ေရႊ႕ေျပာင္းအျခခ်သူေတြအတြက္ အင္းဒင္ေက်း႐ြာအနီးမွာ အစိုးရ ေက်း႐ြာသစ္ တည္ေဆာင္ေပးဖို႔ရွိ(႐ုပ္/သံ)

0
871

ေျပာင္းေ႐ႊ႕အေျခခ်ေနထိုင္လာသူေတြအတြက္ အင္းဒင္ေက်း႐ြာအနီးမွာ ျပည္နယ္အစိုးရက ေက်း႐ြာသစ္ တစ္႐ြာ တည္ေဆာက္ေပးသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အသီးသီးကေန ေမာင္ေတာၿမိဳ႕နယ္မွာ အေျခခ်ေနထိုင္ဖို႔အတြက္ ေျပာင္းေ႐ႊ႕လာၾကတဲ့သူေတြကို ရခုိင္ျပည္နယ္ အစိုးရရဲ႕အစီအစဥ္နဲ႔ ေက်း႐ြာသစ္တစ္႐ြာ တည္ေဆာက္ေပးသြားဖုိ႔႐ွိေနပါတယ္။

အဲဒီေက်း႐ြာကို ေမာင္ေတာၿမိိဳ႕နယ္ေတာင္ပိုင္းေဒသ အင္းဒင္ေက်း႐ြာရဲ႕ ေတာင္ဘက္ တစ္မုိင္ခန္႔အကြာ ေျမကြက္ေပၚမွာ တည္ေဆာက္ေပးသြားမွာျဖစ္ၿပီး အဲဒီအနီးမွာ ယာယီေနထိုင္ေနၾကသူေတြကို ေနရာခ် ေပးသြားမွာလည္းျဖစ္ပါတယ္။

Soundbite – ဦးေက်ာ္စိုးမိုး (အုပ္ခ်ဳပ္ေရးမွဴး) အင္းဒင္ေက်း႐ြာ

အင္းဒင္ေက်း႐ြာနဲ႔ သေဘၤာေကြ႔ေက်း႐ြာေတြမွာ ေနထိုင္ဖို႔ေရာက္႐ွိေနၾကသူေတြကို အစိုးရက တစ္စုတစ္စည္းတည္း ျဖစ္ေအာင္ ေက်း႐ြာသစ္တစ္႐ြာ တည္ေဆာက္သြားဖို႔ ျပဳလုပ္ေနတာပါ။ လက္႐ွိမွာေတာ့ အဲဒီလူေတြကို အင္းဒင္႐ြာ အနီးမွာပဲ ယာယီထား႐ွိၿပီး ေထာက္ပံ့မႈေတြ ျပဳလုပ္ေပးေနတာ ျဖစ္ပါတယ္။

Soundbite – ေဒၚပန္းယဥ္ဦး (ေျပာင္းေ႐ႊ႕အေျခခ်ေနထိုင္သူ)

ဒါ့အျပင္ အဲဒီလူေတြအတြက္ အစိုးရအစီအစဥ္နဲ႔ ေနအိမ္အလံုး ၁၀၀ ေဆာက္လုပ္ေပးသြားႏုိင္ေရး ေျမေနရာ အကြက္႐ိုက္မႈေတြ ျပဳလုပ္ေနၿပီး မၾကာခင္ ေနအိမ္ေတြကို စတင္ေဆာက္လုပ္ေတာ့မွာျဖစ္တယ္လို႔ အင္းဒင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္စိုးမိုးက ေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြောင်းရွှေ့အခြေချနေထိုင်လာသူတွေအတွက် အင်းဒင်ကျေးရွာအနီးမှာ ပြည်နယ်အစိုးရက ကျေးရွာသစ် တစ်ရွာ တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးကနေ မောင်တောမြို့နယ်မှာ အခြေချနေထိုင်ဖို့အတွက် ပြောင်းရွှေ့လာကြတဲ့သူတွေကို ရခိုင်ပြည်နယ် အစိုးရရဲ့အစီအစဉ်နဲ့ ကျေးရွာသစ်တစ်ရွာ တည်ဆောက်ပေးသွားဖို့ရှိနေပါတယ်။

အဲဒီကျေးရွာကို မောင်တောမြို့နယ်တောင်ပိုင်းဒေသ အင်းဒင်ကျေးရွာရဲ့ တောင်ဘက် တစ်မိုင်ခန့်အကွာ မြေကွက်ပေါ်မှာ တည်ဆောက်ပေးသွားမှာဖြစ်ပြီး အဲဒီအနီးမှာ ယာယီနေထိုင်နေကြသူတွေကို နေရာချ ပေးသွားမှာလည်းဖြစ်ပါတယ်။

Soundbite – ဦးကျော်စိုးမိုး (အုပ်ချုပ်ရေးမှူး) အင်းဒင်ကျေးရွာ

အင်းဒင်ကျေးရွာနဲ့ သင်္ဘောကွေ့ကျေးရွာတွေမှာ နေထိုင်ဖို့ရောက်ရှိနေကြသူတွေကို အစိုးရက တစ်စုတစ်စည်းတည်း ဖြစ်အောင် ကျေးရွာသစ်တစ်ရွာ တည်ဆောက်သွားဖို့ ပြုလုပ်နေတာပါ။ လက်ရှိမှာတော့ အဲဒီလူတွေကို အင်းဒင်ရွာ အနီးမှာပဲ ယာယီထားရှိပြီး ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

Soundbite – ဒေါ်ပန်းယဉ်ဦး (ပြောင်းရွှေ့အခြေချနေထိုင်သူ)

ဒါ့အပြင် အဲဒီလူတွေအတွက် အစိုးရအစီအစဉ်နဲ့ နေအိမ်အလုံး ၁၀ဝ ဆောက်လုပ်ပေးသွားနိုင်ရေး မြေနေရာ အကွက်ရိုက်မှုတွေ ပြုလုပ်နေပြီး မကြာခင် နေအိမ်တွေကို စတင်ဆောက်လုပ်တော့မှာဖြစ်တယ်လို့ အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)