က်ိဳက္လတ္ ေျမစာရင္းနဲ႔ စည္ပင္ အဂတိ လိုက္စားတာေတြ ရွိေနတယ္ေျပာ (႐ုပ္/သံ)

0
964

က်ိဳက္လတ္ၿမိဳ႕မွာ ေျမစာရင္းဦးစီးဌာနနဲ႔ စည္ပင္သာယာေရးအဖြဲ႕ေတြရဲ႕ အဂတိလိုက္စားမႈေတြ ျမင့္တက္ေနတဲ႔အေၾကာင္း ေတာင္သူေတြက သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ႔ပါတယ္ ။ ဒီသတင္းကို MCN ပုသိမ္ သတင္းေထာက္ ရဲေသြးနီကေပးပို႔ထားပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပံုခရိုင္က်ိဳက္လတ္ၿမိဳ႕မွာ ေအာက္ေျခဌာနဆိုင္ရာ ေျမစာရင္းဦးစီးဌာနနဲ ႔စည္ပင္သာယာေရးအဖြဲ႕တာဝန္ရွိသူေတြ အဂတိလိုက္စားမႈေတြရွိေနတာေၾကာင့္ နစ္နာသူေတြစုေပါင္းျပီး မတ္လ (၄) ရက္ေန႔က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ၾကတာပါ။ ဒီသတင္းစာရွင္းလင္းပြဲမွာ ျပည္ေထာင္စုအဆင့္နဲ႔ အထက္အဆင့္ဆင့္ကညႊန္ၾကားခ်က္ေတြအေပၚ ေအာက္ေျခဌာနဆိုင္ရာေတြက အာဏာအလြဲသံုးစားျပဳမႈေတြရွိေနတယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး လူ႔အခြင့္အေရးတက္ၾကြလွဳပ္ရွားသူမ်ားအဖြဲ႕ ဥကၠ႒ကေျပာပါတယ္ ။

အင္တာဗ်ဴး ဦးထြန္းထြန္းဦး ႕(ဥကၠ႒)
လူ႔အခြင့္အေရးတက္ၾကြလွဳပ္ရွားသူမ်ားအဖြဲ

ဒီပြဲမွာ ေျမယာပိုင္ဆိုင္မႈအျငင္းပြားမႈနဲ႔ပါတ္သက္လို႔ အစိုးရအဖြဲ႕ကို အေဆာက္အဦး ဆက္လက္မေဆာက္လုပ္ဖို႔နဲ႔ ျပန္လည္စိစစ္ေပးဖို႔ စာအႀကိမ္ႀကိမ္တင္ျပ ထားေပမယ့္ အခုအခါ အေဆာက္အဦးကို ဆက္လက္ေဆာက္လုပ္ေနျပီး ဘက္လ္ုက္ဆံုးျဖတ္ခ်က္ေတြ ရွိေနတယ္လို႔ ေဒသခံတစ္ဦးကေျပာပါတယ္ ။

အင္တာဗ်ဴး ဦးသိန္းေက်ာ္(ေဒသခံ)

အဲဒီ သတင္းစာရွင္းလင္းပြဲကို က်ိဳက္လတ္ျမိဳ႕ေဒသခံ ၃၀ နီးပါးတက္ေရာက္ခဲ႔ဲၾကျပီး သူတို႔ေတြရဲ႕ နစ္နာမႈေတြကို ရွင္းလင္းေျပာၾကား ခဲ့ၾကပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျိုက်လတ်မြို့မှာ မြေစာရင်းဦးစီးဌာနနဲ့ စည်ပင်သာယာရေးအဖွဲ့တွေရဲ့ အဂတိလိုက်စားမှုတွေ မြင့်တက်နေတဲ့အကြောင်း တောင်သူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီကပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်ကျိုက်လတ်မြို့မှာ အောက်ခြေဌာနဆိုင်ရာ မြေစာရင်းဦးစီးဌာနနဲ ့စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတွေ အဂတိလိုက်စားမှုတွေရှိနေတာကြောင့် နစ်နာသူတွေစုပေါင်းပြီး မတ်လ (၄) ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုအဆင့်နဲ့ အထက်အဆင့်ဆင့်ကညွှန်ကြားချက်တွေအပေါ် အောက်ခြေဌာနဆိုင်ရာတွေက အာဏာအလွဲသုံးစားပြုမှုတွေရှိနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌကပြောပါတယ် ။

အင်တာဗျူး ဦးထွန်းထွန်းဦး ့(ဥက္ကဋ္ဌ)
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ

ဒီပွဲမှာ မြေယာပိုင်ဆိုင်မှုအငြင်းပွားမှုနဲ့ပါတ်သက်လို့ အစိုးရအဖွဲ့ကို အဆောက်အဦး ဆက်လက်မဆောက်လုပ်ဖို့နဲ့ ပြန်လည်စိစစ်ပေးဖို့ စာအကြိမ်ကြိမ်တင်ပြ ထားပေမယ့် အခုအခါ အဆောက်အဦးကို ဆက်လက်ဆောက်လုပ်နေပြီး ဘက်လ်ုက်ဆုံးဖြတ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ် ။

အင်တာဗျူး ဦးသိန်းကျော်(ဒေသခံ)

အဲဒီ သတင်းစာရှင်းလင်းပွဲကို ကျိုက်လတ်မြို့ဒေသခံ ၃၀ နီးပါးတက်ရောက်ခဲဲ့ကြပြီး သူတို့တွေရဲ့ နစ်နာမှုတွေကို ရှင်းလင်းပြောကြား ခဲ့ကြပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)