ရခိုင္အေရး ျပည္နယ္လံုးဆိုင္ရာ အစည္းအေ၀းလုပ္မယ္ (႐ုပ္/သံ)

0
1751

ေမာင္ေတာေတာင္ပိုင္းကိစၥနဲ႔ ေျမာက္ဦးျဖစ္စဥ္ေတြအတြက္ ရခိုင္ျပည္သူေတြရဲ႕ သေဘာထား ဆံုးျဖတ္ခ်က္ေတြကို ရ႐ွိလာေအာင္ ျပည္နယ္လံုးဆိုင္ရာ အစည္းအေဝးတစ္ရပ္ကို က်င္းပျပဳလုပ္သြားဖုိရွိေနပါတယ္ ။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပုိင္းမွာ ျဖစ္ပြားေနတဲ့ ကိစၥရပ္ေတြနဲ႔ပတ္သက္ၿပီး စစ္ေတြၿမိဳ႕နယ္ လူမႈအဖြဲ႔အစည္းမ်ား ကိုယ္စားျပဳေကာ္မတီက အစည္းအေဝးကို ေဖဖ၀ါရီလ ၅ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ပါတယ္။

ဒီအစည္းအေ၀းကေန ဘဂၤဂါလီေတြျပန္လည္လက္ခံေရးကိစၥရပ္ေတြနဲ႔ ေျမာက္ဦးျဖစ္စဥ္ေတြမွာ ရခိုင္ျပည္သူေတြရဲ႕ သေဘာထား ဆံုးျဖတ္ခ်က္ေတြကို ရ႐ွိလာေအာင္ ျပည္နယ္လံုးဆိုင္ရာ အစည္းအေဝးတစ္ရပ္ကို က်င္းပျပဳလုပ္သြားဖုိ႔ ဆံုးျဖတ္ခဲ့ၾက တာပါ ။

Soundbite – ဦးစိုးႏုိင္ (ေျပာေရးဆိုခြင့္႐ွိသူ)
စစ္ေတြၿမိဳ႕နယ္ လူမႈအဖြဲ႔အစည္းမ်ားကိုယ္စားျပဳေကာ္မတီ

ရခုိင္ျပည္နယ္လံုးဆိုင္ရာ လူမႈအဖြဲ႔အစည္းမ်ားအစည္းအေဝးကို မၾကာခင္မွာက်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး အဲဒီအစည္းအဝးရဲ႕ ဆံုးျဖတ္ခ်က္ေတြကို လူထုအစည္းအေဝးတစ္ရပ္ေခၚယူၿပီးေတာ့ ျပည္သူေတြရဲ႕သေဘာထားေတြကို ထင္ဟတ္လာေအာင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားၾကမွာ ျဖစ္ပါတယ္။

Soundbite – ဦးစိုးႏုိင္ (ေျပာေရးဆိုခြင့္႐ွိသူ)
စစ္ေတြၿမိဳ႕နယ္ လူမႈအဖြဲ႔အစည္းမ်ားကိုယ္စားျပဳ ေကာ္မတီ

ေျမာက္ဦးျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ ျပည္ေထာင္စုအစိုးရကဖြ႔႔ဲ႔စည္းလိုက္တဲ့ ေကာ္မ႐ွင္ဟာ ဌာနဆိုင္ရာေတြရဲ႕ အသံေတြ ကိုသာ ဦးစားေပးေဆာင္႐ြက္ေနတဲ့ ေကာ္မ႐ွင္ျဖစ္တာေၾကာင့္ ျပည္သူေတြရဲ႕အသံေတြကို ထုတ္ေဖာ္ျပသႏုိင္ဖုိ႔အတြက္ လူူမႈအဖြဲ႔အစည္းေတြအေနနဲ႔ အခုလိုဝင္ပါရတာျဖစ္တယ္လို႔ စစ္ေတြၿမိဳ႕နယ္ လူမႈအဖြဲ႔အစည္းမ်ား ကိုယ္စားျပဳေကာ္မတီက ေျပဆိုထားပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောတောင်ပိုင်းကိစ္စနဲ့ မြောက်ဦးဖြစ်စဉ်တွေအတွက် ရခိုင်ပြည်သူတွေရဲ့ သဘောထား ဆုံးဖြတ်ချက်တွေကို ရရှိလာအောင် ပြည်နယ်လုံးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်သွားဖိုရှိနေပါတယ် ။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက အစည်းအဝေးကို ဖေဖဝါရီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးကနေ ဘင်္ဂဂါလီတွေပြန်လည်လက်ခံရေးကိစ္စရပ်တွေနဲ့ မြောက်ဦးဖြစ်စဉ်တွေမှာ ရခိုင်ပြည်သူတွေရဲ့ သဘောထား ဆုံးဖြတ်ချက်တွေကို ရရှိလာအောင် ပြည်နယ်လုံးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့ကြ တာပါ ။

Soundbite – ဦးစိုးနိုင် (ပြောရေးဆိုခွင့်ရှိသူ)
စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီ

ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများအစည်းအဝေးကို မကြာခင်မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အဲဒီအစည်းအဝးရဲ့ ဆုံးဖြတ်ချက်တွေကို လူထုအစည်းအဝေးတစ်ရပ်ခေါ်ယူပြီးတော့ ပြည်သူတွေရဲ့သဘောထားတွေကို ထင်ဟတ်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

Soundbite – ဦးစိုးနိုင် (ပြောရေးဆိုခွင့်ရှိသူ)
စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများကိုယ်စားပြု ကော်မတီ

မြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုအစိုးရကဖွဲ့့စည်းလိုက်တဲ့ ကော်မရှင်ဟာ ဌာနဆိုင်ရာတွေရဲ့ အသံတွေ ကိုသာ ဦးစားပေးဆောင်ရွက်နေတဲ့ ကော်မရှင်ဖြစ်တာကြောင့် ပြည်သူတွေရဲ့အသံတွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ အခုလိုဝင်ပါရတာဖြစ်တယ်လို့ စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက ပြေဆိုထားပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)