ဇာတ်ပွဲ ငှားရမ်းသူနည်းလာတဲ့အတွက် ဇာတ်သဘင်မှာပါဝင်သူတွေ ခက်ခဲနေ

0
366

အခုနှစ် ဇာတ်သဘင်ပွဲတွေကို ငှားရမ်းသူနည်းလာတဲ့အတွက် ဇာတ်သဘင်မှာပါဝင်သူတွေ အခက်အခဲတွေ ရှိလာနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှာ ဇာတ်သဘင်အဖွဲပေါင်း ၁၀ ဖွဲ့ခန့်ရှိပြီး၊ ဇာတ်သဘင်တွေက တစ်နှစ်မှာ နှစ်ညကို ပွဲချီ တစ်ည သတ်မှတ်ထားတဲ့ ပွဲချီ ပေါင်း ၁၅၀ ကနေ ၂၀၀ ကျော်ကပြရပေမယ့် အခုနှစ်မှာတော့ ဇာတ်သဘင်ပွဲငှားရမ်းသူတွေ နည်းပါးလာနေတယ်လို့ ဇာတ်သဘင် တည်ထောင်သူတွေက ပြောပါတယ်။

ဇာတ်ပွဲသဘင်တွေကို အခမဲ့ TV အစီအစဉ်တွေမှာ တိုက်ရိုက် ကြည့်ရှုရသလို အချို့မြို့နယ်တွေရဲ့ ပွဲလမ်းသဘင်တွေမှာ တရားပွဲတွေကိုသာ အဓိကပြုလုပ်လာတဲ့အတွက် ဇာတ်သဘင်ငှားရမ်းသူတွေ လျော့နည်းလာတာ ဖြစ်တယ်လို့ ဇာတ်သဘင် တည်ထောင်သူ တစ်ဦးက ပြောပါတယ်။

Soundbite ဒေါ်သူူသူူထွန်း (စတား ဇာတ်သဘင်တည်ထောင်သူ) မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

လူပေါင်း ၇၀ ကနေ ၁၀၀ ကျော်ရှိတဲ့ ဇာတ်သဘင်တစ်ခုအတွက် ရင်းနှီးကုန်ကျငွေ ကျပ် သိန်းပေါင်း ၅,၀၀၀ ရှိပြီး၊ လူပေါင်း အနည်းဆုံး ၃၈ ဦးရှိတဲ့ ဗလာဇာတ်မှာတော့ ကုန်ကျ ငွေ ကျပ် သိန်းပေါင်း ၂,၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။

ဇာတ်သဘင်အမျိုးအစားအလိုက် ဇာတ်သဘင်မှာ ပါဝင်သူတွေရဲ့ ဝင်ငွေကတော့ စတိတ်လုပ်သားတွေ တစ်ညအတွက် ရရှိတဲ့ ငွေက ကျပ် ၈,၀၀၀ ရှိပြီး၊ ယိမ်းသမ တစ်ဦးကို ကျပ် ၁၀,၀၀၀၊ ပြဇတ်မင်းသမီး တစ်ဦးအတွက် အနိမ့်ဆုံး ကျပ် ၂၅,၀၀၀ ကနေ အများဆုံး ကျပ် ၅၀,၀၀၀ အထိရှိကာ ဇာတ်သဘင် ခေါင်းဆောင် မင်းသားတစ်ဦးအတွက် ကျပ် ၇၀,၀၀၀ ကနေ ၈၀,၀၀၀ အထိ ရှိတယ်လို့ ဇာတ်သဘင်တည်ထောင်သူ တစ်ဦးက ပြောပါတယ်။

Soundbite ဦးအောင်ဖြိုးဟိန်း (ရွှေတံဆိပ်ဆုရ စွယ်စုံမင်းသားကြီး) အောင်မြင်မှု ဇာတ်သဘင်၊ မုံရွာမြို့နယ်

