လစ္လပ္၀န္ႀကီးေနရာ မေကြးတိုင္း၀န္ၾကီးခ်ဳပ္ ႀကိဳးစားရွာေန (႐ုပ္/သံ)

0
851

လစ္လပ္ေနတဲ့ မေကြးတိုင္း၀န္ႀကီး ၂ ေနရာကို ျပန္လည္ခန္႔အပ္နိုင္ဖို႔ အဆိုတင္သြင္းနိုင္ဖို႔အတြက္ မေကြးတိုင္း၀န္ႀကီးခ်ဳပ္က ႀကိဳးစာၿပီးရွာေဖြေနပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ ဟန္ထူးေဇာ္ ကေပးပို႕ထားပါတယ္ ။

လစ္လပ္ေနတဲ့မေကြးတိုင္း၀န္ၾကီး၂ေနရာျဖစ္တဲ့ အလုပ္သမားႏွင့္လူ၀င္မႈၾကီးၾကပ္ေရး၀န္ၾကီး၊ စုိက္ပိ်ဳးေရးႏွင့္ဆည္ေျမာင္း၀န္ၾကီးတို႕ ႏုတ္ထြက္သြားတာေၾကာင့္ ျပန္လည္အသစ္ခန္႕ႏိုင္ဖို႕အတြက္ ၀န္ၾကီးခ်ဳပ္က အဆိုတင္သြင္းခဲ့တာပါ ။
ျပီးခဲ့တဲ့ တိုင္းေဒသၾကီးအေရးေပၚလြတ္ေတာ္အစည္းေ၀းမွာ လစ္လပ္ေနတဲ႔ ၀န္ၾကီးေနရာေတြအတြက္ မေကြးတိုင္းအစိုးရကိုယ္စား လူမႈေရး၀န္ၾကီး ေဒါက္တာခင္ေမာင္ေအးမွ အမည္စာရင္း တင္သြင္းခဲ့ေပမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္၁၇ဦးက ကန္႕ကြက္ခဲ့တာေၾကာင့္ ျပန္လည္ရုပ္သိမ္းခဲ့ရတာျဖစ္ပါတယ္ ။

Soundbite – ေဒါက္တာေအာင္မိုးညိဳ (၀န္ၾကီးခ်ဳပ္) မေကြးတိုင္းေဒသၾကီးအစိုးရ

မေကြး၀န္ၾကီး၂ဦး အမည္စာရင္းတင္သြင္းရာမွာ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ဗဟိုနဲ႕႔ လႊတ္ေတာ္ကိုယ္စာလွယ္ေတြနဲ႔ ပါတီ၀င္ေတြၾကားမွာ ႕ သေဘာထားကဲြလဲြမႈေတြရွိေနတာပါ ။
NLD ပါတီ ဗဟိုအေနနဲ႕ ပညာရွင္ကို ဦးစားေပးျပီးေရြးျခယ္မယ္လို႔ေျပာဆိုထားျပီး လႊတ္ေတာ္ကိုယ္စာလွယ္နဲ႕ ပါတီ၀င္ေတြက တိုင္းတတိုင္းလုံးအနိုင္ရထားတာေၾကာင့္ မိမိတို႕ပါတီ၀င္ေတြကိုသာေရြးျခယ္ေစျခင္ေနၾကတာျဖစ္ပါတယ္ ။
Soundbite – ဦးေဇာ္၀င္း (တိုင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္) ကံမျမိဳ႔နယ္

မေကြးတိုင္းက ၀န္ၾကီး၂ဦးႏုတ္ထြက္တာဟာ ၁လေက်ာ္ၾကာေနတာျဖစ္ျပီး အမည္စာရင္းကို လႊတ္ေတာ္နဲ ႕ပါတီဗဟိုကို ၆ ၾကိမ္တင္သြင္းထားေပမယ္႔ အခုခ်ိန္ထိ႔မခန္႔အပ္နိုင္ေသးတာျဖစ္ပါတယ္ ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လစ်လပ်နေတဲ့ မကွေးတိုင်းဝန်ကြီး ၂ နေရာကို ပြန်လည်ခန့်အပ်နိုင်ဖို့ အဆိုတင်သွင်းနိုင်ဖို့အတွက် မကွေးတိုင်းဝန်ကြီးချုပ်က ကြိုးစာပြီးရှာဖွေနေပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် ဟန်ထူးဇော် ကပေးပို့ထားပါတယ် ။

လစ်လပ်နေတဲ့မကွေးတိုင်းဝန်ကြီး၂နေရာဖြစ်တဲ့ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးတို့ နုတ်ထွက်သွားတာကြောင့် ပြန်လည်အသစ်ခန့်နိုင်ဖို့အတွက် ဝန်ကြီးချုပ်က အဆိုတင်သွင်းခဲ့တာပါ ။
ပြီးခဲ့တဲ့ တိုင်းဒေသကြီးအရေးပေါ်လွတ်တော်အစည်းဝေးမှာ လစ်လပ်နေတဲ့ ဝန်ကြီးနေရာတွေအတွက် မကွေးတိုင်းအစိုးရကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ အမည်စာရင်း တင်သွင်းခဲ့ပေမယ့် လွှတ်တော်ကိုယ်စားလှယ်၁၇ဦးက ကန့်ကွက်ခဲ့တာကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ရတာဖြစ်ပါတယ် ။

Soundbite – ဒေါက်တာအောင်မိုးညို (ဝန်ကြီးချုပ်) မကွေးတိုင်းဒေသကြီးအစိုးရ

မကွေးဝန်ကြီး၂ဦး အမည်စာရင်းတင်သွင်းရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုနဲ့ လွှတ်တော်ကိုယ်စာလှယ်တွေနဲ့ ပါတီဝင်တွေကြားမှာ ့ သဘောထားကွဲလွဲမှုတွေရှိနေတာပါ ။
NLD ပါတီ ဗဟိုအနေနဲ့ ပညာရှင်ကို ဦးစားပေးပြီးရွေးခြယ်မယ်လို့ပြောဆိုထားပြီး လွှတ်တော်ကိုယ်စာလှယ်နဲ့ ပါတီဝင်တွေက တိုင်းတတိုင်းလုံးအနိုင်ရထားတာကြောင့် မိမိတို့ပါတီဝင်တွေကိုသာရွေးခြယ်စေခြင်နေကြတာဖြစ်ပါတယ် ။
Soundbite – ဦးဇော်ဝင်း (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) ကံမမြို့နယ်

မကွေးတိုင်းက ဝန်ကြီး၂ဦးနုတ်ထွက်တာဟာ ၁လကျော်ကြာနေတာဖြစ်ပြီး အမည်စာရင်းကို လွှတ်တော်နဲ ့ပါတီဗဟိုကို ၆ ကြိမ်တင်သွင်းထားပေမယ့် အခုချိန်ထိ့မခန့်အပ်နိုင်သေးတာဖြစ်ပါတယ် ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)