အနည္းဆံုးလုပ္ခလစာ ၄၈၀၀ က်ပ္အျဖစ္ အတည္ျပဳသတ္မွတ္ (႐ုပ္/သံ)

0
921

အနည္းဆံုးလုပ္ခလစာကို အဆုိျပဳထားတဲ့အတုိင္း တစ္ေန႔ ၄၈၀၀ က်ပ္အျဖစ္ အနည္းဆံုး အခေၾကးေငြသတ္မွတ္ေရးဆုိင္ရာ အမ်ိဳးသားေကာ္မတီက သတ္မွတ္လိုက္ပါတယ္။ ဒီသတင္းကို MCN ေနျပည္ေတာ္ သတင္းေထာက္ ၿဖိဳးသက္ပိုင္ျမင့္ က ေပးပု႔ိထားပါတယ္။

၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၂၉ ရက္က အနည္းဆံုးအခေၾကးေငြသတ္မွတ္ေရးဆုိင္ရာ အမ်ိဳးသားေကာ္မတီက တစ္နာရီ ၆၀၀ က်ပ္၊ တစ္ေန႔ကို ၈ နာရီ ၄၈၀၀ က်ပ္အျဖစ္ အဆုိျပဳထားခဲ့တာပါ။ အဆိုျပဳျပီး ရက္ေပါင္း ၆၀ အတြင္း တိုင္းေဒသၾကီးနဲ႔ ျပည္နယ္ ၁၀ ခုက ကန္႔ကြက္လႊာေပါင္း ၄ ေထာင္ေက်ာ္အထိ ရရွိခဲ့ျပီး ေထာက္ခံတင္ျပလႊာ ၁၁ ခုသာ ရရွိခဲ့ပါတယ္။

မတ္လ ၅ ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ပဥၥမအၾကိမ္ေျမာက္ အနည္းဆံုးအခေၾကးေငြ သတ္မွတ္ေရးဆုိင္ရာ အမ်ိဳးသားေကာ္မတီအစည္းအေ၀းအတြင္းမွာ တစ္ေန႔လုပ္ခ ၄၈၀၀ က်ပ္ကို အတည္ျပဳလုိက္တာျဖစ္ပါတယ္။

Soundbite – ဦးသိန္းေဆြ ( ျပည္ေထာင္စု၀န္ၾကီး) အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး႒ာန

အဆိုျပဳႏႈန္းထား ၄၈၀၀ က်ပ္ကို အလုပ္ရွင္ေတြဘက္ကေရာ၊ အလုပ္သမားေတြ ဘက္ကပါ အဆင္မေျပႏိုင္တဲ့အေၾကာင္း ကန္႔ကြက္ေနၾကေပမယ့္ အစိုးရက ၾကား၀င္ညွိႏိႈင္းျပီး ေနာက္ဆံုးမွာ အခုလို အတည္ျပဳထားခဲ့တာ ျဖစ္ပါတယ္။ ဒီႏႈန္းထားဟာ အလုပ္သမားေတြအတြက္ ေက်နပ္ေလာက္တဲ့ ႏႈန္းထားမဟုတ္ေပမယ့္ အေျခအေနေပၚ ခ်ိန္ဆၿပီး စဥ္းစဥ္းစားစား တုံ႔ျပန္ၾကဖို႔နဲ႔ အလုပ္ရွင္ေတြအေနနဲ႔လည္း အစုိးရရဲ႕ ကတိက၀တ္ေတြကို ေစာင့္ၾကည့္ေပးၾကဖို႔ ျမန္မာႏိုင္ငံ စက္မႈလက္မႈ ၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမားသမဂၢမ်ား အဖြဲ႔ခ်ဳပ္က ေျပာပါတယ္။

Soundbite- ဦးေနာ္ေအာင္ (ဒုတိယ ဥကၠ႒)
ျမန္မာႏိုင္ငံစက္မႈလက္မႈ၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံုအလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္

အနည္းဆံုးအခေၾကးေငြသတ္မွတ္ေရးဆုိင္ရာ အမ်ိဳးသားေကာ္မတီက သတ္မွတ္လိုက္တဲ့ တစ္ေန႔လုပ္ခ ၄၈၀၀ က်ပ္ကို လာမယ့္ ႏွစ္ပတ္အတြင္း အစိုးရအဖြဲ႔ထံတင္ျပသြားမွာျဖစ္ျပီး အစိုးရအဖြဲ႔က အတည္ျပဳဆံုးျဖတ္ျပီး တရား၀င္ထုတ္ျပန္ေၾကညာသြားမွာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနည်းဆုံးလုပ်ခလစာကို အဆိုပြုထားတဲ့အတိုင်း တစ်နေ့ ၄၈၀ဝ ကျပ်အဖြစ် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက သတ်မှတ်လိုက်ပါတယ်။ ဒီသတင်းကို MCN နေပြည်တော် သတင်းထောက် ဖြိုးသက်ပိုင်မြင့် က ပေးပို့ထားပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက တစ်နာရီ ၆၀ဝ ကျပ်၊ တစ်နေ့ကို ၈ နာရီ ၄၈၀ဝ ကျပ်အဖြစ် အဆိုပြုထားခဲ့တာပါ။ အဆိုပြုပြီး ရက်ပေါင်း ၆၀ အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုက ကန့်ကွက်လွှာပေါင်း ၄ ထောင်ကျော်အထိ ရရှိခဲ့ပြီး ထောက်ခံတင်ပြလွှာ ၁၁ ခုသာ ရရှိခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပဉ္စမအကြိမ်မြောက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးအတွင်းမှာ တစ်နေ့လုပ်ခ ၄၈၀ဝ ကျပ်ကို အတည်ပြုလိုက်တာဖြစ်ပါတယ်။

Soundbite – ဦးသိန်းဆွေ ( ပြည်ထောင်စုဝန်ကြီး) အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန

အဆိုပြုနှုန်းထား ၄၈၀ဝ ကျပ်ကို အလုပ်ရှင်တွေဘက်ကရော၊ အလုပ်သမားတွေ ဘက်ကပါ အဆင်မပြေနိုင်တဲ့အကြောင်း ကန့်ကွက်နေကြပေမယ့် အစိုးရက ကြားဝင်ညှိနှိုင်းပြီး နောက်ဆုံးမှာ အခုလို အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။ ဒီနှုန်းထားဟာ အလုပ်သမားတွေအတွက် ကျေနပ်လောက်တဲ့ နှုန်းထားမဟုတ်ပေမယ့် အခြေအနေပေါ် ချိန်ဆပြီး စဉ်းစဉ်းစားစား တုံ့ပြန်ကြဖို့နဲ့ အလုပ်ရှင်တွေအနေနဲ့လည်း အစိုးရရဲ့ ကတိကဝတ်တွေကို စောင့်ကြည့်ပေးကြဖို့ မြန်မာနိုင်ငံ စက်မှုလက်မှု ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ပြောပါတယ်။

Soundbite- ဦးနော်အောင် (ဒုတိယ ဥက္ကဋ္ဌ)
မြန်မာနိုင်ငံစက်မှုလက်မှုဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက သတ်မှတ်လိုက်တဲ့ တစ်နေ့လုပ်ခ ၄၈၀ဝ ကျပ်ကို လာမယ့် နှစ်ပတ်အတွင်း အစိုးရအဖွဲ့ထံတင်ပြသွားမှာဖြစ်ပြီး အစိုးရအဖွဲ့က အတည်ပြုဆုံးဖြတ်ပြီး တရားဝင်ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)