ဒါပေမယ့် ဇာတ်သဘင် အမျိုးအစားပေါ်မူတည်ပြီး ဇာတ်သဘင်မှာ ကပြဖျော်ဖြေရတဲ့သူတွေမှာလည်း လုပ်ခရရှိမှု တူညီမှု မတူညီတာကြောင့် အခုလို ဇာတ်သဘင်ပွဲ ငှားရမ်းသူ နည်းလာတဲ့အချိန် ဇာတ်သဘင်ကိုအမှီပြုပြီး လုပ်ကိုင်သူတွေမှာ အခက်အခဲတွေ ရှိလာနေတာလည်း ဖြစ်ပါတယ်။

မုံရွာမြို့ရှိ ဇာတ်သဘင်တစ်ခုရဲ့ မင်းသားတစ်ဦးအတွက် ပွဲချီတစ်ပွဲ ရရှိတဲ့ ငွေက ကျပ် ၄၀,၀၀၀ ကျော်ရရှိပေမယ့် အခုလို ဇာတ်သဘင်ကပြရမှု နည်းတဲ့အချိန်မှာ မိသားစုစားဝတ်နေရေး လုံလောက်မှုမရှိဘူးလို့ ရွှေမြို့တော် ဇာတ်သဘင် မင်းသားတစ်ဦးက ပြောပါတယ်။

Soundbite ကိုချမ်းချမ်း (စွယ်စုံမင်းသား) ရွှေမြို့တော် ဇာတ်သဘင်၊ မုံရွာမြို့နယ်

အခုနှဈ ဇာတသြဘငကြို ငှားရမြးသူ နညြးလာနတေဲ့အတှကြ တညထြောငသြူတှမှော ကုနကြစွရိတမြွားပှားနသလေို ဇာတသြဘငအြဖှဲ့မှာ ပါဝငသြူတှရေဲ့ အနုပညာကှေးငှကေ မိသားစု စားဝတနြရေေးကို လုံလောကအြောငဖြနတြီးမပေးနိုငတြာကှောင့ြ ဆကလြကရြပတြညနြိုငဖြို့ အခကအြခဲတှေ ရှိလာနတော ဖှဈပါတယြ ခငဗြွာ။

ဇာတျပှဲ ငှားရမျးသူနညျးလာတဲ့အတှကျ ဇာတျသဘငျမှာပါဝငျသူတှေ ခကျခဲနေ

အခုနှစ် ဇာတ်သဘင်ပွဲတွေကို ငှားရမ်းသူနည်းလာတဲ့အတွက် ဇာတ်သဘင်မှာပါဝင်သူတွေ အခက်အခဲတွေ ရှိလာနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှာ ဇာတ်သဘင်အဖွဲပေါင်း ၁၀ ဖွဲ့ခန့်ရှိပြီး၊ ဇာတ်သဘင်တွေက တစ်နှစ်မှာ နှစ်ညကို ပွဲချီ တစ်ည သတ်မှတ်ထားတဲ့ ပွဲချီ ပေါင်း ၁၅၀ ကနေ ၂၀၀ ကျော်ကပြရပေမယ့် အခုနှစ်မှာတော့ ဇာတ်သဘင်ပွဲငှားရမ်းသူတွေ နည်းပါးလာနေတယ်လို့ ဇာတ်သဘင် တည်ထောင်သူတွေက ပြောပါတယ်။

ဇာတ်ပွဲသဘင်တွေကို အခမဲ့ TV အစီအစဉ်တွေမှာ တိုက်ရိုက် ကြည့်ရှုရသလို အချို့မြို့နယ်တွေရဲ့ ပွဲလမ်းသဘင်တွေမှာ တရားပွဲတွေကိုသာ အဓိကပြုလုပ်လာတဲ့အတွက် ဇာတ်သဘင်ငှားရမ်းသူတွေ လျော့နည်းလာတာ ဖြစ်တယ်လို့ ဇာတ်သဘင် တည်ထောင်သူ တစ်ဦးက ပြောပါတယ်။

Soundbite ဒေါ်သူူသူူထွန်း (စတား ဇာတ်သဘင်တည်ထောင်သူ) မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

