R2P ကို လံုးဝလက္မခံႏုိင္ေၾကာင္း ရခုိင္အမ်ိဳးသားပါတီေျပာ (႐ုပ္/သံ)

0
916

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ဘဂၤါလီအေရးကိစၥနဲ႔ပတ္သက္ၿပီးေတာ့ Responsibility to Protect လို႔ေခၚတဲ့ R2P ဝင္ေရာက္ လာမွာကို လံုးဝလက္မခံႏုိင္ေၾကာင္း ရခုိင္အမ်ိဳးသားပါတီက ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္း ေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ ေျမာက္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့ ဘဂၤါလီအေရးျပႆနာမွာ R2P ဝင္ေရာက္လာႏုိင္ေၾကာင္း ေျပာဆိုေနၾက တာနဲ႔ပတ္သက္လို႔ မတ္လ ၄ ရက္ေန႔က စစ္ေတြၿမိဳ႕နယ္ ရခုိင္အမ်ိဳးသားပါတီမွာ အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ ေဆြးေႏြးမႈ တစ္ခုျပဳလုပ္ခဲ့ၾကပါတယ္။

ရခုိင္ျပည္နယ္ဟာ ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းေတြ ႐ွိေနတဲ့ေဒသတစ္ခုျဖစ္ၿပီး ဘဂၤါလီဒုကၡသည္အေရးကိစၥ ေျဖ႐ွင္းႏုိင္ ဖို႔အတြက္ ႏွစ္ႏုိင္ငံအစိုးရတို႔အၾကား ညွိႏႈိင္းေဆာင္႐ြက္မႈေတြ႐ွိေနတာေၾကာင့္ R2P အလြယ္တကူဝင္ေရာက္မလာႏုိင္ ေၾကာင္း ေဆြးေႏြးခဲ့ၾကပါတယ္။

အင္တာဗ်ဴး – ဦးထြန္းေအာင္ေက်ာ္ (အေထြေထြအတြင္းေရးမွဴး)
ရခိုင္အမ်ိဳးသားပါတီ

R2P ဝင္ေရာက္လာခဲ့ပါက ေမာင္ေတာေဒသအျပင္ ရခိုင္ျပည္နယ္ ေနရာအႏွံ႔အျပားမွာ စစ္မက္ဇုန္ေတြျဖစ္ပြားလာႏုိင္ၿပီး စစ္ေဘးစစ္ဒဏ္ေတြေၾကာင့္ ရခုိ္င္ျပည္သူေတြရဲ႕ လူမႈဘဝေတြပါ ေျပာင္းလဲထိခိုက္မႈေတြ႐ွိလာႏုိင္တာေၾကာင့္ R2P ဝင္ ေရာက္လာမွာကို ANP အေနနဲ႔လက္မခံႏုိင္ဘူးလို႔ ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။

အင္တာဗ်ဴး – ဦးထြန္းေအာင္ေက်ာ္ (အေထြေထြအတြင္းေရးမွဴး)
ရခိုင္အမ်ိဳးသားပါတီ

ဒါ့အျပင္ ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးက ျမန္မာႏုိင္ငံမွာ လူမ်ိဳးေရးသန္႔စင္မႈေတြ ျပဳလုပ္ေနတယ္ဆိုလို႔ ေျပာဆိုခ်က္အေပၚမွာ စိတ္မေကာင္းျဖစ္ရေၾကာင္းနဲ႔ ဒါဟာျမန္မာႏုိင္ငံရဲ႕ ျပည္တြင္းေရးျပႆနာျဖစ္တာေၾကာင့္ ႏုိင္ငံတကာအေနနဲ႔လည္း ၿငိမ္းခ်မ္းစြာေျဖ႐ွင္းႏုိင္ေရးအတြက္ သံတမံနည္းလမ္းအရသာ အကူအညီေပးသင့္ေၾကာင့္ ရခုိင္အမ်ိဳးသားပါတီက ေျပာဆိုထားပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂါလီအရေးကိစ္စနဲ့ပတ်သက်ပြီးတော့ Responsibility to Protect လို့ခေါ်တဲ့ R2P ဝင်ရောက် လာမှာကို လုံးဝလက်မခံနိုင်ကြောင်း ရခိုင်အမျိုးသားပါတီက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်း ထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ ဘင်္ဂါလီအရေးပြဿနာမှာ R2P ဝင်ရောက်လာနိုင်ကြောင်း ပြောဆိုနေကြ တာနဲ့ပတ်သက်လို့ မတ်လ ၄ ရက်နေ့က စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီမှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှု တစ်ခုပြုလုပ်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရှိနေတဲ့ဒေသတစ်ခုဖြစ်ပြီး ဘင်္ဂါလီဒုက္ခသည်အရေးကိစ္စ ဖြေရှင်းနိုင် ဖို့အတွက် နှစ်နိုင်ငံအစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်မှုတွေရှိနေတာကြောင့် R2P အလွယ်တကူဝင်ရောက်မလာနိုင် ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

အင်တာဗျူး – ဦးထွန်းအောင်ကျော် (အထွေထွေအတွင်းရေးမှူး)
ရခိုင်အမျိုးသားပါတီ

R2P ဝင်ရောက်လာခဲ့ပါက မောင်တောဒေသအပြင် ရခိုင်ပြည်နယ် နေရာအနှံ့အပြားမှာ စစ်မက်ဇုန်တွေဖြစ်ပွားလာနိုင်ပြီး စစ်ဘေးစစ်ဒဏ်တွေကြောင့် ရခိ်ုင်ပြည်သူတွေရဲ့ လူမှုဘဝတွေပါ ပြောင်းလဲထိခိုက်မှုတွေရှိလာနိုင်တာကြောင့် R2P ဝင် ရောက်လာမှာကို ANP အနေနဲ့လက်မခံနိုင်ဘူးလို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

အင်တာဗျူး – ဦးထွန်းအောင်ကျော် (အထွေထွေအတွင်းရေးမှူး)
ရခိုင်အမျိုးသားပါတီ

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက မြန်မာနိုင်ငံမှာ လူမျိုးရေးသန့်စင်မှုတွေ ပြုလုပ်နေတယ်ဆိုလို့ ပြောဆိုချက်အပေါ်မှာ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒါဟာမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာဖြစ်တာကြောင့် နိုင်ငံတကာအနေနဲ့လည်း ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် သံတမံနည်းလမ်းအရသာ အကူအညီပေးသင့်ကြောင့် ရခိုင်အမျိုးသားပါတီက ပြောဆိုထားပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)