မြေငှားဂရမ်တွေအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ငွေစိုက်ထုတ်ပေးနေရ (ရုပ်/သံ)

0
881






ပြည်မြို့နယ်မှာ ရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး ၂၀၁၇-၁၈ မှာမြေဌားဂရံ ၄၅၂၄ ခုထိရှိပြီး မြေဌားခ ၈၁ သိန်းကျော်ကောက်ခံရရှိထားပြီး ဂရံမရှိတဲ့  အိမ်ခြေ ၃ သောင်းကျော်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြေငှားဂရံအတွက် အခွန်ကာက်ခံရာမှာ ကျပ်သိန်းဂဏန်းနီးပါး ပြည်မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက အမြဲတမ်း စိုက်ထုတ်ပေးနေရတာကြောင့် အခက်ခဲတွေ့နေရပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် ဟန်ထူးဇော်က ပေးပို့ထားပါတယ် ။

ပဲခူးတိုင်း ပြည်မြို့နယ်က မြို့ပေါ်ရပ်ကွက်တွေမှာ အစိုးရမြေဌားခကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နှစ်စဉ်ကောက်ခံပေးနေရာက အခက်ခဲတွေရှိနေတာပါ ။ မြေဌားဂရံရှိတဲ့ မြေပိုင်ရှင်တွေက ဝယ်ထားပေမယ့် အဲ့ဒီနေရာမှာ မနေတာတွေ လက်ရှိနေထိုင်သူတွေက မြေဂရံအမည်ပေါက်မဟုတ်တာတွေကြောင့် မြေဌားခကောက်ခံရာမှာ အခက်ခဲတွေရှိပြီး လိုအပ်တဲ့ငွေတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက စိုက်ထုတ်ပေးနေရပါတယ် ။

Soundbite – ဦးဇော်လွင် (အုပ်ချုပ်ရေးမှူး) ခေတ္တရာရပ်ကွက်၊ပြည်မြို့
ရပ်ကျေးဥပဒေအရ မြေခွန်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကောက်ခံပေးရမယ်လို့ပြဌန်းထားပြီး မြေဌားခဈေးနှုန်းတွေက ကျပ်၁၀ဝ ကနေ သောင်းကျော်ပေးရတဲ့ မြေဂရံတွေရှိတဲ့အတွက် ၁နှစ်ကို ငွေ ၄ သိန်းကျော် ရပ်ကွက်တွေက စိုက်ပေးနေရတာပါ ။

Soundbite – ဦးစိုးတင့် (အုပ်ချုပ်ရေးမှူး) ပြည်သာယာရပ်ကွက် ၊ပြည်မြို့

ဂရံစထုတ်ပေးတဲ့အချိန်ကတည်းက ဆက်သွယ်ရမည့်လိပ်စာ ဖုန်းနံပါတ်တို့ကို ကောက်ခံထားမှ အဆင်ပြေနိုင်မှာဖြစ်ပြီး ဂရံအမည်ပေါက် မပြောင်းကျတာက အခွန်ငွေကြောင့်လို့ ပြည်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်အင်းဦးစီးဌာန တာဝန်ရှိသူကပြောပါတယ် ။

Soundbite – ဦးစောသီဟ ( ဦးစီးအရာရှိ) ပြည်မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာန
ပြည်မြို့နယ်မှာ ရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး ၂၀၁၇-၁၈ မှာမြေဌားဂရံ ၄၅၂၄ ခုထိရှိပြီး မြေဌားခ ၈၁ သိန်းကျော်ကောက်ခံရရှိထားပြီး ဂရံမရှိတဲ့ ့ အိမ်ခြေ ၃ သောင်းကျော်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)