လူပေါင်း ၇၀ ကနေ ၁၀၀ ကျော်ရှိတဲ့ ဇာတ်သဘင်တစ်ခုအတွက် ရင်းနှီးကုန်ကျငွေ ကျပ် သိန်းပေါင်း ၅,၀၀၀ ရှိပြီး၊ လူပေါင်း အနည်းဆုံး ၃၈ ဦးရှိတဲ့ ဗလာဇာတ်မှာတော့ ကုန်ကျ ငွေ ကျပ် သိန်းပေါင်း ၂,၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။

ဇာတ်သဘင်အမျိုးအစားအလိုက် ဇာတ်သဘင်မှာ ပါဝင်သူတွေရဲ့ ဝင်ငွေကတော့ စတိတ်လုပ်သားတွေ တစ်ညအတွက် ရရှိတဲ့ ငွေက ကျပ် ၈,၀၀၀ ရှိပြီး၊ ယိမ်းသမ တစ်ဦးကို ကျပ် ၁၀,၀၀၀၊ ပြဇတ်မင်းသမီး တစ်ဦးအတွက် အနိမ့်ဆုံး ကျပ် ၂၅,၀၀၀ ကနေ အများဆုံး ကျပ် ၅၀,၀၀၀ အထိရှိကာ ဇာတ်သဘင် ခေါင်းဆောင် မင်းသားတစ်ဦးအတွက် ကျပ် ၇၀,၀၀၀ ကနေ ၈၀,၀၀၀ အထိ ရှိတယ်လို့ ဇာတ်သဘင်တည်ထောင်သူ တစ်ဦးက ပြောပါတယ်။

Soundbite ဦးအောင်ဖြိုးဟိန်း (ရွှေတံဆိပ်ဆုရ စွယ်စုံမင်းသားကြီး) အောင်မြင်မှု ဇာတ်သဘင်၊ မုံရွာမြို့နယ်

ဒါပေမယ့် ဇာတ်သဘင် အမျိုးအစားပေါ်မူတည်ပြီး ဇာတ်သဘင်မှာ ကပြဖျော်ဖြေရတဲ့သူတွေမှာလည်း လုပ်ခရရှိမှု တူညီမှု မတူညီတာကြောင့် အခုလို ဇာတ်သဘင်ပွဲ ငှားရမ်းသူ နည်းလာတဲ့အချိန် ဇာတ်သဘင်ကိုအမှီပြုပြီး လုပ်ကိုင်သူတွေမှာ အခက်အခဲတွေ ရှိလာနေတာလည်း ဖြစ်ပါတယ်။

မုံရွာမြို့ရှိ ဇာတ်သဘင်တစ်ခုရဲ့ မင်းသားတစ်ဦးအတွက် ပွဲချီတစ်ပွဲ ရရှိတဲ့ ငွေက ကျပ် ၄၀,၀၀၀ ကျော်ရရှိပေမယ့် အခုလို ဇာတ်သဘင်ကပြရမှု နည်းတဲ့အချိန်မှာ မိသားစုစားဝတ်နေရေး လုံလောက်မှုမရှိဘူးလို့ ရွှေမြို့တော် ဇာတ်သဘင် မင်းသားတစ်ဦးက ပြောပါတယ်။

Soundbite ကိုချမ်းချမ်း (စွယ်စုံမင်းသား) ရွှေမြို့တော် ဇာတ်သဘင်၊ မုံရွာမြို့နယ်

အခုနှစ် ဇာတ်သဘင်ကို ငှားရမ်းသူ နည်းလာနေတဲ့အတွက် တည်ထောင်သူတွေမှာ ကုန်ကျစရိတ်များပြားနေသလို ဇာတ်သဘင်အဖွဲ့မှာ ပါဝင်သူတွေရဲ့ အနုပညာကြေးငွေက မိသားစု စားဝတ်နေရေးကို လုံလောက်အောင်ဖန်တီးမပေးနိုင်တာကြောင့် ဆက်လက်ရပ်တည်နိုင်ဖို့ အခက်အခဲတွေ ရှိလာနေတာ ဖြစ်ပါတယ် ခင်ဗျာ။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)