင်းစေအဖွဲ့က မူးဆေးဝါးပင်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)