ရခိုင်အရေး တာဝန်ရှိသူအားလုံး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေ (ရုပ်/သံ)
0
857
ရသေ့တောင်မဲဆန္ဒနယ်
ရသေ့တောင်မဲဆန္ဒနယ်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီအရေးကို ကိုင်တွယ်တဲ့အခါမှာ တပ်မတော်၊ အစိုးရ၊ လွှတ်တော်ကိ်ုယ်စားလှယ်တွေ နဲ့ ပြည်သူတွေအကြား တိုင်ပင်ဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်နေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။
ရခိုင်အရေးမှာ နိုင်ငံအတွင်းမှာနေထိုင်လို့ရတဲ့ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြပြီး ပြန်လည်ဝင် ရောက်လာတဲ့အခါမှာ မောင်တောဒေသကို ဘင်္ဂါလီနယ်မြေအဖြစ်သတ်မှတ်ပေးဖို့ လိုလားနေကြတာကြောင့် တပ်မတော်၊ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူတွေ အကြား တိုင်းပင်ဆွေးနွေးမှုတွေ လုပ်ဖို့လိုအပ်နေတာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ ပြသနာတွေကို အစိုးရတစ်ခုတည်းအနေနဲ့ ကိုင်တွယ်ဖြေရှင်းလို့မရနိုင်ကြောင်း ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
အင်တာဗျူး – ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ရသေ့တောင်မဲဆန္ဒနယ်
ဒါ့အပြင် အကြမ်းဖက်မှုတွေဟာ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတွေရဲ့ လူမှုဘဝပြန်လည် ရှင်သန်လာစေရေး အတွက် ရပ်ဆိုင်းထားကြရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ အခက်အခဲတွေ ရှိနေကြတာဖြစ်ပါတယ်။
အင်တာဗျူး – ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ရသေ့တောင်မဲဆန္ဒနယ်
လက်ရှိမှာ အစိုးရအနေနဲ့ မောင်တောဒေသပြန်လည်ထူထောင်ရေးအတွက် UEHRD လုပ်ငန်းစဉ်တွေကို အင်တိုက်အား တိုက် အကောင်အထည်ဖော် ဆောင်ရွက်နေပေမယ့် ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးတာပဲ ဖြစ်ပါတယ်ခင်ဗျာ။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)