သစ်ကြီးတောကျေးရွာ ပေါ့ဆမီး အိမ်ခြေ ၂၀၀ မီးလောင် (ရုပ်/သံ)

0
863







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှာ ပေါ့ဆမီးကြောင့် အိမ်ခြေ ၂၀ဝ နီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ် ။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး .မောင်ထက်.ကတင်ဆက်ပေးထားပါတယ် ။

မတ်လ ၃ ရက်နေ့ ညဦးပိုင်းက မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှာ မီးလောင်ကြွမ်းမှုဖြစ်ပွားခဲ့ပါတယ် ။ အဲ့ဒီမီးလောင်ကျွှမ်းမှုဟာ ပေါ့ဆမီးကြောင့်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အိမ်ခြေ ၂၀ဝ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ် ။

Soundbite – ဦးထွန်းနိုင် (မီးဘေးဒုက္ခသည်)

ဒီမီးလောင်ကျွမ်းမှုမှာ လူ ၉၀ဝ ကျော် မီးဘေးဒုက္ခသည်ဖြစ်ပွားခဲ့ပြီး အခုအခါ မီးဘေးဒုက္ခသည် တွေအနေနဲ့ ကျေးရွာမူလတန်းကျောင်းမှာ ယာယီနေထိုင်နေကြတာဖြစ်ပါတယ် ။ လက်ရှိအချိန်မှာ မီးဘေးဒုက္ခသည်တွေကို တပ်မတော်နဲ့ အရပ်ဘက်အဖွဲ့စည်းတွေက အစားသောက်တွေကို ကူညီပေးနေတာပါ ။

Soundbite – မယဉ်ယဉ်လင်း (မီးဘေးဒုက္ခသည်)

သစ်ကြီးတောကျေးရွာမှာ မီးလောင်မှုကို ရေစကြို ၊ မုံရွာ ၊ ပခန်းကြီး ၊ ပခုက္ကူ ၊ မအူ ၊ ဆားလင်းကြီး မြို့ အစရှိတဲ့ မြို့နယ်တွေက မီးသတ်ကားတွေလာရောက် ငြှိမ်းသတ်ပေးခဲ့ရပြီး ည ၈ နာရီကလောင်သောမီးဟာ နံနက် ၂ နာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)