မေကြး၀န္ၾကီးခ်ဳပ္ခရီး ျပည္သူေတြသူတို႔ အခက္အခဲတင္ျပခြင့္မရဟုဆို (႐ုပ္/သံ)

0
820

မေကြးတိုင္း၀န္ၾကီးခ်ဳပ္ရဲ႕ ပထမဆံုးအၾကိမ္ ကံမျမိဳ႕နယ္ ခရီးစဥ္မွာ ေဒသခံေတြက သူတို႔အခက္အခဲေတြကို တင္ျပခ်င္ေပမယ္႔ တင္ျပခြင့္မရဘူးလို႔ ေဒသခံေတြကေျပာပါတယ္ ။ ဒီသတင္းကို MCNသတင္းေထာက္ဟန္ထူးေဇာ္ကေပးပို႕ထားပါတယ္ ။

မေကြးတိုင္းကံမျမိဳ႕နယ္မွာ မတ္လ၂ရက္ေန႕က မေကြးတိုင္း၀န္ၾကီးခ်ဳပ္ဦးေဆာင္တဲ့အဖဲြ႕က ကံမျမိဳ႕နယ္ခန္းမမွာ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္မွအဖဲြ႕၀င္ေတြနဲ႕ ေတြ႕ဆုံခဲ့ပါတယ္ ။ ၀န္ၾကီးခ်ဳပ္ရဲ႕ ဒီခရီးစဥ္မွာ ေဒသခံေတြက ပုံစံ(၇) မွားယြင္းထုတ္ေပးတဲ႔ ျပသနာေတြ နဲ႔ လွ်ပ္စစ္မီးျပသနာေတြကိုတင္ျပဖို႕ လာေရာက္ခဲ့ၾကပါတယ္ ။
ဒါေပမယ္႔လည္း အဲ့ဒီေတြ႕ဆုံပဲြမွာ သူတို႕ရဲ႕အခက္ခဲေတြကိုတင္ျပနိုင္ဖို႕ လာေရာက္ေတြ႕ဆုံခဲ့ေပမယ့္ တင္ျပခြင့္မရခဲ့ပါဘူးလို႔ေဒသခံေတြကေျပာပါတယ္ ။

Soundbite – ဦးေက်ာ္လြင္ဦး (အုပ္ရွစ္ကုန္းေက်းရြာ ကံမျမိဳ႕နယ္)

ေဒသခံေတြအေနနဲ႔ သူတို႔အခက္အခဲေတြကို ဆြးေႏြးခြင့္မရခဲ့တာက သရက္ျမိဳ႕နယ္မွာ ပါတီ၀င္ေတြနဲ႕ထပ္မံေတြ႕ဆုံဖို႕ အစီစဥ္ရွိေနတဲ႔အတြက္ အခ်ိန္မရွိတာေၾကာင့္ ျဖစ္တယ္လို႔ တာ၀န္ရွိသူေတြကေျပာပါတယ္ ။

Soundbite – ဦးျမင့္ေအာင္ တိုင္းေဒသၾကီးလြတ္ေတာ္ကိုယ္စာလွယ္ (ကံမျမိဳ႕နယ္)

အဲ့ဒီေတြ႕ဆုံပဲြမွာ ၀န္ၾကီးခ်ဳပ္အေနနဲ႕ ေနာက္လာမယ့္ေရြးေကာက္ပဲြမွာ အနိုင္ရေအာင္ အဖဲြ႕၀င္ေတြအေနနဲ႕ျပည္သူေတြမ်က္ႏွာကိုၾကည္႕ျပီးလုပ္ေဆာင္ဖို႕ေျပာၾကားခဲ႔ပါေသးတယ္ ။

Soundbite – ေဒါက္တာေအာင္မိုးညိဳ (၀န္ၾကီးခ်ဳပ္) မေကြးတိုင္း ေဒသၾကီး

မေကြးတိုင္း၀န္ၾကီးခ်ဳပ္ခရီးစဥ္ဟာ မတ္လ၁ရက္ေန႕မွာ ေအာင္လံျမိဳ႕နယ္ ၂ရက္ေန႕မွာ ကံမျမိဳ႕နယ္နဲ႕သရက္ျမိဳ႕နယ္ ၃ရက္ေန႕မွာ မင္းတုန္းျမိဳ႕နယ္နယ္နဲ႔ မင္းလွျမိဳ႕နယ္ေတြက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔၀င္ေတြနဲ႔ ေတြ႔ဆံုခဲ႔တာျဖစ္ပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မကွေးတိုင်းဝန်ကြီးချုပ်ရဲ့ ပထမဆုံးအကြိမ် ကံမမြို့နယ် ခရီးစဉ်မှာ ဒေသခံတွေက သူတို့အခက်အခဲတွေကို တင်ပြချင်ပေမယ့် တင်ပြခွင့်မရဘူးလို့ ဒေသခံတွေကပြောပါတယ် ။ ဒီသတင်းကို MCNသတင်းထောက်ဟန်ထူးဇော်ကပေးပို့ထားပါတယ် ။

မကွေးတိုင်းကံမမြို့နယ်မှာ မတ်လ၂ရက်နေ့က မကွေးတိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့က ကံမမြို့နယ်ခန်းမမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဝန်ကြီးချုပ်ရဲ့ ဒီခရီးစဉ်မှာ ဒေသခံတွေက ပုံစံ(၇) မှားယွင်းထုတ်ပေးတဲ့ ပြသနာတွေ နဲ့ လျှပ်စစ်မီးပြသနာတွေကိုတင်ပြဖို့ လာရောက်ခဲ့ကြပါတယ် ။
ဒါပေမယ့်လည်း အဲ့ဒီတွေ့ဆုံပွဲမှာ သူတို့ရဲ့အခက်ခဲတွေကိုတင်ပြနိုင်ဖို့ လာရောက်တွေ့ဆုံခဲ့ပေမယ့် တင်ပြခွင့်မရခဲ့ပါဘူးလို့ဒေသခံတွေကပြောပါတယ် ။

Soundbite – ဦးကျော်လွင်ဦး (အုပ်ရှစ်ကုန်းကျေးရွာ ကံမမြို့နယ်)

ဒေသခံတွေအနေနဲ့ သူတို့အခက်အခဲတွေကို ဆွးနွေးခွင့်မရခဲ့တာက သရက်မြို့နယ်မှာ ပါတီဝင်တွေနဲ့ထပ်မံတွေ့ဆုံဖို့ အစီစဉ်ရှိနေတဲ့အတွက် အချိန်မရှိတာကြောင့် ဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ် ။

Soundbite – ဦးမြင့်အောင် တိုင်းဒေသကြီးလွတ်တော်ကိုယ်စာလှယ် (ကံမမြို့နယ်)

အဲ့ဒီတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်အနေနဲ့ နောက်လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရအောင် အဖွဲ့ဝင်တွေအနေနဲ့ပြည်သူတွေမျက်နှာကိုကြည့်ပြီးလုပ်ဆောင်ဖို့ပြောကြားခဲ့ပါသေးတယ် ။

Soundbite – ဒေါက်တာအောင်မိုးညို (ဝန်ကြီးချုပ်) မကွေးတိုင်း ဒေသကြီး

မကွေးတိုင်းဝန်ကြီးချုပ်ခရီးစဉ်ဟာ မတ်လ၁ရက်နေ့မှာ အောင်လံမြို့နယ် ၂ရက်နေ့မှာ ကံမမြို့နယ်နဲ့သရက်မြို့နယ် ၃ရက်နေ့မှာ မင်းတုန်းမြို့နယ်နယ်နဲ့ မင်းလှမြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)