နံ႔သာေတာင္ေက်း႐ြာ ပရဟိတေက်ာင္းအတြက္ ေထာက္ပံ့ကူညီမႈေတြေပး (႐ုပ္/သံ)

0
1673

နံ႔သာေတာင္ေက်း႐ြာ ပရဟိတေက်ာင္းအတြက္ ေထာက္ပံ့ကူညီမႈေတြနဲ႔ ေက်ာင္းသားေတြကို စိတ္ဓါတ္ျမွင့္တင္မႈဆိုင္ရာ ေဖ်ာ္ေျဖမႈေတြျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္ေန႔ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းေဒသအၾကမ္းဖက္မႈျဖစ္စဥ္ေၾကာင့္ ပ်က္စီးသြားခဲ့တဲ့ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းက နံံ႔သာေတာင္ေက်း႐ြာ ပရဟိတေက်ာင္းအတြက္ ေထာက္ပံ့ကူညီမႈေတြန႔ဲ ေက်ာင္း သူ/သားေတြကို စိတ္ဓါတ္ျမွင့္တင္မႈဆိုင္ရာ ေဖ်ာ္ေျဖမႈေတြကိုျပဳလုပ္ခဲ့ပါတယ္။

အဲဒီေဖ်ာ္ေျဖေရးနဲ႔ ေထာက္ပံ့ကူညီမႈကို ရကၡိတစြမ္းအား ပရဟိတအသင္းက ျပဳလုပ္ေပးခဲ့တာျဖစ္ၿပီး ေမာင္ေတာအၾကမ္းဖက္မႈျဖစ္စဥ္အတြင္း ၇ ႀကိမ္ေျမာက္ ေထာက္ပံ့ကူညီေပးအပ္ျခင္းျဖစ္ကာ ေဒသခံေတြရဲ႕ စိတ္ဓါတ္ခြန္အားေတြ ျမင့္မားလာေစဖို႔အတြက္ရည္႐ြယ္လုပ္ေဆာင္ခဲ႔တာပါ ။

အင္တာဗ်ဴး – ဦးဝင္းေမာင္ေမာင္က (နာယက)
ရကၡိတစြမ္းအား ပရဟိတအဖြဲ႔

န႔ံသာေတာင္ ပရဟိတေက်ာင္းမွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသူေက်ာင္းသား ၄၀၀ ခန္႔႐ွိၿပီး လက္႐ွိမွာ အဲဒီေက်ာင္းသားေတြအေနနဲ႔ ေမာင္ေတာၿမိဳ႕ေပၚက ၿမိဳ႕မဘုန္းေတာ္ႀကီးေက်ာင္း ဓမၼာ႐ံုနဲ႔ ဘုရားသိမ္ေတြမွာ ပညာသင္ၾကားေနၾကရတာေၾကာင့္ အခက္အခဲေတြ႐ွိေနၾကပါတယ္ ။

အင္တာဗ်ဴး – ေမာင္သန္းစိုး (နဝမတန္းေက်ာင္းသား)
နံ႔သာေတာင္ပရဟိတေက်ာင္း

ရကၡိတစြမ္းအား ပရဟိတအသင္းအေနနဲ႔ ထုိင္းႏုိင္ငံလုပ္ စားေသာက္ကုန္ေတြ၊ ၿခံဳေစာင္ေတြနဲ႔ အထည္အလိပ္ေတြကို ေက်ာင္းသားေတြနဲ႔ နယ္စပ္ေဒသ တေလွ်ာက္မွာ လံုၿခံဳေရးတာဝန္ထမ္းေဆာင္ေနၾကတဲ့ ႏိုင္ငံဝန္ထမ္းေတြအတြက္လည္း ေပးအပ္လွဴဒါန္းခဲ႔ပါတယ္ ။ ဒီေဖ်ာ္ေျဖပြဲမွာ ရခိုင္ျပည္နယ္အတြင္းက ေတးသံ႐ွင္ေတြအျပင္ ႐ုပ္႐ွင္သ႐ုပ္ေဆာင္ မင္းရာဇာနဲ႔ ဖူးစံုတုိ႔က ေဖ်ာ္ေျဖမႈေတြ ျပဳလုပ္ေပးခဲ့ၾက တာလည္းျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နံ့သာတောင်ကျေးရွာ ပရဟိတကျောင်းအတွက် ထောက်ပံ့ကူညီမှုတွေနဲ့ ကျောင်းသားတွေကို စိတ်ဓါတ်မြှင့်တင်မှုဆိုင်ရာ ဖျော်ဖြေမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားခဲ့တဲ့ မောင်တောမြို့နယ် မြောက်ပိုင်းက နံ့သာတောင်ကျေးရွာ ပရဟိတကျောင်းအတွက် ထောက်ပံ့ကူညီမှုတွေနဲ့ ကျောင်း သူ/သားတွေကို စိတ်ဓါတ်မြှင့်တင်မှုဆိုင်ရာ ဖျော်ဖြေမှုတွေကိုပြုလုပ်ခဲ့ပါတယ်။

အဲဒီဖျော်ဖြေရေးနဲ့ ထောက်ပံ့ကူညီမှုကို ရက္ခိတစွမ်းအား ပရဟိတအသင်းက ပြုလုပ်ပေးခဲ့တာဖြစ်ပြီး မောင်တောအကြမ်းဖက်မှုဖြစ်စဉ်အတွင်း ၇ ကြိမ်မြောက် ထောက်ပံ့ကူညီပေးအပ်ခြင်းဖြစ်ကာ ဒေသခံတွေရဲ့ စိတ်ဓါတ်ခွန်အားတွေ မြင့်မားလာစေဖို့အတွက်ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ ။

အင်တာဗျူး – ဦးဝင်းမောင်မောင်က (နာယက)
ရက္ခိတစွမ်းအား ပရဟိတအဖွဲ့

နံ့သာတောင် ပရဟိတကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား ၄၀ဝ ခန့်ရှိပြီး လက်ရှိမှာ အဲဒီကျောင်းသားတွေအနေနဲ့ မောင်တောမြို့ပေါ်က မြို့မဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနဲ့ ဘုရားသိမ်တွေမှာ ပညာသင်ကြားနေကြရတာကြောင့် အခက်အခဲတွေရှိနေကြပါတယ် ။

အင်တာဗျူး – မောင်သန်းစိုး (နဝမတန်းကျောင်းသား)
နံ့သာတောင်ပရဟိတကျောင်း

ရက္ခိတစွမ်းအား ပရဟိတအသင်းအနေနဲ့ ထိုင်းနိုင်ငံလုပ် စားသောက်ကုန်တွေ၊ ခြုံစောင်တွေနဲ့ အထည်အလိပ်တွေကို ကျောင်းသားတွေနဲ့ နယ်စပ်ဒေသ တလျှောက်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းတွေအတွက်လည်း ပေးအပ်လှူဒါန်းခဲ့ပါတယ် ။ ဒီဖျော်ဖြေပွဲမှာ ရခိုင်ပြည်နယ်အတွင်းက တေးသံရှင်တွေအပြင် ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနဲ့ ဖူးစုံတို့က ဖျော်ဖြေမှုတွေ ပြုလုပ်ပေးခဲ့ကြ တာလည်းဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)